
နေပြည်တော် စက်တင်ဘာ ၂၂
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် ပြည်ကြီးတံခွန် မြို့နယ် (ဆ)ရပ်ကွက် ၁၃၀ လမ်းနှင့် ၅၈ လမ်းထောင့်အနီးတွင် သော်ဇင်ထွန်း မောင်းနှင် ပြီး စောသန့်ခိုင် လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ သော်ဇင်ထွန်း ကိုင်ဆောင်ထားသည့် ပလတ်စတစ်အိတ် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ကို လည်းကောင်း။
ယင်းနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် တာချီလိတ်မြို့ ဆေခမ်းရပ်ကွက် တာချီလိတ်-ဝမ်ပုံသွားကားလမ်း ဦးထွန်း အောင် တံတားအနီးတွင် အိုက်ပေါက်(ခ)အိုက်စိုင်း မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ် တူးဘောက်အတွင်းမှ ဘိန်းဖြူ သုည ဒသမ ၇ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထား ကြောင်း သိရသည်။
ရဲပြန်ကြား