ပြည်သူသို့ အသိပေးပန်ကြားချက်

 

နေ့စွဲ၊ ၁၆ - ၇ - ၂၀၂၁

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ပြည်သူတို့အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ (ကိုဗစ်-၁၉) ကူးစက်ဖြစ်ပွားမှုကို ထိရောက် စွာ   ကာကွယ်ထိန်းချုပ်ကုသနိုင်ရန်အတွက်  ကြိုးပမ်းဆောင်ရွက် လျက်ရှိရာတွင်  ပြည်သူများအနေဖြင့်  ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ အဆိုပါလုပ်ငန်းများသည် အချိန်တိုအတွင်း ထိရောက်အောင်မြင်၍ ယခုဖြစ်ပေါ်လျက်ရှိသော  ရောဂါတတိယလှိုင်းကို ထိခိုက်မှုအနည်း ဆုံးဖြင့် ကျော်ဖြတ်နိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အောက်ဖော်ပြပါ အချက်များကို အားလုံးကိုယ်စီ လိုက်နာဆောင်ရွက်၍ ပူးပေါင်းပါဝင် ပံ့ပိုးဆောင်ရွက်ပေးကြပါရန် အသိပေးပန်ကြားအပ်ပါသည်-
(၁)    တတ်နိုင်သမျှ အိမ်တွင်း၌သာနေထိုင်ပါ၊ အိမ်တွင်နေထိုင်ခြင်း သည်  မိမိကိုယ်တိုင်နှင့်အတူနေ  မိသားစုဝင်တို့အား ရောဂါ ကူးစက်မှုအန္တရာယ်မှ ကာကွယ်ပေးခြင်း၊  ရောဂါကွင်းဆက် များကို အချိန်တိုအတွင်း ပြတ်တောက်စေခြင်းနှင့် ဒေသတွင်း ရောဂါကို အမြန်ဆုံးထိန်းချုပ်နိုင်ခြင်းရလဒ်တို့ကို  ရရှိစေပါ သည်။ 
(၂)    အိမ်တွင် ဧည့်သည်လက်ခံခြင်း  လုံးဝမပြုပါနှင့်၊ မိမိကိုယ်တိုင် လည်း  ဧည့်သည်အဖြစ်  သွားရောက်ခြင်း  လုံးဝမပြုပါနှင့်။
(၃)    မဖြစ်မနေအပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို  မဖြစ်မနေတပ်ဆင်ပါ၊  လက်ကို  အနည်းဆုံး စက္ကန့်(၂၀)ကြာအောင်    စနစ်တကျဆေးကြောပါ၊  အခြားသူများနှင့် (၆)ပေအကွာ ခပ်ခွာခွာနေပါ၊ လေဝင်လေထွက်  မကောင်း သော  အခန်းများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ပါ။ 
(၄)    လူစုလူဝေး   လုံးဝရှောင်ကြဉ်ပါ။
(၅)    ဖြစ်နိုင်ပါက တစ်ပတ်လျှင် တစ်ကြိမ်ခန့်သာ ဈေးဝယ်ယူပါ၊ ပါးစပ်နှင့်  နှာခေါင်းစည်း စနစ်တကျတပ်ဆင်ထားခြင်း မရှိ သော ဈေးရောင်းသူများထံမှ ဈေးမဝယ်ပါနှင့်။
(၆)    အပြင်ထွက်ရာမှ   အိမ်ပြန်ရောက်သောအခါတွင်  အိမ်သို့ ရောဂါပိုးများ  သယ်ဆောင်လာခြင်းမရှိစေရန်   သတိပြုပါ၊ အသုံးပြုပြီးသော ပါးစပ်နှင့် နှာခေါင်းစည်း (Mask)နှင့် တစ်ခါ သုံးပစ္စည်းများကို     အိမ်အပြင်တွင်    စနစ်တကျစွန့်ပစ်ပါ၊ အဝတ်အစား မလဲမီ/ကိုယ်လက်သန့်စင်ခြင်းမပြုမီ အိမ်သား များနှင့် အနီးကပ်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။ 
(၇)    ရောဂါကာကွယ်   ထိန်းချုပ်ကုသရေး   လုပ်ငန်းများတွင် တတ်နိုင်သည့်ဘက်မှ    လူအင်အား၊   ငွေကြေး၊   ပစ္စည်း၊ ကျွမ်းကျင်မှုပညာရပ်များဖြင့်  စနစ်တကျပါဝင်  ပူးပေါင်းပံ့ပိုး ပေးကြပါရန် ဖြစ်ပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန