ပညာရေးအကြမ်းဖက်မှုများ ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းရှုတ်ချ

 

နိုင်ငံတစ်ဝန်းလုံး၌    ကျောင်းအပ်နှံရေးသီတင်းပတ်အတွင်း အခြေခံပညာကျောင်းသား   ကျောင်းသူ    ၅၆   သိန်းကျော်တို့ ကျောင်းအပ်နှံခဲ့ကြပြီးနောက် ပြီးခဲ့သည့်  ဇွန်လ  ၂  ရက်နေ့မှ စတင်ကာ အခြေခံပညာကျောင်းများ ဖွင့်လှစ်၍ ပညာသင်ကြား နေကြပြီဖြစ်သည်။ သို့ရာတွင် မိဘများက မိမိတို့၏ သားသမီး များကို  ကျောင်းအပ်နှံလိုကြပြီး  ကျောင်းသူကျောင်းသားများ ကလည်း ကျောင်းတက်လိုပါလျက်၊ ဆရာ ဆရာမများကလည်း သင်ကြားပေးလိုပါလျက်နှင့် ကျောင်းမဖွင့်နိုင်သေးသည့်  ဒေသ များ ရှိနေကြသည်။ ထို့အပြင် ကျောင်းများကို ဗုံးခွဲ၊ မိုင်းခွဲ၊ မီးရှို့ တိုက်ခိုက်မှုများ၊ ဒရုန်းယာဉ်ဖြင့် ဗုံးချတိုက်ခိုက်မှု၊ ကျောင်းသုံး စာအုပ်များကို ဖျက်ဆီးမှု၊ လုယက်မှု၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများကို အကြမ်းဖက်သတ်ဖြတ်မှု၊ ခြိမ်းခြောက်နှောင့်ယှက် မှု၊ ကျောင်းသူကျောင်းသားနှင့် မိဘများကို ခြိမ်းခြောက်မှု စသည် တို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အမည်ခံ အကြမ်းဖက်အဖွဲ့များ က   ပိုမိုတိုးမြှင့်   လုပ်ဆောင်လာသည်ကိုလည်း    တွေ့ရသည်။ ကျောင်းများ မဖွင့်နိုင်ခြင်း၊ ကျောင်းသူကျောင်းသား ကလေးငယ် များ  ပညာသင်ကြားခွင့်   ဆုံးရှုံးရခြင်းတို့က  လက်ရှိအစိုးရကို ဘာမှမထိခိုက်နိုင်သော်လည်း ကလေးငယ်များ၏ အနာဂတ်နှင့် နိုင်ငံ၏အနာဂတ်ကို များစွာထိခိုက်နစ်နာစေနိုင်သည်။

 


နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ် လူသားအရင်း အမြစ်များကို စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရန်လိုအပ်သည်။ တရားဝင် ကောက်ယူရရှိထားသည့် စာရင်းဇယားများအရ မိမိတို့ နိုင်ငံ၏ ပညာရေးမှာ  အားနည်းနိမ့်ကျနေသည်။  ပညာတတ် လူသားအရင်းအမြစ် လွန်စွာနည်းပါးနေသည့် အခြေအနေဖြစ်ရာ ကျောင်းနေအရွယ်   ကလေးအားလုံး    ပညာသင်ကြားနိုင်ရေး၊ အနည်းဆုံး  အခြေခံပညာအလယ်တန်း  အောင်မြင်သည်အထိ သင်ကြားနိုင်ရေးအတွက် မဖြစ်မနေ ဆောင်ရွက်ပေးရန် လိုအပ် နေသည်။ အခြေခံပညာအလယ်တန်းအောင်မြင်ပြီးသည့် ကလေး တစ်ဦးအနေဖြင့်      အတန်းပညာ     ဆက်လက်သင်ယူလိုသည် ဖြစ်စေ၊ အသက်မွေးဝမ်းကျောင်း အတတ်ပညာသင်ယူလိုသည် ဖြစ်စေ အရည်အသွေးပြည့်ဝစွာဖြင့် သင်ယူနိုင်သည့်အနေအထား တွင် ရှိနေမည်ဖြစ်ပြီး မိမိသင်ယူလိုသည့် ပညာရေးလမ်းကြောင်း ကို ရွေးချယ်သွားနိုင်ပြီဖြစ်သည်။

 


ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပညာသင်ကြားမှုများ ရပ်တန့် ထားခဲ့ရသည့် အခြေအနေမှ ကပ်ရောဂါကို ထိန်းချုပ်လာနိုင်သည့် အချိန်တွင် နိုင်ငံတော်အစိုးရက ကျောင်းများပြန်လည်ဖွင့်လှစ် ပေးပြီး ပညာသင်ကြားနိုင်ရန် ဆောင်ရွက်ပေးသည်ကို ဆန့်ကျင် ၍ ပြည်တွင်းပြည်ပ အကြမ်းဖက်အုပ်စုများက နည်းအမျိုးမျိုးဖြင့် နှောင့်ယှက်၊ ခြိမ်းခြောက်၊ သတ်ဖြတ်၊ ဖျက်ဆီးနေကြသည်များမှာ ကလေးများအတွက် ပညာသင်ကြားခွင့် အခွင့်အရေးကို ပိတ်ပင် ဖျက်ဆီးခြင်းဖြစ်ပြီး    စာသင်ကျောင်းနှင့်   ဆရာ  ဆရာမ၊  ကျောင်းသားကျောင်းသူများကို ပစ်မှတ်ထား၍ တိုက်ခိုက်နေခြင်း များကလည်း စစ်ရာဇဝတ်မှုကို ကျူးလွန်နေခြင်းပင်ဖြစ်သည်။ အကြမ်းဖက်မှုများကြောင့် ပညာရေးဝန်ထမ်းများ အသက်ဆုံးရှုံး ရခြင်း၊     ကျောင်းသုံးစာအုပ်များ၊   ကျောင်းအဆောက်အအုံ များ   ပျက်စီးရခြင်းစသည့်     အနိဋ္ဌာရုံမြင်ကွင်းများမှာလည်း စိတ်မချမ်းမြေ့ဖွယ်ရာဖြစ်သည်။

 


ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့သည့် အကြမ်းဖက်သမား များကို ၎င်းတို့ ကျူးလွန်ခဲ့သည့် ပြစ်မှုများနှင့်ညီသော ပြစ်ဒဏ် အသီးသီးကို   ချမှတ်ခဲ့စဉ်က  အသံထွက်ကန့်ကွက်ခဲ့ကြသော နှုတ်များမှာ   အကြမ်းဖက်သမားတို့က   မြန်မာ့ပညာရေးကို အကြမ်းနည်းပေါင်းစုံဖြင့် တိုက်ခိုက်ဖျက်ဆီးနေကြချိန်တွင်မူ အသံတိတ်နည်းဖြင့်    အားပေးနေကြသယောင်ပင်  ဖြစ်သည်။

 

နိုင်ငံအတွက်ဖြစ်စေ၊ ကျောင်းသူကျောင်းသားတို့အတွက်ဖြစ်စေ ပညာသင်ကြားမှုသည် ရပ်တန့်ထား၍ ရစကောင်းသည်မဟုတ် သည့်အပြင်    နိုင်ငံရေးအလိုလောဘအတွက်     ရင်သွေးတို့၏ အနာဂတ်ကို   ချနင်း၍   လျှောက်လှမ်းသင့်သည်   မဟုတ်ပါ ကြောင်း။          ။