
အောင်သူရ (သမဝါယမ)
၁၈၄၄ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ ရော့ခ်ဒေးမြို့ Toad Lane လမ်းတွင် ရက်ကန်းသမား ၂၈ ဦးက ရော့ခ်ဒေးသမဝါယမ ကုန်စုံဆိုင် ဖွင့်လှစ်အောင်မြင်ခဲ့ခြင်းမှ အစပြု၍ သန္ဓေတည်ခဲ့သည့် ကမ္ဘာ့သမဝါယမလှုပ်ရှားမှုများ ဆောင်ရွက်ခဲ့သည်မှာ ယခုဆိုလျှင် နှစ်ပေါင်း ၁၈၀ တိုင်ခဲ့ပြီးဖြစ်ပါသည်။
မြန်မာနိုင်ငံရှိ သမဝါယမလုပ်ငန်းများကိုလည်း ၁၉၀၄ ခုနှစ် နှောင်းပိုင်းနှင့် ၁၉၀၅ ခုနှစ် နှစ်ဆန်း ပိုင်းတို့မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ပါသည်။ ခေတ်အဆက်ဆက် သမဝါယမအသင်း များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် သမဝါယမဦးစီးဌာန၊ ဝန်ကြီးဌာန ဖွဲ့စည်းထူထောင်ပြီး လမ်းညွှန်ကြီးကြပ် မှုများဖြင့် ဆောင်ရွက်ခဲ့ရာ ၁၇-၆-၂၀၂၁ ရက်နေ့ တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကို ဝန်ကြီးဌာနအသစ်အဖြစ် ပြန်လည်ဖွဲ့စည်း တည်ထောင်ခဲ့ပြီး ခေတ်နှင့်အညီ မူဝါဒအသစ်များ ဖြင့် သမဝါယမလုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးလာစေရေး ပန်းတိုင်ဆီသို့ လျှောက်လှမ်းလာခဲ့ရာ သုံးနှစ်တာ ခရီး ရောက်ရှိခဲ့ပြီ ဖြစ်ပါသည်။
အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေး
သမဝါယမဦးစီးဌာနမှ ပြည်သူတို့၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်အကျိုး ရှိမည့် မျှော်မှန်းချက်၊ ရည်မှန်းချက်၊ မူဝါဒများ၊ လုပ်ငန်းစဉ်များနှင့် Action Plan ၉ ရပ် ချမှတ်၍ ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး အတွက် သမဝါယမအသင်းများ ဖွဲ့စည်းခြင်း၊ စည်းရုံးပညာပေးခြင်း၊ တည့်မတ်ပြုပြင်ပေးခြင်း တို့ကို သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးလျက် ရှိပါသည်။
သမဝါယမအသင်းများ ဖောင်းပွမှုမရှိဘဲ ကျစ်လျစ်ခိုင်မာစေရေးအတွက် ၂၀၂၁ ခုနှစ် ဇွန်လမှ ၂၀၂၄ ခုနှစ် မေလအထိ အလုပ်မလုပ်သည့်/စာရင်း ရှင်းလင်းဖျက်သိမ်းသင့်သည့် သမဝါယမအသင်း ၁၂၆၂ သင်းအား စာရင်းရှင်းလင်း ဖျက်သိမ်းခဲ့ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက် တွင် ဖွဲ့စည်းခဲ့ပြီးသော အသင်းဟောင်းများထဲမှ အမှန်တကယ် လုပ်ကိုင်လိုသူများအား စည်းရုံးပြီး စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း ၁၆၁၇ သင်း၊ မွေးမြူရေးနှင့် အထွေထွေသမဝါယမ အသင်းသစ် ၇၉ သင်း၊ ကုန်ထုတ်လုပ်မှုသမဝါယမ အသင်း ၄၃၀ ၊ ဝန်ဆောင်မှုသမဝါယမအသင်း ၄၆ သင်း၊ ကုန်သွယ်မှုသမဝါယမအသင်း ၁၀၇ သင်း၊ စုစုပေါင်းအသင်းသစ် ၅၈၃ သင်း ဖွဲ့စည်းမှတ်ပုံတင် ပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ ကဏ္ဍအလိုက် ထုတ်လုပ်မှုသမဝါယမအသင်း ၃၁၉၆၃ သင်း၊ ဝန်ဆောင်မှုသမဝါယမအသင်း ၃၅၅၆ သင်းနှင့် ကုန်သွယ်မှုသမဝါယမအသင်း ၃၁၄၀ အား ဖွဲ့စည်း ထားရှိပါသည်။
စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း ၁၉၈၄၁ သင်းမှ အသင်းသား ၁၀၄၉၅၀၄ ဦး အတွက် နိုင်ငံတော်ဘတ်ဂျက်ခွင့်ပြုငွေကျပ် ၁၀၄၂ ဒသမ ၅၅ သန်းအပါအဝင် သမဝါယမအသင်းပိုင် ငွေကျပ် ၁၂၅၅၁၇ ဒသမ ၁၅၃ သန်းဖြင့် စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲစင်းငုံ၊ ပဲတီစိမ်း၊ ဝါနှင့် ဟင်းသီးဟင်းရွက် စိုက်ဧကသိန်းပေါင်း ၂၆ ဒသမ ၅ ဧကကို စိုက်ပျိုးနိုင်ခဲ့ပြီး ရာသီအလိုက် စဉ်ဆက်မပြတ် စိုက်ပျိုးနိုင်အောင် ဆောင်ရွက် လျက်ရှိပါသည်။ မျိုးစေ့ထုတ်သမဝါယမအသင်း ၂၀၅ သင်း၏ မျိုးစေ့ထုတ်ဧက ၁၂၄၉၅ ဧကမှ မျိုးစပါး၊ မြေပဲ၊ နှမ်း၊ ပဲမျိုးစုံ၊ နေကြာ စသည့်သီးနှံ မျိုးစေ့များ ထုတ်လုပ်နိုင်ရန် ဆောင်ရွက်လျက် ရှိပါသည်။
သွင်းအားစုပံ့ပိုးမှုအနေဖြင့် စိုက်ပျိုးထုတ်လုပ် ရေးသမဝါယမအသင်း ၆၂၃ သင်းမှ အသင်းသား တောင်သူ ၁၁၈၆၄ ဦးသို့ နိုင်ငံတော်ဘတ်ဂျက် ခွင့်ပြုငွေကျပ် ၂၇၇ ဒသမ ၁၄၁ သန်းအပါအဝင် စုစုပေါင်းကျပ် ၆၂၇၉ ဒသမ ၀၄၆ သန်းတန်ဖိုးရှိသော မျိုးကောင်းမျိုးသန့်များနှင့် သဘာဝမြေသြဇာ ၆၃၃၉၃ အိတ်၊ ဓာတ်မြေဩဇာ(ပုလဲ၊ ကွန်ပေါင်း) ၆၀၈၂၂ အိတ်၊ ပိုးသတ်ဆေး ၁၁၀၈ ပုလင်း စသည့် စိုက်ပျိုးရေးသွင်းအားစုများကို သီးနှံပေါ်ပေးစနစ် ဖြင့် ဖြန့်ဖြူးပေးနိုင်ခဲ့ပါသည်။
အကျိုးအမြတ်ခွဲဝေပေးနိုင်ရေး ဆောင်ရွက်
သမဝါယမအသင်း ၁၇၆ သင်းမှ အသင်းပိုင် လယ်မြေ ၁၄၂၄၀ ဒသမ ၅၂ ဧက၊ ယာမြေ ၇၇၂ ဒသမ ၃၇ ဧကရှိပြီး အဆိုပါအသင်းပိုင်လယ်ယာမြေ များတွင် သမဝါယမစနစ်ဖြင့် BOD အဖွဲ့မှ ဦးဆောင် ၍ စုပေါင်းဝယ်ယူ၊ စုပေါင်းဆောင်ရွက်၊ စုပေါင်း ရောင်းချခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။ သီးနှံရာသီအလိုက် ရောင်းချခြင်းများ ဆောင်ရွက်ပြီး အကျိုးအမြတ်ခွဲဝေပေးနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။
လယ်ယာအထောက်အကူပြု ဝန်ဆောင်မှု သမဝါယမအသင်း ၄၉ သင်း၊ လုပ်ငန်းခွဲ ၁၁၃ သင်း၊ စုစုပေါင်း ၁၆၂ သင်းတို့မှ ထွန်ယက်ပြုပြင်ခြင်းနှင့် စပါးရိတ်သိမ်းခြွေလှေ့ခြင်းတို့ကို ထွန်စက်ကြီး ၅၈၈ စီး၊ ရိတ်သိမ်းခြွေလှေ့စက် ၁၁၄ စီးနှင့် အခြား စက်ကိရိယာ ၆၄ စီး စုစုပေါင်း ၇၆၆ စီးဖြင့် ထွန်ယက် ဧက ၁၃၉၆၃၁ ဧက၊ ရိတ်ခြွေဧက ၂၇၂၁၂ ဧက တို့ကို ဆောင်ရွက်ပေးခဲ့ပြီး လယ်ယာအထောက် အကူပြု ဝန်ဆောင်မှုလုပ်ငန်းများကို ရာသီချိန် အလိုက် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
မျိုးစေ့ထုတ်ကုမ္ပဏီများ၊ သွင်းအားစုကုမ္ပဏီ များ၊ လယ်ယာသုံးစက်ကိရိယာ ရောင်းချသည့် ကုမ္ပဏီများနှင့်ပူးပေါင်း၍ လယ်ယာသုံးစက်ကိရိယာ ရောင်းချခြင်း၊ သမဝါယမလယ်ယာဝန်ဆောင်မှု သရုပ်ပြပွဲနှင့် မျိုး၊ သွင်းအားစုပေးအပ်ပွဲအခမ်းအနား များကို နေပြည်တော် လယ်ဝေးမြို့နယ်၊ ပျဉ်းမနား မြို့နယ်၊ တပ်ကုန်းမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့ နယ်၊ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်တို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး တောင်သူလယ်သမားများအား လယ်ယာသုံးစက်ကိရိယာများ ဝယ်ယူနိုင်ရေး အတွက် ကုမ္ပဏီအစီအစဉ်ဖြင့် အရစ်ကျစနစ်ဖြင့် လည်းကောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ Two–Step Loan ချေးငွေဖြင့်လည်းကောင်း ပံ့ပိုး ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်၊ ဝိုင်းမော်မြို့ နယ်၊ မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ပင်လောင်းမြို့နယ် နောင်တရား အာလူးစိုက်ပျိုး ရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမ အသင်းတို့မှ ဆောင်ရွက်သည့် သဘာဝမြေသြဇာ စက်ရုံစုစုပေါင်း ခုနစ်ရုံ တည်ထောင်ဆောင်ရွက် နိုင်ခဲ့ပြီး မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ် အောင်ကောင်းမြတ် လယ်ယာကုန်ထုတ်လုပ်မှုနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း တွင်လည်း နှမ်းရိုးမှ သဘာဝမြေသြဇာထုတ်လုပ်ခြင်း လုပ်ငန်းကို ဆောင်ရွက်နိုင်ခဲ့ပါသည်။
မျိုး၊ သွင်းအားစုများ ထောက်ပံ့
၂၀၂၃ ခုနှစ် နွေစပါးစိုက်ပျိုးနိုင်ရေးအတွက် စိုက်/မွေး/ဆည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ တိုင်းဒေသကြီး/ပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ၊ တိုင်းဒေသကြီး/ပြည်နယ် ဘတ်ဂျက်၊ အသင်းပိုင်ငွေကျပ် ၉၁၅၁ ဒသမ ၂၉၂ သန်းတို့ဖြင့် သမဝါယမ အသင်း ၂၉၆ သင်း၊ အသင်းသားတောင်သူ ၇၂၇၃ ဦး၏ နွေစပါးစိုက်ဧက ၄၅၇၀၈ ဧကအတွက် တစ်ဧကလျှင် ကျပ်နှစ်သိန်းနှုန်းဖြင့် မျိုး၊ သွင်းအားစု များကို ထောက်ပံ့ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးနိုင်ရေးအတွက်လည်း ကျပ် ၂၆၆၉၇ ဒသမ ၆၀၂ သန်းဖြင့် သမဝါယမအသင်း ၁၀၅၆ သင်း၊ အသင်းသားတောင်သူ ၂၈၅၅၅ ဦး၏ မိုးစပါးစိုက်ဧက ၁၃၆၁၉၂ ဒသမ ၇၃ ဧကအတွက် တစ်ဧကလျှင် ကျပ်နှစ်သိန်းနှုန်းဖြင့် မျိုး၊ သွင်းအားစု များကို ထောက်ပံ့ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးနိုင်ရေးအတွက် ကျပ် ၂၈၄၃၂ ဒသမ ၃၄၁ သန်းဖြင့် သမဝါယမအသင်း ၁၀၃၁ သင်း၊ အသင်းသားတောင်သူ ၂၇၅၀၇ ဦး၏ မိုးစပါးစိုက်ဧက ၁၄၆၃၁၄ ဧကအတွက် တစ်ဧက လျှင် ကျပ် နှစ်သိန်းနှုန်းဖြင့် မျိုး၊ သွင်းအားစုများကို ရယူဆောင်ရွက်ပေးလျက်ရှိပါသည်။
ဝါအထွက်နှုန်းများ တိုးတက်စေရေးနှင့် ဝါကုန်ကြမ်းများမှ အဆင့်မီသည့် ချည်ထည်များ ထုတ်လုပ်နိုင်ရေးအတွက် ဝါသီးနှံစိုက်ပျိုးရေး ထုတ်လုပ်မှု ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် သမဝါယမကဏ္ဍမှ ဝါစိုက်ပျိုးရေး ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန် နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် တောင်သူများအား သက်ဆိုင်ရာမြို့နယ်၊ ကျေးရွာများအလိုက် ရွေးချယ် စည်းရုံး၍ သမဝါယမအသင်းများဖွဲ့စည်းပြီး စုစုပေါင်းဧက ၉၆၀၀၀ စိုက်ပျိုးရန် လျာထား ဆောင်ရွက်လျက်ရှိပါသည်။ လျာထားဧက ၉၆၀၀၀ အပေါ် တိုင်းဒေသကြီး/ ပြည်နယ် လေးခုတွင် မြို့နယ် ၂၈ မြို့နယ်၌ အသင်းသား ၁၅၉၀၅ ဦးက မိုးကြိုဝါ ၁၉၅၇ ဧက၊ မိုးဝါ ၉၁၈၄ ဧက၊ မိုးနှောင်းဝါ ၄၇၂၈၆ ဧက စုစုပေါင်း ၅၈၄၂၇ ဧကစိုက်ပျိုးမည့် သမဝါယမ အသင်း ၃၇၉ သင်းဖွဲ့စည်းထားပြီး တစ်ဧကလျှင် နှစ်သိန်းနှုန်းနှင့်ညီမျှသော မျိုး၊ သွင်းအားစုများကို ထောက်ပံ့ပေးပြီးဖြစ်ပါသည်။
မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေသော သမဝါယမအသင်း ၂၉၂၁ သင်းမှ အသင်းသား ၁၈၂၇၇၀ မှ နိုင်ငံတော်ဘတ်ဂျက်ခွင့်ပြုငွေကျပ် ၁၈၈ ဒသမ ၅ သန်းအပါအဝင် သမဝါယမအသင်းပိုင် ကျပ် ၁၄၆၅၄ ဒသမ ၀၅၁ သန်း တန်ဖိုးရှိသော မျိုးသားပေါက်နှင့် တိရစ္ဆာန်အစားအစာများကို ပံ့ပိုးပေး၍ ကြက်ကောင်ရေ ၆၇၂၃၄ ကောင်၊ ဝက် ကောင်ရေ ၁၆၁၇၅၄ ကောင်၊ ဆိတ်ကောင်ရေ ၂၉၈၄ ကောင်၊ နွားကောင်ရေ ၅၁၆၈ ကောင်၊
နွားနောက် အကောင် ၁၀၀၊ ဘဲကောင်ရေ ၈၂၈ ကောင်၊ ငါး ၁၆၀၅၃၇၃၇ ကောင် စုစုပေါင်း ၁၆၂၉၁၈၀၅ ကောင်နှင့် ယင်မည်းမွေးမြူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချ
တိုင်းဒေသကြီး/ပြည်နယ် ခုနစ်ခု၊ မြို့နယ် ၁၆ မြို့နယ်ရှိ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေသော သမဝါယမအသင်း ၂၀ မှ အသင်းပိုင် အသင်းသားပိုင် ငါးမွေးကန် ၁၁၇၅ ကန်၊ အကျယ်အဝန်း ၁၈၇၆ ဒသမ ၉၈ ဧကတွင် ငါးမြစ်ချင်း၊ ငါးမုတ်၊ ငါးတန်၊ ငါးကြင်း၊ ငါးခေါင်းပွ၊ ငါးခုံးမ၊ ရွှေဝါငါးနှင့် ငါးသား ပေါက် စသည့်ငါးကောင်ရေ စုစုပေါင်း ၁၆၆ ဒသမ ၁၅ သိန်း မွေးမြူထားပြီး အသင်းသားပြည်သူများ ဈေးနှုန်းချိုသာစွာ စားသုံးနိုင်ရေး ဖြန့်ဖြူးရောင်းချ ပေးနိုင်ခဲ့ပါသည်။
သမဝါယမအသင်းပိုင် ဆန်စက်များ တည်ဆောက်နိုင်မှုအနေဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ် တော်ဝင် မိုင်းယောင်း အထွေထွေရောင်းဝယ်ရေး သမဝါယမ အသင်းလီမိတက်ပိုင် တန် ၃၀ ဆန်စက်၊ နေပြည် တော် ဇေယျာသီရိမြို့နယ်ရှိ ရွှေဇေယျာစိုက်ပျိုး ထုတ်လုပ်ရေး သမဝါယမအသင်းပိုင် ရွှေဇေယျာ ဆန်စက်၊ မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် တစ်ရက်တန် ၂၀ ကျ အဆင့်မြင့်ဆန်စက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ရွှေမြိုင်စိုက်ပျိုးရေး နှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမ အသင်းပိုင် တစ်ရက်တန် ၆၀ ကျ ရွှေမြိုင်အဆင့်မြင့် ဆန်စက်ကို တည်ဆောက်ခဲ့ပြီး စက်စွမ်းအားပြည့် လည်ပတ်ဆောင်ရွက်လျက်ရှိကြပါသည်။
နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုအရ ဆီထွက်သီးနှံမှတစ်ဆင့် စားသုံးဆီဖူလုံရေးနှင့် ပြည်ပမှ စားသုံးဆီတင်သွင်းမှုကို လျှော့ချပြီး ပြည်တွင်းမှ ထွက်ရှိသော ပဲဆီ၊ နှမ်းဆီတို့ဖြင့် အစားထိုးဆောင်ရွက်နိုင်စေရေး ရည်ရွယ်၍ တိုင်းဒေသကြီး/ ပြည်နယ် ငါးခုရှိ မြို့နယ် ၁၁ မြို့နယ် (ပုဗ္ဗသီရိ၊ မြစ်ကြီးနား၊ မိုးကောင်း၊ မိုးညှင်း၊ ဗန်းမော်၊ ဇီးကုန်း၊ ရွှေတောင်၊ မကွေး၊ အောင်လံ၊ ပုသိမ်၊ ဟင်္သာတ)မြို့တို့တွင် နိုင်ငံတော်၏ ပံ့ပိုး ကူညီမှုအပါအဝင် အသင်းပိုင်ဆီစက် ၁၁ လုံး တည်ထောင်ပေး၍ သမဝါယမကဏ္ဍမှ ဆီစက် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစု ချုပ်၊ စမ်းဝတီမွေးမြူရေးနှင့် သဘာဝမြေဩဇာ ထုတ်လုပ်ရေးသမဝါယမအသင်းနှင့် ရွှေကမ္ဘာငွေစု ငွေချေးသမဝါယမအသင်းတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်ခဲ့သည်။ မန္တလေးနို့ချက်စက်ရုံကို ၁၄- ၁၂-၂၀၂၂ ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့ကာ နို့ချက် စက်ရုံမှ တစ်ရက်လျှင် နို့ဆီဘူး ၃၀၀၀ ထုတ်လုပ် လျက်ရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း နို့ဆီဘူး ၄၄၈၆၀၈ ဘူး တန်ဖိုးငွေကျပ် ၈၃၂၀ ဒသမ ၄၀၄ သိန်းကို ထုတ်လုပ်ရောင်းချ ဖြန့်ဖြူးပေးနိုင်ခဲ့ ပါသည်။
ဒေသတစ်ခုထုတ်ကုန်တစ်ခု (OROP) လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးမှုမှာ ကျေးလက်ဒေသတွင် တစ်ပိုင်တစ်နိုင် လုပ်ကိုင် ဆောင်ရွက်နေသည့် အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းငယ်များမှတစ်ဆင့် အရည်အသွေးပြည့်မီ သော တန်ဖိုးမြှင့်ထုတ်ကုန်များကို တိုးမြှင့် ထုတ်လုပ်နိုင်ရန်နှင့် ဒေသတွင်း/ပြည်ပသို့ ဈေးကွက် ချဲ့ထွင်ရောင်းချပေးနိုင်ရန် သမဝါယမအသင်းပေါင်း ၅၁ သင်းမှ ရိုးရာလုံချည်၊ ဝါးလက်မှုထည်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံး/အိမ်သုံးပစ္စည်း များ၊ ချည်ထည်ထုတ်လုပ်သည့် လုပ်ငန်းများကို သမဝါယမအသင်းသားများမှ တစ်ပိုင်တစ်နိုင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ထုတ်ကုန်ပစ္စည်းတန်ဖိုး စုစုပေါင်းငွေကျပ် ၂၈၃၁၄ ဒသမ ၃၄ သိန်းကို ထုတ်လုပ်နိုင်ခဲ့ပြီး ရောင်းချမှုအနေဖြင့် ငွေကျပ် ၃၂၆၇၈ ဒသမ ၆၆ သိန်းကို ရောင်းချဖြန့်ဖြူးနိုင်ခဲ့ ပါသည်။
ဟိုတယ်/မိုတယ်/တည်းခိုခန်းများ လုပ်ငန်း ဆောင်ရွက်မှုအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ တိုင်းဒေသကြီး/ပြည်နယ် ၁၅ ခု၊ မြို့နယ်ပေါင်း ၅၃ မြို့နယ်ရှိ သမဝါယမအသင်းစုစုပေါင်း ၇၃ သင်းမှ ဟိုတယ်ခုနစ်ခု၊ မိုတယ်ခုနစ်ခု၊ တည်းခိုခန်း ၆၀ နှင့် ဘော်ဒါဆောင် လေးခု ဆောင်ရွက်ထားပြီး တစ်နှစ်တာဝင်ငွေကျပ်သိန်းပေါင်း ၈၁၇၁ ဒသမ ၁၂ သိန်း ရရှိခဲ့ပါသည်။
တိုင်းဒေသကြီး/ပြည်နယ် ငါးခု၊ မြို့နယ် ၂၀ တွင် Cash Memo အရောင်းဆိုင် ၄၃ ဆိုင် ဖွင့်လှစ်၍ အမှတ်တရပစ္စည်းအရောင်းဆိုင်များ ဖွင့်လှစ် ရောင်းချလျက်ရှိရာ အဆိုပါဆိုင်များမှ နိုင်ငံတော် ဝင်ငွေ (State Income) ပေးသွင်းခဲ့ပါသည်။
ပြည်သူများစားဝတ်နေရေး အဆင်ပြေချောမွေ့ စေရေးအတွက် သမဝါယမကုန်သွယ်မှုကဏ္ဍမှ အရောင်းဆိုင်များဖွင့်လှစ်လျက်ရှိရာ အရောင်းဆိုင် လုပ်ငန်းအနေဖြင့် သမဝါယမအသင်းအရောင်းဆိုင် ၂၄၆ ဆိုင်မှ ကုန်မျိုးစုံရောင်းချခြင်း၊ ဒေသထွက်ကုန် ရောင်းချခြင်း၊ စိုက်ပျိုးရေးဆေးနှင့် သွင်းအားစု ရောင်းချခြင်း၊ မြေပဲဆီရောင်းချခြင်း၊ လျှပ်စစ်သုံးပစ္စည်းရောင်းချခြင်းနှင့် ပရိဘောဂရောင်းချခြင်းများ ဆောင်ရွက်လျက်ရှိရာ ၁-၄-၂၀၂၃ မှ ၃၁-၃-၂၀၂၄ ရက်နေ့အထိ စုစုပေါင်းရောင်းရငွေကျပ် ၈၇၅၅ ဒသမ ၄၅၃ သန်း၊ တစ်လပျမ်းမျှရောင်းရငွေကျပ် ၇၆၅ ဒသမ ၀၆ သန်းတန်ဖိုးကို ပြည်သူများ လွယ်ကူစွာဝယ်ယူနိုင်ရေး သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများတွင် ရောင်းချဆောင်ရွက်နိုင်ခဲ့ပါသည်။
ပြည်ပပို့ကုန်တင်ပို့
ပြည်ပပို့ကုန်တင်ပို့မှုအနေဖြင့် ရန်ကုန်တိုင်း ဒေသကြီး ကြည့်မြင်တိုင်မြို့နယ်ရှိ သီရိစန္ဒာ အထည်ချုပ်လုပ်ငန်းနှင့် အထွေထွေရောင်းဝယ်ရေးသမဝါယမအသင်းမှ ငွေကျပ် ၇၉၈၉ ဒသမ ၅၇၄ သန်းတန်ဖိုးရှိ အထည်မျိုးစုံကို ဂျပန်နိုင်ငံသို့ လည်းကောင်း၊ ရွှေပြည်သာမြို့နယ်ရှိ ကျေးဇူးတော် နှင့် တင့်တယ်ခြင်းအထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ ငွေကျပ် ၁၁၉ ဒသမ ၄၁ သန်းတန်ဖိုးရှိ တံမြက်စည်းများကို တောင်ကိုရီး ယားနိုင်ငံသို့လည်းကောင်း၊ ရှမ်းပြည်နယ် ဟိုပုံး မြို့နယ်ရှိ Green Gold ကော်ဖီစိုက်ပျိုးထုတ်လုပ် ရေးသမဝါယမအသင်းမှ ငွေကျပ် ၁၃၃၉ ဒသမ ၇၂ သန်းတန်ဖိုးရှိ ကော်ဖီမျိုးစုံကို ဆွစ်ဇာလန်နိုင်ငံ သို့လည်းကောင်း၊ မူဆယ်မြို့နယ်ရှိ စိန့်ဇေယျာ အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ ငွေကျပ် ၂၀၉၈၀ ဒသမ ၄၂၆ သန်း တန်ဖိုးရှိ ငါးရှဉ့်များကို တရုတ်နိုင်ငံသို့လည်းကောင်း တင်ပို့ ခဲ့ရာ ၁-၄-၂၀၂၃ မှ ၃၁-၃-၂၀၂၄ ရက်နေ့အထိ စုစုပေါင်းငွေကျပ် ၃၀၄၂၈ ဒသမ ၆၈၂ သန်း၊ USD ၁၄ ဒသမ ၄၄၆ သန်းဖိုးကို တင်ပို့နိုင်ခဲ့ပါသည်။
‘‘နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ’’တိုင်းဒေသကြီး/ပြည်နယ်ဖြင့် မြစိမ်းရောင်(သမဝါယမ) စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ၃၁-၃-၂၀၂၄ ရက်နေ့အထိ တိုင်းဒေသ ကြီး/ ပြည်နယ် ၁၂ ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သုံးခုတို့မှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကန်ထရိုက် လယ်ယာ၊ ဒေသတစ်ခုထုတ်ကုန်တစ်ခု (OROP)၊ အရောင်းဆိုင်လုပ်ငန်း၊ သဘာဝဓာတ်မြေဩဇာ စက်ရုံတည်ဆောက်ခြင်း၊ ဆီစက်အဆင့်မြှင့်ခြင်းနှင့် ဆီကြိတ်ခွဲခြင်း၊ ဝန်ဆောင်မှုလုပ်ငန်းနှင့် ရော်ဘာ စိုက်ပျိုးရေးလုပ်ငန်းတို့အတွက် စုစုပေါင်းငွေကျပ် ၈၉၀၇ ဒသမ ၃၆ သန်းဖြင့် ပြည်သူများအတွက် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် လျက်ရှိပါသည်။
ထို့ပြင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ် ဘဏ္ဍာရန်ပုံငွေများဖြင့် လူမှုစီးပွား မြှင့်တင်ရေးစီမံကိန်းကို သမဝါယမအသင်းများအား အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထူထောင်ပေး ခြင်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် စက်ကိရိယာ၊ စိုက်ပျိုးရေးနှင့် သွင်းအားစုလုပ်ငန်း၊ မွေးမြူရေး လုပ်ငန်း၊ ဆီစက်လုပ်ငန်း၊ ကုန်သွယ်အဆင့်မြှင့် လုပ်ငန်းတို့ကို လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် စုစုပေါင်းငွေကျပ် ၁၃၀၇ ဒသမ ၁၀၂ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုဘတ်ဂျက်ဖြင့် နေပြည်တော်တွင် ငွေကျပ် ၆၅၂ သန်းနှင့် ဧရာဝတီ တိုင်းဒေသကြီးတွင် ငွေကျပ် ၂၄၁ သန်းတို့ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
လုပ်ငန်းခွင်တွင် စွမ်းရည်ပြည့်ဝစေရန် သင်တန်းများဖွင့်လှစ်
သမဝါယမဦးစီးဌာနအဆင့်ဆင့်တွင် တာဝန် ထမ်းဆောင်နေကြသော အရာထမ်း၊ အမှုထမ်း ဝန်ထမ်းများ လုပ်ငန်းခွင်တွင် စွမ်းရည်ပြည့်ဝစွာ ဆောင်ရွက်နိုင်စေရန်နှင့် စာရင်းရေးစာရင်းကိုင်၊ စာရင်းစစ်ပညာများ ကျွမ်းကျင်တတ်မြောက်လာ စေရန်ရည်ရွယ်၍ လုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်း၊ အရာထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ၊ လုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ၊ အခြေခံ စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းများကို ဖွင့်လှစ် ပေးခဲ့ပါသည်။
သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေး ပညာသင်တန်းကျောင်းများကို မန္တလေး၊ မကွေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်မြို့တို့တွင် ဖွင့်လှစ် လျက်ရှိပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၅၂ ဦး တက်ရောက်အောင်မြင်ခဲ့ပါသည်။ သတ်မှတ်အရည် အချင်းနှင့် ပြည့်မီသည့် ကျောင်းသား ကျောင်းသူ ၃၄ ဦးမှာ သမဝါယမကောလိပ်များသို့ ပေါင်းကူး တက်ရောက်၍ ပညာဆက်လက်သင်ယူခွင့်ရရှိပြီး ၂၁၈ ဦးတို့မှာ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ဌာနဆိုင်ရာများ၊ သမဝါယမ အသင်းစုချုပ်များ၊ သမဝါယမအသင်းစုများ၊ သမဝါယမအသင်းများ၊ ကုမ္ပဏီများ၊ ဘဏ်များ၊ ပုဂ္ဂလိကလုပ်ငန်းများနှင့် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများတွင် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး ဆောင်ရွက်လျက်ရှိပါသည်။ သမဝါယမ ကောလိပ်များနှင့် သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများမှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား လေ့လာရေးခရီးများကို ပို့ဆောင်ပေးနိုင်ခဲ့ပါသည်။
ဝန်ကြီးဌာနအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် တောင်သူများအား လိုအပ်သည်များ ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိရာ ကိုယ်ကိုယ်တိုင်လုပ်၊ ကိုယ်ကိုယ်တိုင်သိပြီး တောင်သူများသို့ အတွေ့အကြုံများ မျှဝေပေးနိုင် အောင် ရုံးပတ်ဝန်းကျင်တွင် ကြက်၊ ဘဲ မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ငါးမွေးမြူရေး လုပ်ငန်းဆောင်ရွက်ခြင်း၊ စံပြစက်မှုလယ်ယာ ဖော်ထုတ်ဆောင်ရွက်ခြင်း၊ ဟင်းသီးဟင်းရွက် စိုက်ပျိုးခြင်း၊ နွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက် ခြင်းတို့ကို စံနမူနာအဖြစ် စီမံဆောင်ရွက်လျက် ရှိပါသည်။ တိုင်းဒေသကြီး/ ပြည်နယ်များမှ ဒေသ ထွက်ကုန်များကို ဝန်ထမ်းများ ဈေးနှုန်းချိုသာ စွာဖြင့် လွယ်လင့်တကူ ဝယ်ယူရရှိနိုင်ရေးအတွက် MCRD (Coop Mart) ဖွင့်လှစ်၍ရောင်းချ ဆောင်ရွက် ပေးလျက်ရှိပါသည်။
ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်အောင်မြင်လျက်ရှိ
ကမ္ဘာပေါ်ရှိ အောင်မြင်ပြီး ထိပ်တန်းနေရာကို ရောက်ရှိနေသော သမဝါယမအသင်းမှာ အမေရိကန် နိုင်ငံရှိ နို့နှင့်နို့ထွက်ပစ္စည်းများ ထုတ်လုပ်ရောင်းချ လျက်ရှိသော Dairy Farmers of America သမဝါယမအသင်းကြီးဖြစ်ပါသည်။ အသင်းဝင်၊ အသင်းပေါင်း ၁၄၅၀၀ ရှိပြီး နှစ်စဉ်ဝင်ငွေပျမ်းမျှ ၂၄ ဒသမ ၅ ဘီလီယံဒေါ်လာရရှိကာ ကမ္ဘာ့ဈေးကွက် တွင် ယှဉ်ပြိုင်အောင်မြင်လျက်ရှိပါသည်။ အာရှ တိုက်၏ အကြီးမားဆုံး သမဝါယမအဖွဲ့အစည်းမှာ IFFCO (Indian Farmers Fertiliser Co-operative) အသင်းကြီးဖြစ်ပြီး အသင်းဝင်နိုင်ငံ ၄၉ နိုင်ငံမှ အသင်းပေါင်း ၃၅၀၀၀ နှင့် အသင်းသားဦးရေ သန်း ၅၀ ဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။ အဆိုပါအသင်းကြီး၏ နှစ်စဉ်ဝင်ငွေမှာ ရူပီးငွေ ၃၂၃၄ ကုဋေခန့် ရရှိနေကြောင်း သိရသည်။
ဗဟိုသမဝါယမအသင်းသည် ၇-၉-၁၉၉၃ ရက် တွင် အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်၌ အသင်းဝင်အဖြစ် ပါဝင်ခဲ့ပါသည်။ ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက နှစ်စဉ် ဇူလိုင်လ ပထမပတ် စနေနေ့ကို အပြည်ပြည်ဆိုင်ရာသမဝါယမ နေ့အဖြစ် သတ်မှတ်ပေးခဲ့ခြင်းဖြစ်ပြီး ၁၉၂၃ ခုနှစ်မှ စတင်၍ ကျင်းပဆောင်ရွက်ခဲ့ရာ ယခုနှစ်ဆိုလျှင် (၁၀၂)နှစ်တိုင်ခဲ့ပြီဖြစ်ပါသည်။ မြန်မာနိုင်ငံမှာလည်း နှစ်စဉ် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အထိမ်း အမှတ်အခမ်းအနားကို ကျင်းပခဲ့ရာ ယနေ့ဆိုလျှင် အကြိမ် (၃၀)မြောက်ရှိခဲ့ပြီဖြစ်ပါသည်။
သို့ဖြစ်၍ မြန်မာ့သမဝါယမများအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှု၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ဦးဆောင်မှုတို့ဖြင့် သမဝါယမဦးစီးဌာန သမဝါယမ အသင်းနှင့် အသင်းသားပြည်သူများက ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ ဆောင်ပုဒ် ဖြစ်သော “Cooperatives Build a Better Future for All” “အနာဂတ်ဘဝ ပိုမိုကောင်းမွန်ရေး သမဝါယမက ဆောင်ရွက်ပေး” ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်မှုအခြေအနေများအား အပြည်ပြည် ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုကြိုဆိုရင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
- Log in to post comments