ပြည်သူလူထုသို့ အသိပေးချက်

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ခြင်းအတွက်   ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အသိအမှတ်ပြုထားသော   အရည်အသွေးကောင်းမွန်၍   ဘေးကင်းစိတ်ချရသော  ကာကွယ်ဆေးများ  ဝယ်ယူ၍ ဦးစားပေးအုပ်စုများ သတ်မှတ်ကာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှု ကျဆင်းရေး၊ ကူးစက်မှု ကွင်းဆက်ပြတ်တောက်ရေးနှင့်    စီးပွားရေးလုပ်ငန်းများ   ပြန်လည်ထူထောင်ရေး   ဦးတည်ချက်များ ထားရှိကာ Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ပြည်သူလူထုအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပါသည်။
ကာကွယ်ဆေးများထိုးနှံရာတွင် အရည်အသွေးကောင်းမွန်၍ ဘေးကင်းစိတ်ချရသော  ကာကွယ်ဆေး များဖြစ်စေရန် ထုတ်လုပ်သည့်ကုမ္ပဏီများမှ တရားဝင်ရောင်းချပြီး အအေးလမ်းကြောင်းမပျက်ထားသို သိမ်းဆည်းထားသည့် ကာကွယ်ဆေးများဖြစ်ရန် လိုအပ်ပါသည်။
ယခုအခါ စျေးကွက်အတွင်းတွင် ကာကွယ်ဆေးအတုအပများ Online မှတစ်ဆင့်သော် လည်းကောင်း၊ အခြားနည်းလမ်းများဖြင့်သော် လည်းကောင်း ရောင်းချလျက်ရှိကြောင်း၊ အဆိုပါ ကာကွယ်ဆေးများသည် တရားဝင်တင်သွင်းလာသည့်    ကာကွယ်ဆေးများ   မဟုတ်သောကြောင့်   ရောဂါကာကွယ်နိုင်ခြင်းမရှိသည့် အပြင် ဘေးအန္တရာယ်ဖြစ်ပွားနိုင်သောကြောင့်  ကျန်းမာရေးဝန်ကြီးဌာနက တရားဝင်အသိအမှတ် ပြုထားသော ကာကွယ်ဆေးများကိုသာ ထိုးနှံကြပါရန်  တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ကာကွယ်ဆေးအတုအပများ   တင်သွင်း၍  ရောင်းချခြင်း  သို့မဟုတ်  ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် “ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ တင်သွင်းဖြန့်ဖြူးရာတွင် လိုက်နာရမည့် အချက်များ” အား  လိုက်နာခြင်းမရှိဘဲ တင်သွင်းဖြန့်ဖြူးပါက တည်ဆဲဥပဒေများနှင့်အညီ  ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန
၁၂-၈-၂၀၂၁