ပြင်ဦးလွင်မြို့နယ်၌ ငွေကျပ် ၂ ဒသမ ၃ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော်  ဇန်နဝါရီ   ၂၇


ပြင်ဦးလွင်မြို့နယ်၌ ငွေကျပ် ၂ ဒသမ ၃ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 


ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  ဇန်န ဝါရီ ၂၄ ရက် ည ၉ နာရီတွင်    ပြင်ဦးလွင်မြို့နယ် ရေငယ်လမ်းဆုံမြို့ရှောင်လမ်းတွင် ရေတံခွန်လမ်းမှ ပြင်ဦးလွင်မြို့ရှောင်လမ်းဘက်သို့         ဇော်ဌေး(ခ)အာကြီး မောင်းနှင်လာသည့် NISSAN DIESEL ၁၂ ဘီး မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းဖြူ ၃၇ ဒသမ ၆၂ ကီလိုနှင့်   စိတ်ကြွရူးသွပ် ဆေးပြား ၂ ဒသမ ၂၈ သိန်း  သိမ်းဆည်းရမိခဲ့ပြီး သတင်းကွင်းဆက်အရ ၂၅ ရက်ညနေ ၃ နာရီတွင် ပြင်ဦးလွင်-မန္တလေးသွားကားလမ်း      မိုင်တိုင် အမှတ်(၂၂/၀)အနီးတွင် FUSO ၁၂ ဘီး မော်တော်ယာဉ် အား စစ်ဆေးရှာဖွေရာ ယာဉ်မောင်းအား တွေ့ရှိခြင်း မရှိဘဲ ယာဉ်ပေါ်မှ ဘိန်းဖြူ ၄၂ ဒသမ ၉ ကီလို ထပ်မံ သိမ်းဆည်းရမိခဲ့သဖြင့် ဒေသကာလတန်ဖိုးငွေကျပ် ၂ ဒသမ ၃ ဘီလီယံကျော် တန်ဖိုးရှိ စုစုပေါင်း ဘိန်းဖြူ ၈၀ ဒသမ ၅၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၂၈ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ် ချက်အရ သိမ်းဆည်းရမိ   မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီး သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း     သိရှိရသဖြင့် ၎င်းအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား       ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။  

သတင်းစဉ်