
လွိုင်ကော် ဩဂုတ် ၂၈
ကယားပြည်နယ်အစိုးရ အဖွဲ့ အနေဖြင့် ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ အရှိန် အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူ များသည် သြဂုတ် ၂၇ ရက်က လွိုင်ကော်မြို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် ပြည်သူ့ ဝန်ဆောင်မှုရုံး (OSS) ဖွင့်လှစ် ထားရှိမှု၊ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းနှင့် ရွှေတောင် ပရိယတ္တိ စာသင်တိုက်တို့၌ သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်မွမ်းမံနေမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော် မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ ဖွင့်လှစ်ထားရှိ သည့် ပြည်သူ့ဝန်ဆောင်မှုရုံးသို့ သွားရောက်ကာ ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ယခင် ဌာနဆိုင်ရာရုံးများ ပိတ်ထားခဲ့ရာ မှ ယခုအခါ ပြည်သူများ၏ လိုအပ် သည့် ကိစ္စရပ်များကို တစ်နေရာ တည်း ဆောင်ရွက်ပေးနိုင်ရန်နှင့် ပြည်သူများနှင့် ဌာနဆိုင်ရာများ ဆက်သွယ်ရာတွင် လွယ်ကူ လျင်မြန်စွာ ဆက်သွယ်ဆောင်ရွက် နိုင်ရန် ပြည်သူ့ဝန်ဆောင်မှုရုံးကို ဖွင့်လှစ်ပေးထားခြင်းဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ပြည်သူ့ ဝန်ဆောင်မှုရုံးတွင် ဌာနဆိုင်ရာ များနှင့်ဆောင်ရွက်ရမည့် လုပ်ငန်း လိုအပ်ချက်များကို လာရောက် စုံစမ်းမေးမြန်းနိုင်ကြောင်း၊ ဝန်ထမ်း များအနေဖြင့်လည်း လာရောက် စုံစမ်းသည့် ပြည်သူများအား သေချာရှင်းလင်း ညွှန်ပြပေးရန်၊ ကူညီဆောင်ရွက်ပေးရန် လိုအပ် သော လုပ်ငန်းများကို သတ်မှတ် ချက်နှင့်အညီ အမြန်ပြီးပြတ် အောင် ဆောင်ရွက်ပေးနိုင်ရေး တို့ကို မှာကြားခဲ့သည်။
ထို့နောက် ရုံးအတွင်းဖွင့်လှစ် ထားသည့် လူဝင်မှုကြီးကြပ်ရေး နှင့် အမျိုးသားမှတ်ပုံတင်ဌာနမှ ဆောင်ရွက်ပေးလျက်ရှိသော အိမ် ထောင်စုစာရင်းများ ပြုလုပ်ပေး ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ် နိုင်(၃)က၊ နိုင်(၆)ကများ ထုတ်ပေး ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ် မိတ္တူထုတ်ပေးခြင်း၊ မွေးဖွားမှု၊ သေဆုံးမှု ဆောင်ရွက်ပေးခြင်း၊ မြေစာရင်းဦးစီးဌာနမှ ဆောင်ရွက် ပေးလျက်ရှိသည့် ပုံစံ(၁၀၅)၊ (၁၀၆)ရေးကူးခြင်း ၊ လယ်ယာမြေ လုပ်ကိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇)လျှောက်ထားခြင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာများထုတ်ပေးခြင်း၊ ရဲအရေးပိုင်သောအမှုများ လက်ခံ ပြီး အမှုဖွင့်လှစ်နိုင်ရေး ရဲစခန်း သို့ လမ်းညွှန်ဆောင်ရွက်ပေးခြင်း အပါအဝင် ဌာန ၁၁ ခုမှ ဝန်ဆောင် မှုလုပ်ငန်း ဆောင်ရွက်ပေးနေမှု များကို လိုက်လံကြည့်ရှု၍ လုပ်ငန်း ဆောင်ရွက်ချက်များကို နေ့ချင်းပြီး ဆောင်ရွက်ပေးနိုင်ရေး၊ ပြည်သူ့ဝန်ဆောင်မှု ရုံးအတွင်း ဖွင့်လှစ်ထားသည့် ဌာနများအပြင် လိုအပ်ပါက အခြားဌာနများနှင့် ချိတ်ဆက် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ပြီးပြတ်အောင် ဆောင်ရွက် ပေးနိုင်ရေးတို့ကို မှာကြားခဲ့သည်။
ယင်းနောက် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဝန်ထမ်းများ ရုံးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှု ပြီး ဝန်ထမ်းများ၏ တင်ပြချက် များကို ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ သည်။
ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းနှင့် ရွှေတောင် ပရိယတ္တိစာသင်တိုက်သို့ သွား ရောက်၍ အကြမ်းဖက် သောင်း ကျန်းသူများ၏ အဖျက်အမှောင့် လုပ်ရပ်ကြောင့် ပျက်စီးခဲ့သည့် ပြည်နယ်သံဃနာယက ရုံးအဖွဲ့ အဆောက်အအုံ၊ အောင်မြင်ဓမ္မာရုံ နှင့် စာသင်ဆောင်များ၊ သာသန ရံသိကျောင်းဆောင်၊ ရွှေရတု ကျောင်းဆောင်နှင့် သာသနိက အဆောက်အအုံများ ပြန်လည် ပြုပြင်မွမ်းမံနေမှုနှင့် ပြီးစီးမှုများ ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး စာသင် တိုက်များရှိ စာသင်သံဃာတော် များ ပြန်လည်သီတင်းသုံးနိုင်ရေး အတွက် အမြန်ဆုံးပြီးစီးအောင် ပြုပြင်မွမ်းမံ ဆောင်ရွက်နိုင်ရေး တို့ကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်
(ပြန်/ဆက်)