
နေပြည်တော် နိုဝင်ဘာ ၁၄
အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH နှင့် NUG တို့ သည် အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်း၍ အချို့ သောဒေသများတွင် အေးချမ်းစွာနေထိုင်ကြသော အပြစ်မဲ့ပြည်သူများအား အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။ လက်ရှိအချိန်တွင် ပညာသင်ကြားရမည့် ကျောင်းသား ကျောင်းသူများ၏ စာသင်နှစ် နစ်နာမှုမရှိစေရန် အတွက် ကျောင်းများ ပြန်လည်ဖွင့်လှစ်ခြင်းအပေါ် ထိခိုက်ပျက်စီးစေလိုသော အကြမ်းဖက်သမားများက အနန္တဂိုဏ်းဝင် ဆရာ ဆရာမများ၊ ပညာရေးဝန်ထမ်း များနှင့် ကျောင်းသား ကျောင်းသူများအား ခြိမ်းခြောက်ခြင်းများအပြင် လုပ်ကြံသတ်ဖြတ်သည် အထိပါ အကြမ်းဖက်မှု လုပ်ရပ်များကို ကျူးလွန် လျက်ရှိကြသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ နိုဝင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်း မြို့နယ် ကူလဲအနောက်ကျေးရွာနေ ဦးကျော်မင်းစိန် (ဘ) ဦးငါးလုံးနှင့် ကူလဲအနောက် အခြေခံပညာ မူလတန်းလွန်ကျောင်းမှ ကျောင်းဆရာ ဦးသန်းလင်း (ဘ) ဦးထွန်းရှိန်တို့သည် ဒေသအခေါ် ကြက်ချောင် တော စားကျက်ဘက်ရှိ မြေပဲခင်းသို့ သွားရောက်စဉ် PDF အကြမ်းဖက်သမားများက တားဆီး၍ ၎င်းတို့ နှစ်ဦးအား မြေပြင်၌ မှောက်ခိုင်းကာ ဦးကျော်မင်းစိန် အား တူမီးသေနတ်ဖြင့် ပစ်ခတ်ပြီး ကျောင်းဆရာ ဦးသန်းလင်းအား အကြောင်းမဲ့တူမီးသေနတ်ဒင်ဖြင့် အကြမ်းဖက်ထုရိုက်ခဲ့ကြောင်း၊ အဆိုပါအကြမ်းဖက် ဖြစ်စဉ်ကြောင့် ဦးကျော်မင်းစိန်သည် ကျည်ထိမှန် ဒဏ်ရာဖြင့် နေရာ၌သေဆုံးသွားခဲ့ပြီး ဦးသန်းလင်း တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရ သည်။
အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်လာ
အကြမ်းဖက်သမားများသည် အနာဂတ် မျိုးဆက်သစ်ကလေးသူငယ်များ၏ ပညာသင်ယူ ခွင့်ကို အနှောင့်အယှက်ဖြစ်စေရန်နှင့် ဆရာ ဆရာမ များ၊ ကျောင်းသား ကျောင်းသူများ၏ အသက် အန္တရာယ်ကို ထိခိုက်စေသည်အထိပါ အကြမ်းဖက် လုပ်ရပ်များကို ဆောင်ရွက်လာကြောင်း တွေ့ရှိရ သဖြင့် မိဘပြည်သူများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်၍ အကြမ်းဖက် လုပ်ရပ်များကို တွန်းလှန်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါ ကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်သူများအား အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်