ပြည်ပမှ ပြန်လာသူများကို အခမဲ့ Quarantine ဝင်ရောက်စေခြင်း၊ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးခြင်းနှင့် ရောဂါပိုးစစ်ဆေးတွေ့ရှိသူများကို ရောဂါပျောက်ကင်းသည်အထိ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်   ဒီဇင်ဘာ   ၃၀


ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ပြည်ပနိုင်ငံများတွင် အခက်အခဲ ဖြစ်နေကြသည့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအား အမိမြန်မာနိုင်ငံတော် သို့ ပြန်လည်ဝင်ရောက်နိုင်ရေး ကယ်ဆယ်ရေးလေယာဉ်(Relief Flight) များဖြင့် လည်းကောင်း၊ တပ်မတော်စစ်ရေယာဉ်များဖြင့် လည်းကောင်း၊ နယ်စပ်ဂိတ်များမှ     ပြန်လည်ဝင်ရောက်စေခြင်းဖြင့်    လည်းကောင်း အမိမြန်မာနိုင်ငံတော်၏ အရိပ်အာဝါသအောက်တွင် ကြည့်ရှုစောင့် ရှောက်မှုပေးနိုင်ရေး   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက   စီစဉ် ဆောင်ရွက်ပေးလျက်ရှိသည်။ 

 


ထိုသို့ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁  ရက်မှ ဒီဇင်ဘာ၂၈ ရက် အထိ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက် လာသည့် နိုင်ငံသူ၊ နိုင်ငံသားများမှာ ကယ်ဆယ်ရေးလေယာဉ် (Relief Flight)ခရီးစဉ် (၉၀၄) ကြိမ်ဖြင့် Facility Quarantine ဝင်ရောက်သူ (၄၆,၆၂၂)ဦး၊ တပ်မတော် စစ်ရေယာဉ်ဖြင့်(၁၀၈၆)ဦး၊ နယ်စပ်ဂိတ်များမှ (၉၂,၁၃၃)ဦးဖြစ်သည်။ ကယ်ဆယ်ရေးလေယာဉ်(Relief Flight)ခရီးစဉ် ဖြင့် နိုင်ငံအလိုက် ပြန်လည်ဝင်ရောက်လာသူများအနက် Facility Quarantine ဝင်ရောက်မှုမှာ ဖော်ပြပါအတိုင်းဖြစ်သည်-


    (က)    မလေးရှားနိုင်ငံ    ၂၄,၄၂၆  ဦး
    ( ခ )    ကိုရီးယားသမ္မတနိုင်ငံ    ၆,၂၂၄  ဦး
    ( ဂ )    စင်ကာပူနိုင်ငံ    ၇၇၁၃ ဦး
    (ဃ)    တရုတ်နိုင်ငံ       ၈၄၃ ဦး
    ( င )    ထိုင်းနိုင်ငံ       ၃၆၇၄ ဦး
    ( စ )    ဒူဘိုင်း      ၁၁၉၀ ဦး
    (ဆ)    အိန္ဒိယနိုင်ငံ         ၉၂၅ ဦး
    ( ဇ )    ဂျပန်နိုင်ငံ       ၄၉၀ ဦး
    (ဈ )    လာအိုနိုင်ငံ        ၁၁ ဦး
    (ည)    ဖိလစ်ပိုင်နိုင်ငံ                     ၅၄ ဦး
    ( ဋ )    ဂျော်ဒန်နိုင်ငံ                    ၃၂၆ ဦး
    ( ဌ )    ထိုင်ဝမ်                   ၁၅၇ ဦး
    ( ဍ )    ကမ္ဘောဒီးယားနိုင်ငံ                     ၉၁ ဦး
    ( ဎ )    ဗီယက်နမ်နိုင်ငံ                     ၉၁ ဦး
    (ဏ)    ဘင်္ဂလားဒေ့ရှ်နိုင်ငံ                   ၁၆၄ ဦး
    (တ)    အခြားနိုင်ငံများမှ    ၂၄၃ ဦး
        စုစုပေါင်း    ၄၆,၆၂၂ ဦး


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ရေးနှင့်   ကုသရေးဗဟိုကော်မတီတို့၏   လမ်းညွှန်မှုဖြင့်  ကျန်းမာရေး ဝန်ကြီးဌာနသည် ဆက်စပ်ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး  သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ ပြည်ပမှပြန်လည် ဝင်ရောက်လာသူများကို နွေးထွေးပျူငှာစွာဖြင့် အသွားအလာကန့်သတ် စောင့်ကြည့်ခြင်း (Facility Quarantine)အား သတ်မှတ်နေရာများတွင် အခမဲ့ဆောင်ရွက်ပေးခြင်း၊  ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ  ဓာတ်ခွဲနမူနာများ ရယူပြီး RT-PCR နည်းဖြင့် စစ်ဆေးပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ရာ ကယ်ဆယ်ရေးလေယာဉ် (Relief Flight)ဖြင့် ပြန်လည်ဝင်ရောက်လာသူ (၄၆,၆၂၂)ဦးအနက် (၂၈၁၇) ဦးတွင်လည်းကောင်း၊ တပ်မတော်စစ်ရေ ယာဉ်ဖြင့် ပြန်လာသူ (၁၀၈၆) ဦးအနက်  (၂)ဦးတွင် လည်းကောင်း၊ နယ်စပ်ဂိတ်များမှ    ပြန်လည်ဝင်ရောက်လာသူ  (၉၂,၁၃၃) ဦးအနက် (၂,၀၀၃)ဦးတွင်လည်းကောင်း ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိ     ခဲ့သဖြင့် စုစုပေါင်းဓာတ်ခွဲအတည်ပြုလူနာ(၄,၈၂၂)ဦးရှိခဲ့သည်။ အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများအား သတ်မှတ်နေရာများတွင် ဆေးကုသမှု ခံယူစေပြီး    ကိုဗစ်-၁၉  ရောဂါ  သက်သာပျောက်ကင်းသည်အထိ နိုင်ငံတော်အစိုးရက     တာဝန်ယူကုသပေးခဲ့ကြောင်း   သတင်းရရှိ သည်။  


သတင်းစဉ်