ပြင်သစ်ဘောလုံးလက်ရွေးစင် လူးကပ် ဟာနန်ဒက်ဇ် ထောင်ဒဏ်နှင့်ရင်ဆိုင်နေရ

 

ပြင်သစ်လက်ရွေးစင်ဖြစ်သူ  လူးကပ်  ဟာနန်ဒက်ဇ်မှာ တားမြစ်မိန့်ကို  ချိုးဖောက်ခဲ့သည့်အတွက်   ထောင်ဒဏ်နှင့် ရင်ဆိုင်နေရသည်။ ၎င်းကိုကန့်သတ်ထားသည့်အမိန့်ကို ချိုးဖောက်ခဲ့သည့်အတွက် စပိန် တရားရုံးမှ   ထောင်ဒဏ်ကျခံရန် အမိန့်ထုတ်ခဲ့သည်။ 

 


ဟာနန်ဒက်ဇ်မှာ ၂၀၁၇ ဖေဖော်ဝါရီလအတွင်း ၎င်း၏ ချစ်သူမိန်းကလေးကို ကိုယ်ထိလက်ရောက်ထိခိုက်စေခဲ့သည်ဟုစွပ်စွဲချက်ဖြင့် ဖမ်းဆီးခံခဲ့ရသည်။ အိမ်တွင်းအကြမ်းဖက်မှုဖြင့် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ ထို့နောက်တရားသူကြီးက နှစ်ဦးစလုံးကို ကန့်သတ်မိန့်ချမှတ်ခဲ့သည်။ ယင်းနောက်ပိုင်းတွင် အမေရိကန်ပြည်ထောင်စုကို ခရီးထွက်ခြင်းဖြင့်  တားမြစ်မိန့်ကို  ချိုးဖောက်ခဲ့သည်။ ယခုအခါ ၎င်းမှာ မက်ဒရစ်တရားရုံး၌  အောက်တိုဘာ ၁၉ ရက်တွင်  အမှုရင်ဆိုင်ရမည်ဖြစ်ပြီး  ထောင်ဒဏ်ခြောက်လ ကျခံရမည့်အရေးနှင့် ရင်ဆိုင်နေသည်။ 

အောင် - ရေးသားသည်