ပင်လောင်းမြို့နယ်တွင် ငွေကျပ်သိန်း ၇၂၅၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းမိ

 

နေပြည်တော်  အောက်တိုဘာ ၂၉ 


ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်း   မြို့နယ်တွင် ငွေကျပ်သိန်း ၇၂၅၀ တန်ဖိုး ရှိ စိတ်ကြွရူးသွပ်ဆေးပြား များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ  သိရ သည်။

 


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည်   အောက်တိုဘာ ၂၈ ရက် နံနက် ၈ နာရီတွင် ပင်လောင်းမြို့နယ် ထိန်ပင် ကျေးရွာအုပ်စု  ပင်လောင်း-နေပြည်တော်သွားကားလမ်း၊ လိန်းလီကြိုးတံတား  အနီး တွင် ပင်လောင်းမှ     ပေါင်း လောင်းသို့   မောင်ဝမ်း(ခ)တဝမ်း(၂၈နှစ်) မောင်းနှင်ပြီး ခွန်ထွန်းလှိုင်(၂၉နှစ်)၊   စိုင်း ကျော်ရင်(၂၆နှစ်)တို့လိုက်ပါ လာသည့်   မော်တော်ယာဉ် ကိုရှာဖွေရာ    ဒေသကာလ တန်ဖိုးငွေကျပ်သိန်း ၇၂၅၀ တန်ဖိုးရှိ    စိတ်ကြွရူးသွပ် ဆေးပြား   ၁၄  ဒသမ  ၅ သိန်း  ဖမ်းဆီးရမိခဲ့ကြောင်း စစ်ဆေးဖော်ထုတ်ချက်များ အရ သိမ်းဆည်းရမိ စိတ်ကြွ ရူးသွပ်ဆေးပြားများကို ရှမ်း ပြည်နယ်(တောင်ပိုင်း)မှ မွန် ပြည်နယ်သို့    သယ်ဆောင် ခြင်းဖြစ်ကြောင်း    သိရှိရ သဖြင့် ၎င်းတို့အား    ဥပဒေ အရ     အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု   ကျူးလွန် သူများအား     ဆက်လက် စစ်ဆေး ဖော်ထုတ်လျက်ရှိ ကြောင်းသိရသည်။

သတင်းစဉ်