ပြင်ဦးလွင်မြို့နယ်၌ ငွေကျပ်သိန်း ၈၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော်   ဇန်နဝါရီ   ၁၃  


ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ် သိန်း   ၈၀၀၀   ကျော်  တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ ကြောင်း    မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 


မူးယစ်ဆေးဝါး     တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၁ ရက် ညနေ ၄ နာရီက မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် မြို့နယ် မိုးကြိုးပူးပေါင်းစစ်ဆေး ရေးစခန်းတွင်       ရှမ်းပြည်နယ် (မြောက်ပိုင်း) မှ စစ်ကိုင်းတိုင်း ဒေသကြီးသို့           ကျော်စံမင်း       မောင်းနှင်ပြီး     ဇော်မင်းဦးနှင့်    အောင်ဗလတို့ လိုက်ပါလာသည့်       NISSAN ၁၀ ဘီး မော်တော်ယာဉ်ကို သတင်း အရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုး    ငွေကျပ် သိန်း   ၈၀၀၀   ကျော်  တန်ဖိုးရှိ ဘိန်းဖြူ   ၃၀  ဒသမ ၈ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၂၈၀၀  သိမ်းဆည်းရမိခဲ့ပြီး     ကွင်းဆက် ဖော်ထုတ်ချက်အရ     ဇန်နဝါရီ  ၁၂    ရက်    နံနက်   ၇  နာရီခွဲတွင်     မန္တလေးမြို့ (၁၆)  မိုင်  စစ်ဆေး ရေးဂိတ်၌   မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် ဦးစီးသယ် ဆောင်သူများ     ဖြစ်ကြသည့် အောင်နိုင်နှင့် ဖိုးဇော် တို့ နှစ်ဦး အား    SURF   မော်တော်ယာဉ် တစ်စီးနှင့်အတူ         ဆက်လက် ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့ ငါးဦး ကို ဥပဒေအရ အရေးယူထားရှိပြီး  ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်  လျက်ရှိကြောင်း သိရသည်။  

 


သတင်းစဉ်