ပြည်ကြီးတံခွန်နှင့် သင်္ဃန်းကျွန်းမြို့နယ်တို့၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော်    နိုဝင်ဘာ   ၇ 


မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၆  ရက်     နံနက်   ၁၁   နာရီတွင် ပြည်ကြီးတံခွန်မြို့နယ် ၇၄ လမ်းနှင့် ၁၁၈   လမ်းထောင့်ရှိ   တည်းခိုခန်း အနီးတွင်  မအေးသန်း၊  ဇော်မိုး သန်း၊ ဦးသန်းမင်း၊ မစန်းစန်းရီနှင့် မရီရီစိုးတို့ကို မူးယစ်ဆေးဝါးများ လွှဲပြောင်းလက်ခံဆောင်ရွက်မည် ဖြစ်ကြောင်းသတင်းအရ စစ်ဆေး ရှာဖွေရာ မအေးသန်းထံမှ ဘိန်းဖြူ သုည ဒသမ ၄၄ ကီလို၊  စိတ်ကြွ ရူးသွပ်ဆေးပြား ၁၁၄၀၀ ကိုလည်း ကောင်း။   

 


အလားတူ   ယင်းနေ့ ညနေ ၄   နာရီခွဲတွင်  မူးယစ်ဆေးဝါး  တားဆီးနှိမ်နင်းရေး      ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သင်္ဃန်းကျွန်းမြို့နယ် (ဆ/က)ရပ်ကွက် သမာဓိ ၄ လမ်း အမှတ် ၁၂ သုံးလွှာနေ ဝင်းမင်း ထိုက် (ခ)    ပေသီး၏နေအိမ်တိုက် ခန်းကိုရှာဖွေရာ    စိတ်ကြွရူးသွပ် ဆေးပြား ၇၅၇၀၊  အိုက်စ် သုည ဒသမ ၀၃၂ ကီလိုကိုလည်းကောင်း  ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့ အား  မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော    ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထား ကြောင်း သိရသည်။ 


ရဲပြန်ကြား