
ပြည်ပ၌ အခက်အခဲကြုံတွေ့နေသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်
=====================================================
နေပြည်တော် အောက်တိုဘာ ၁၁
နိုင်ငံတကာခရီးသည်တင် လေယာဉ် များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်း ကြောင့် အမေရိကန်ပြည်ထောင်စု၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာ နိုင်ငံသားများအား ဝါရှင်တန်မြို့ မြန်မာသံရုံးနှင့် ဆိုးလ်မြို့ မြန်မာသံရုံး တို့မှ ပူးပေါင်းစီစဉ်သည့် မြန်မာ အပြည်ပြည်ဆိုင်ရာလေကြောင်း(MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ကိုရီးယား သမ္မတနိုင်ငံ အင်ချွန်းအပြည်ပြည် ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ ည ၈ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။
အဆိုပါ ကယ်ဆယ်ရေးလေယာဉ် တွင် အမေရိကန်ပြည်ထောင်စုမှ ၄၉ ဦး၊ ကိုရီးယားသမ္မတနိုင်ငံမှ ၆၀ စုစုပေါင်း မြန်မာနိုင်ငံသား ၁၀၉ ဦး လိုက်ပါခဲ့ကြ သည်။
v ပြည်ပ၌မှ
ယင်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှု ကြီးကြပ်ရေး၊ ကျန်းမာရေးစစ်ဆေးရေး၊ သီးသန့်စီစဉ်ပေးသည့်နေရာ သတ်မှတ် ဟိုတယ်များ၌ အသွားအလာကန့်သတ်မှု ခုနစ်ရက်နှင့် နေအိမ်တွင် အသွား အလာကန့်သတ်မှု ခုနစ်ရက် နေထိုင်စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့က သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့ကြသည်။
ညှိနှိုင်းဆောင်ရွက်ပေး
ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏လမ်းညွှန်ချက်နှင့် အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ နိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ အမေရိကန်ပြည်ထောင်စုရောက် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအတွက် ရည်ရွယ်လျက် ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ကယ်ဆယ်ရေးလေယာဉ် (၆)ကြိမ် ပျံသန်းပြေးဆွဲခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်