ပြည်သူ့လုံခြုံရေးစနစ်

 

 

မိမိတို့တာဝန်ယူပြီးနောက်ပိုင်း နိုင်ငံရေးအရ ဆန္ဒပြမှုများရှိလာကြောင်း၊ တာဝန်ယူရသည့်အခြေအနေအား အကြိမ်ကြိမ် ရှင်းလင်း ပြောကြားထားသော်လည်း နားလည်သဘောပေါက်သူများရှိသကဲ့သို့ နားမလည်သူများလည်းရှိကြောင်း၊ ယခုအခါ ဆူပူသောင်းကျန်းမှု များမှတစ်ဆင့် အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်လာကြောင်း၊ လက်နက်ကိုင်သောင်းကျန်းသူများ၏  နယ်မြေများအတွင်း ဖောက်ခွဲဖျက်ဆီးရေးသင်တန်းများ တက်ရောက်ခြင်း၊ မတရားအသင်းအဖြစ်ကြေညာထားသည့် CRPH ၊ NUG ၊ PDF များဖွဲ့စည်း၍ အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ပြီး ဖျက်ဆီးရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိလာကြကြောင်း၊ ပြည်သူများ လုံခြုံရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အဖွဲ့အစည်းများပူးပေါင်း၍ ပြည်သူ့လုံခြုံရေးစနစ်ဖြင့် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း။
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၄-၅-၂၀၂၁ ရက်နေ့တွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး၌ ပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်)