ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ဘော်လီဘော(အမျိုးသား/အမျိုးသမီး) ကွာတားဖိုင်နယ် ပွဲစဉ်များဆက်လက်ကျင်းပ

 

နေပြည်တော်   ဒီဇင်ဘာ  ၁၀


အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့်   မြန်မာနိုင်ငံ   ဘော်လီဘောအဖွဲ့ချုပ်တို့   ပူးပေါင်း၍ ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား            ပြည်နယ်နှင့် တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ဘော်လီဘော(အမျိုးသား/အမျိုးသမီး) ကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့ နံနက် ၈ နာရီ က နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဆက်လက်ကျင်းပရာ  ရန်ကုန်တိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို သုံးပွဲပြတ်ဖြင့်    လည်းကောင်း၊     မကွေးတိုင်းဒေသကြီးအသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို သုံးပွဲပြတ်ဖြင့်လည်း ကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ပဲခူး တိုင်းဒေသကြီးအသင်းကို သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ ဘော်လီဘော (အမျိုးသား) ကွာတားဖိုင်နယ်ပြိုင်ပွဲ   ပွဲစဉ်များတွင်  ကရင်ပြည်နယ် အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက       ကယားပြည်နယ်    အသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း၊  မန္တလေးတိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ ပြည်ထောင်စု နယ်မြေ  နေပြည်တော်အသင်းက  ရှမ်းပြည်နယ်အသင်းကို  သုံးပွဲ - နှစ်ပွဲဖြင့်လည်းကောင်း အနိုင်ရရှိသည်။

 


ဒီဇင်ဘာ ၁၁ ရက် နံနက် ၈ နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဘော်လီဘော (အမျိုးသမီး) ဆီမီးဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ရန်ကုန် တိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်း၊ မန္တလေး တိုင်းဒေသကြီးအသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင် မည်ဖြစ်ပြီး ဘော်လီဘော (အမျိုးသား) ဆီမီးဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များ အဖြစ်   ကရင်ပြည်နယ်အသင်းနှင့်  ရန်ကုန်တိုင်းဒေသကြီးအသင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် အသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်ရာ မည်သူမဆို အခမဲ့လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။


အားကာမောင်