ပင်လောင်းမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၇၇ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်၊ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

 

နေပြည်တော်   အောက်တိုဘာ   ၂၃


ရှမ်းပြည်နယ်(တောင်ပိုင်း)     ပင်လောင်း မြို့နယ်တွင်  ငွေကျပ် ၁  ဒသမ  ၇၇   ဘီလီယံ ကျော် တန်ဖိုးရှိ  မူးယစ်ဆေးဝါးများ ဖမ်းဆီး ရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

 


မူးယစ်ဆေးဝါး   တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ      တပ်ဖွဲ့ဝင်များ      ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ   ၂၂  ရက်   နံနက် ၇  နာရီတွင်    ရှမ်းပြည်နယ် (တောင် ပိုင်း)   ပင်လောင်းမြို့နယ်    တောင်ကြီး-ညောင်ရွှေ-ပင်လောင်းသွား    ကားလမ်း တွင်  ညောင်ရွှေဘက်မှ    ပင်လောင်းဘက်သို့  စည်သူဝင်း(၃၀ နှစ်) မောင်းနှင်၍ ခင်မောင် ဝင်း (၃၃ နှစ်) လိုက်ပါလာသည့်  NISSAN LIGHT TRUCK မော်တော်ယာဉ်ကို သတင်း အရ ရှာဖွေရာ ဒေသကာလတန်ဖိုး ငွေကျပ်   ၁ ဒသမ ၇၇ ဘီလီယံကျော် တန်ဖိုးရှိ  အိုက်စ် (မက်သ်အဖက်တမင်း) ၆၆ ကီလို၊ ဘိန်းဖြူ ဘလောက်တုံး ၅၀၊ အလေးချိန် ၁၇ ဒသမ ၅ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၆ ဒသမ ၅ သိန်းတို့    သိမ်းဆည်းရမိခဲ့ပြီး   စစ်ဆေး ပေါ်ပေါက်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွ ရူးသွပ်ဆေးပြားများကို         ရှမ်းပြည်နယ် (တောင်ပိုင်း) မှ      ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း  သိရှိရသဖြင့်   ၎င်းတို့အား    ဥပဒေအရ    အရေးယူထားရှိ ပြီး   ကွင်းဆက်    ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး     ဖော်ထုတ်လျက်ရှိ ကြောင်း သိရသည်။                      

သတင်းစဉ်