
နေပြည်တော် ဇန်နဝါရီ ၁၅
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၄ ရက် နံနက် ၁၁ နာရီခွဲတွင် ပြည်ကြီး တံခွန်မြို့နယ် (ခ)ရပ်ကွက် ၁၁၅ လမ်းနှင့် ၅၈ လမ်းထောင့်တွင် နိုင်နိုင်ငြိမ်း(ခ)မောင်ငြိမ်းနှင့် သန်းထက်အောင်တို့ကို CROWN အမျိုး အစား ယာဉ်ဖြင့်လည်းကောင်း၊ ချစ်မင်းအား ဆိုင်ကယ်တစ်စီးဖြင့်လည်း ကောင်း မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ နိုင်နိုင်ငြိမ်း(ခ)မောင်ငြိမ်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ကို လည်းကောင်း။
ထို့အတူ ဇန်နဝါရီ ၁၄ ရက် ည ၈ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းဆတ်မြို့နယ် မိုင်းတွမ်း(တောင်ပေါ်) ကျေးရွာအုပ်စု ပါခါးကျေးရွာ အနီးတွင် အမျိုးသား နှစ်ဦး(စိစစ်ဆဲ) မောင်းနှင်လာသည့် ဆိုင်ကယ် နှစ်စီးအား စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ဆိုင်ကယ်များအား လမ်းဘေး တွင်ရပ်တန့်၍ ထွက်ပြေးသွားသဖြင့် ဆိုင်ကယ်များပေါ်တွင် တင်ဆောင်ထားသည့် ဆာလာအိတ် နှစ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား