ပညာရေးကဏ္ဍအပေါ်အကြမ်းဖက်မှုများ ပြည်သူအားဖြင့် ဝိုင်းဝန်းတိုက်ဖျက်

 

PDF အမည်ခံအကြမ်းဖက်သမားများက ကလေးတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဆရာ ဆရာမများ၊ ပညာရေး ဆိုင်ရာဝန်ထမ်းများနှင့်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား ကျောင်းသူများကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်က အတင်း အဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းနှင့်စပ်လျဉ်း၍ ပြည်တွင်းရှိ အဖွဲ့အစည်းအသီးသီးတို့က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားများထုတ်ပြန်ခဲ့ကြသည်။ ယခုတစ်ဖန် ဖေဖော်ဝါရီ ၂၈ ရက် နေ့လယ်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ် မြို့နယ်၊ ထားဝယ်နည်းပညာတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်အောင် အပါအဝင် သုံးဦးတို့ကို PDF အမည်ခံ အကြမ်းဖက်သမားများက ကျောင်းဝင်းအတွင်း ဝင်ရောက်ကာ အဓမ္မဖမ်းဆီးခေါ်ဆောင်မှုတစ်ခု ထပ်မံကျူးလွန်လိုက်ကြပြန်သည်။


ပညာသင်ခြင်းသည် နိုင်ငံ၏အနာဂတ်အတွက် မရှိမဖြစ် အရေးပါသော လူ့စွမ်းအားအရင်းအမြစ်ပြုစုပျိုးထောင်ခြင်းဖြစ် သည့်အတွက်  နိုင်ငံတိုင်း  မဖြစ်မနေ   ဆောင်ရွက်ကြရသော လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ လက်ရှိနိုင်ငံ့လူဦးရေ ၅၆ သန်းကျော် တွင် ဘွဲ့ရသူဦးရေ သုံးသန်းခန့်သာရှိခြင်း၊ အသက် ၁၅ နှစ် အထက်(အလုပ်လုပ်နိုင်သူ) လူဦးရေ ၂၃ သန်းခန့်အနက် တစ်ဝက် ခန့်သာ အလယ်တန်းအဆင့် ပညာတတ်မြောက်ခြင်း၊ နည်းပညာ နှင့်သက်မွေးပညာသင်တန်းကျောင်းနှင့် ဒီပလိုမာတန်းပြီးမြောက် သူဦးရေမှာ တစ်နိုင်ငံလုံးတွင် သုံးသိန်းခန့်သာရှိခြင်း၊ သူငယ်တန်း တွင်  စတင်ဝင်ရောက်ပညာသင်ကြားကြသည့်   ကျောင်းသား ကျောင်းသူအများစု မူလတန်းပြီးဆုံးချိန်တွင် ကျောင်းထွက်သွား ကြခြင်း စသည့်မိမိတို့နိုင်ငံ၏ပညာရေးကဏ္ဍတွင် ဖြစ်ပေါ်နေသည့် အခြေအနေများမှာ   နိုင်ငံ၏အနာဂတ်အတွက်   စိုးရိမ်ဖွယ်ပင် ဖြစ်သည်။


နိုင်ငံသားအများအပြားပညာမတတ်ခြင်း၊ ပညာရေးနိမ့်ကျ ခြင်းသည် နိုင်ငံတည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက် ရာတွင်  ကြီးစွာသောအခက်အခဲကို   ဖြစ်ပေါ်စေနိုင်သည်။ လူ့ စွမ်းအားအရင်းအမြစ်တည်ဆောက်ခြင်းသည် ခုရေတွင်းတူး၊ ခု ရေကြည်သောက်၍   မရသကဲ့သို့ပင်  ရေရှည်စဉ်ဆက်မပြတ် ဆောင်ရွက်ကြရမည့် တစ်မျိုးသားလုံးနှင့် သက်ဆိုင်သောလုပ်ငန်း ဖြစ်သည့်အလျောက် ပညာရေးနယ်ပယ်ကို အနှောင့်အယှက် ကင်းကင်း၊ ဘေးအန္တရာယ်ရှင်းလင်းစွာဖြင့် ရှင်သန်ဖွံ့ဖြိုးစေရမည် ဆိုသည်ကို ဉာဏ်ပညာဆင်ခြင်တုံတရားရှိသူတိုင်းက သိနားလည် ကြသည်။ နိုင်ငံရေးအကြောင်းပြကာ ပညာရေးကဏ္ဍကို နည်း မျိုးစုံဖြင့် အကြမ်းဖက်ခြိမ်းခြောက်နှောင့်ယှက်ဖျက်ဆီးနေခြင်း သည် နိုင်ငံနှင့်လူမျိုးတို့၏အနာဂတ်ကို နိမ့်ကျအောင် ဖျက်ဆီးနေ ခြင်း၊ လူငယ်တစ်ဦးချင်းစီ၏ ပညာသင်ယူပိုင်ခွင့် အခွင့်အရေးကို ပိတ်ပင်နှောင့်ယှက်နေခြင်း၊ လူ့အခွင့်အရေးချိုးဖောက်နေခြင်း ဖြစ်သည်။ ထို့အပြင် တက္ကသိုလ်များ၊ စာသင်ကျောင်းများအတွင်း ဝင်ရောက်၍ တိုက်ပွဲများဖန်တီးခြင်း၊ အပြစ်မဲ့ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများကို ဓားစာခံဖမ်းဆီး ခြင်း၊ လူသားတံတိုင်းအဖြစ်  အသုံးပြုခြင်းတို့မှာလည်း   နိုင်ငံ တကာသဘောတူညီချက်များ၊ ဥပဒေများအရ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းပင်ဖြစ်သည်။


အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာထားသော CRPH, NUG နှင့် ၎င်းတို့၏လက်ဝေခံ PDF အကြမ်းဖက်အဖွဲ့များ အနေဖြင့်   စစ်ရေးနှင့်မသက်ဆိုင်သော    ပညာရေးဆိုင်ရာ အဆောက်အအုံများဖြစ်သည့် တက္ကသိုလ်များကို တစ်ခုပြီးတစ်ခု ဝင်ရောက်စီးနင်းမှုများ  ပြုလုပ်လျက်ရှိပြီး ဆရာ၊  ဆရာမများ၊ ကျောင်းသား ကျောင်းသူများကို ဖမ်းဆီးခေါ်ဆောင်ဓားစာခံအဖြစ် အသုံးချကာ ၎င်းတို့၏ အကြမ်းဖက်ဝါဒသရုပ်မှန်ကို ပို၍ပို၍ ဖော်ထုတ်ပြသလျက်ရှိသည်။ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံး မြို့နယ်  စိုက်ပျိုးရေးသိပ္ပံကျောင်းမှ  ကျောင်းအုပ်ဆရာမကြီး အပါအဝင် ပညာရေးဝန်ထမ်း (၇) ဦးတို့ကို ယမန်နှစ် ဇူလိုင် ၂၀ ရက်တွင် အကြမ်းဖက်ဖမ်းဆီး ခေါ်ဆောင်ခဲ့မှုအပြီး ခုနစ်လခန့် ကာလအတွင်း ယင်းတိုင်းဒေသကြီး၌   ဒုတိယအကြိမ်မြောက် ဖြစ်ရာ   ပညာရေးကဏ္ဍအပေါ် ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်မှု များပြုလုပ်နေခြင်းကို  ပြည်သူလူထုတစ်ရပ်လုံးက    ပြတ်ပြတ် သားသား   ပြင်းပြင်းထန်ထန် ရှုတ်ချကြရန်နှင့် အကြမ်းဖက်ဝါဒ နှိမ်နင်းတိုက်ဖျက်ရေးတွင် တစ်တပ်တစ်အား    ပူးပေါင်းပါဝင်ကြ ရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။   ။