ပြည်သူတို့၏တာဝန်

Type


 

ဖြိုးလေး
 

၁။    အခြေအနေ
လက်ရှိမြန်မာနိုင်ငံ၏အခြေအနေကို ကောင်းသည်ဆိုးသည်ဟု မိမိ မြင်သမျှရှုထောင့်မှ  အကဲဖြတ်သုံးသပ်ခြင်းထက်  ပကတိမြေပြင် အခြေအနေအရပ်ရပ်ကို လေ့လာအပ်ပါသည်။ နိုင်ငံသူ နိုင်ငံသား အများစုသည် မိမိတို့ဆန္ဒမရှိခဲ့ကြသော်လည်း မရှောင်လွှဲနိုင်သော အောက်ပါကပ်ဆိုးနှစ်မျိုးနှင့် တည့်တည့်တိုးကာ ဆင်းရဲပင်ပန်းနေ ကြရှာပါသည်။ ကုန်းရုန်းထနေရသည်။
    (က)    ၂၀၁၉ ခုနှစ်မှ  စတင်ဖြစ်ပွားပျံ့နှံ့လာသော  ကူးစက်မြန်  အဆုတ်ကိုထိခိုက်သော  ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဆိုးက နူရာဝဲစွဲ ဖြစ်စေခဲ့ပြီ။ ယနေ့အထိ -
            (၁)    ကူးစက်ခံရသူ ၅၁၉၁၀၂ ဦး
            (၂)    သေဆုံးသူ ၁၉၀၄၁ ဦး
    (ခ)    ၂၀၂၁ ခုနှစ် ဧပြီလမှ    စတင်ဖြစ်ပွားလာသော  အကြမ်း ဖက်အစွန်းရောက်လူစုကြောင့် မီးရှို့၊ ဗုံးခွဲ၊ လူသတ်၊ လူသားချင်း စာနာထောက်ထားခြင်းကင်းစွာ ဥပဒေမဲ့ရက်စက်ရိုင်းစိုင်းမှု သတ္ထန္တရ ကပ်ဘေးဆိုးအန္တရာယ်ဆိုးက လဲရာသူခိုး ထောင်းနေသည်။
            (၁)    ဖျက်ဆီးမီးရှို့ခံရမှု
                (၁)    စာသင်ကျောင်း ၄၄၄ ကျောင်း
                (၂)    ဆေးရုံ၊ ဆေးခန်း ၂၅ ခု
                (၃)    ဈေး ၁၀ ဈေးမှ ဆိုင်ခန်းများ
            (၂)    သတ်ဖြတ်ခံရသူ ၂၆၃ ဦး
            (၃)    ထိခိုက်ဒဏ်ရာရသူ ၂၅၀
    ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ ကုသရေးအခြေ အနေများ၊ ပြည်သူနှင့်အစိုးရ တက်ညီလက်ညီပူးပေါင်းလျက် ကျန်းမာ ရေး အသိရှိစွာ သတိပြုလိုက်နာကြခြင်းများ၊ ဆန္ဒပြသပိတ်မှောက်ကာ ဆေးကုသမှုတာဝန်မှ  စွန့်ခွာရှောင်လွှဲသွားသော  ဆရာဝန်၊ ဆရာမ များကြောင့် တာဝန်လေးစား  လူလူချင်းစာနာထောက်ထားသော ဆေးပညာရှင် ဆရာဝန်၊ ဆရာမများ ရှိသမျှအင်အားဖြင့် အားစိုက် ခွန်စိုက်   နေ့ညမပြတ်   ဆောင်ရွက်ခဲ့ကြခြင်း၊    ဒေသခံပြည်သူနှင့် တာဝန်ရှိသော အကြီးအကဲများ စည်းလုံးမှုဖြင့် အောက်ဆီဂျင်အိုးများ အရေးပေါ် လိုအပ်ချက်ကို စက်ရုံအမြန်တည်ဆောက်ခြင်း၊  နိုင်ငံခြားမှ  အမြန်  တင်သွင်းခြင်း   စသည်တို့ကို   အခက်အခဲအမျိုးမျိုးကြားမှ စည်းလုံးညီညွတ်စွာ  လူနာများကို တတ်နိုင်သမျှ  ကယ်တင်ခြင်းတို့ ဆောင်ရွက်ကြသော်လည်း   ကာကွယ်ဆေးမထိုးရန်   ခြိမ်းခြောက် တားမြစ်ခြင်း၊ ဆေးထိုးပေးသောနေရာများကို  ဗုံးခွဲခြင်း၊ ဆရာဝန်၊ ဆရာမများနှင့်   ပြည်သူလူထုကို  ဟန့်တားခြိမ်းခြောက်ခြင်း စသော အဖျက်အမှောင့်    အမျိုးမျိုးကိုလည်း   ကြုံတွေ့ဖြတ်သန်းခဲ့ကြရ ပေသည်။
    အချိန်နှင့် ဒီရေသည် လူကိုမစောင့်ပေ။
    လေလာတုန်းရွက်လွှင့်ရမှာဖြစ်ပါသည်။
    နေပူတုန်းမှာ စပါးလှန်းရပါ၏။ 
    လသာတုန်းသာ ဗိုင်းငင်ရသည်မဟုတ်လား။
    မိုးလွန်မှ ထွန်ချချင်၍ အကျိုးမရနိုင်။
    အချိန်နှင့်တစ်ပြေးညီ လုပ်ဆောင်ကြရန်အတွက် ပြည်သူတို့၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတို့တွင် မည်မျှပင် ကြိုးစားကြစေကာ မူ အချိန်ရှိခိုက်  လုံ့လစိုက်၍  မရအောင်  အသိဉာဏ်ခေါင်းပါးသော လူအချို့သည် ပြည်ပမှ ပူးသွင်းထားသော စိတ်ရူးစိတ်နောက်များ နားဝင်အပမှီ(ပယောဂပူးဝင်)နေသဖြင့် အလုံးစုံ ပျက်သုဉ်းရေး၊ မြန်မာ နိုင်ငံကို ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဆင့်မှ ကျရှုံးနိုင်ငံအဖြစ်သို့ တစ်စစီ ပြိုကွဲပျက်စီးသွားအောင် လုပ်ဆောင်လျက်ရှိနေကြပေသည်။
    ဤသို့သော ဆိုးရွားပြင်းထန်သော ကူးစက်မြန် ရောဂန္တရကပ် ရောဂါဘေး၊ ဖောက်ခွဲ၊ ဖျက်ဆီး၊ မီးရှို့၊ လူသတ်ပြုလုပ်နေကြသော သတ္ထန္တရကပ်ဆိုးဘေးရန်၊  အခက်အခဲအမျိုးမျိုး၊  အတားအဆီး အသွယ်သွယ်တို့ကို ဖြတ်သန်းလျက် အောက်ပါဦးတည်ချက်များဆီသို့  ပြည်သူများနှင့်အတူ မိမိတို့သည် မရောက်ရောက်အောင် အကောင် အထည်ဖော်  ဆောင်ရွက်နိုင်ကြမည်ဟု  မမှိတ်မသုန်  ယုံကြည်ကြပါသည်။
၂။     ဦးတည်ချက် 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက် (၉) ရပ်
    ၁။    နိုင်ငံရေး 
            (က)    စစ်မှန်၍စည်းကမ်းပြည့်ဝသော   ပါတီစုံဒီမိုကရေစီ စနစ်ကို တရားမျှတမှုအပြည့် ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး 
            ( ခ )    တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက်  တစ်နိုင်ငံလုံး  ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ပါအတိုင်း အလေးထားလုပ်ဆောင်ရေး 
            ( ဂ )    လွတ်လပ်၍တက်ကြွပြီး  ဘက်မလိုက်သော နိုင်ငံခြား ရေးမူဝါဒကို ကျင့်သုံးပြီး နိုင်ငံများအကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေး“မူ”ကို ဆက်လက်လိုက်နာကျင့်သုံးရေး 
    ၂။    စီးပွားရေး 
            (က)    စိုက်ပျိုးရေးနှင့်   မွေးမြူရေးကိုအခြေခံသည့်  ကုန် ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့်   ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး  အခြားစီးပွားရေးကဏ္ဍများကိုလည်း  ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ရေး 
            ( ခ )    ဈေးကွက်စီးပွားရေးစနစ်      တည်ငြိမ်အောင် ဖော်ဆောင်ပြီး    နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို    ဖိတ်ခေါ်၍  တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး 
            ( ဂ )    ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးကူညီ ပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး 
    ၃။    လူမှုရေး 
            (က)    စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စု စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး 
            ( ခ )    တိုင်းရင်းသားလူမျိုးအပေါင်းတို့၏    ဓလေ့ထုံးတမ်း အစဉ်အလာများကို  လေးစားလိုက်နာပြီး   အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ  မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး 
            ( ဂ ) တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည် မြင့်မားရေး
၃။    အကျုံးဝင်သောအချက်များ
    (က) နိုင်ငံတကာအင်အားကြီးနိုင်ငံများ အားပြိုင်နေမှုအခြေအနေ နှင့် စွက်ဖက်ခြယ်လှယ်နေကြပုံ
    (ခ) ပထဝီနိုင်ငံရေး၊ တရုတ်၊ အိန္ဒိယ၊ အင်အားကြီးမားရန် အရှိန် ယူနေသော အဏုမြူလက်နက်ပိုင်ဆိုင်ကြသည့် အိမ်နီးချင်းနိုင်ငံကြီး နှစ်ခုကြား၊  အာဆီယံအဖွဲ့ဝင်  (တရုတ်နိုင်ငံ၏  အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်က  ပစိဖိတ်နှင့်  တောင်တရုတ်ပင်လယ်ထက်  အချိန်၊  အကွာအဝေး၊ စရိတ် လေးပုံတစ်ပုံမျှ မြန်ဆန်၊ သက်သာ ၊ အကျိုးရှိ သော မြန်မာ့မြေကို ဖြတ်သန်းရန် လိုအပ်နေခြင်း)
    (ဂ) တရုတ်၏ ဆက်သွယ်ရေးလမ်းကြောင်းများကို နည်းမျိုးစုံ ဖြင့်  ပိတ်ဆို့ရန်   အမေရိကန်ပြည်ထောင်စု၏   ရည်မှန်းချက်တွင် မြန်မာပြည်ကို ဖရိုဖရဲဖြစ်ဖို့နှင့် မီးရှို့ရန် စီမံလိုခြင်း
    (ဃ) မြန်မာပြည်တိုင်းရင်းသားခေါင်းဆောင်များ အမြင်ကျယ်စွာ သွေးစည်းညီညာရမည့်အချိန်ဖြစ်နေခြင်း
    (င) နွားကွဲလျှင် ကျားဆွဲတော့မည်။ (ဝင်လာဖို့ ကပ်နေပြီ) 
    (စ) ပြည်သူအများ မျိုးချစ်စိတ်ဓာတ်၊ အမျိုးသားရေးခွန်အား၊ နယ်ချဲ့ဆန့်ကျင်ရေးအစဉ်အလာများ  နိုးကြားကြရန်  အဓိကကျ ခြင်း
၄။    သုံးသပ်ဖော်ထုတ်ချက်
    (က) လက်ရှိအခြေအနေမှာ လက်နက်ကိုင်တော်လှန်ရေးသည် မှန်ကန်သောလမ်းစဉ်/ နည်းနာမဟုတ်ပါ။
    (ခ) ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုများအား ကောင်းအောင် အခြေခံကျကျ ပြုပြင်ပြောင်းလဲကာ ဒီမိုကရေစီစနစ်၊ ပြည်ထောင်စုစနစ်နှင့် ကိုက်ညီဆီလျော်အောင် လုပ်ဆောင်ကြရန် ဖြစ်ပါသည်။
    (ဂ) ခိုင်ခိုင်မာမာ ခြေခြေမြစ်မြစ်လုပ်ဆောင်ရမည်တို့ကို အချိန်ယူ စီမံသကဲ့သို့ စီးပွားရေး၊ ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ပို့ကုန်မြှင့်တင် ရေးစသည်တို့နှင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊  စက်မှုထွန်းကားရေး လျှပ်စစ်စွမ်းအား  အသုံးချနိုင်ရေး စသည်တို့မှာမူ မြန်နိုင်သမျှမြန်စွာ၊ စောနိုင်သမျှစောစွာ အောင်မြင်တိုးတက်ရန် စီမံကြရပါမည်။
    (ဃ) လူဦးရေ ၇၀ ရာခိုင်နှုန်း  နေထိုင်နေကြသော  လူများစု ကျေးလက်ကျေးရွာလူထု၏  ပညာရေး၊ ကျန်းမာရေး၊  လမ်းပန်း ဆက်သွယ်ရေး၊ ရေကောင်းရေသန့်ရရှိရေး၊ စီးပွားရေးမြှင့်တင်ရေး၊ လျှပ်စစ်ရောက်ရှိရေးတို့ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ကြရပါမည်။
    (င) ကိုယ့်ပြည်တွင်းရှိ  ကိုယ့်ပြည်သူများ၏  လူသားအရင်း အမြစ်ဖွံ့ဖြိုးရေးကို မြှင့်တင်တည်ဆောက်ရပါမည်။
    (စ) ပြင်ပအင်အားနှင့် ကူညီထောက်ပံ့မှုများကိုလည်း ခင်မင် ရင်းနှီးစွာ ဆက်ဆံလျက် အပြန်အလှန်လေးစားယုံကြည်မှု အခြေခံ၍ အကျိုးရှိစွာ ရယူရပါမည်။
    (ဆ) အာဏာရရင်ပြီးရော ပြည်ပဩဇာခံလည်းဖြစ်ပါစေဟု သဘောထားသော ကိုယ်ကျိုးရှာ တစ်ကိုယ်ကောင်း နိုင်ငံရေးသမား များကို အားမပေးသင့်ပေ။
    (ဇ) အမျိုးဂုဏ်ဇာတိဂုဏ်နှင့် နိုင်ငံတော်ကို ဂုဏ်မြှင့်၍ နိုင်ငံ တကာမှာ ဝင့်ထည်သောနေရာသို့ ရောက်ရှိစေနိုင်မည့် ခေါင်းဆောင် ကောင်းများကို ထောက်ခံအားပေးကြရမည်။
၅။    ပြည်သူတစ်ဦးချင်းစီ၏ တာဝန် 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေး နှင့် တာဝန်များ၌ နိုင်ငံသား (ပြည်သူ) တစ်ဦးချင်း၏ တာဝန်များကို ပုဒ်မ ၈ ခုဖြင့် ပြဋ္ဌာန်းထားပါသည်။ 
၎င်းတို့အနက်   ပုဒ်မ    ၃၈၃  တွင်   နိုင်ငံသားတိုင်းသည်   ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို  စောင့်ထိန်းရန် တာဝန်ရှိသည်ဟုလည်းကောင်း၊  ပုဒ်မ ၃၈၅ တွင်  ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို   ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်ဟု လည်းကောင်း၊ ပုဒ်မ ၃၈၆ တွင် နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာ သင်ကြားရန်နှင့်  နိုင်ငံတော်ကာကွယ်ရေးအတွက်   စစ်မှုထမ်းရန် တာဝန်ရှိသည်ဟုလည်းကောင်း ဖော်ပြထားပါသည်။
ထို့ပြင်  ပုဒ်မ ၃၈၇ တွင်  နိုင်ငံသားတိုင်းသည် ပြည်ထောင်စု စိတ်ဓာတ်ကို အခြေခံ၍ တိုင်းရင်းသားလူမျိုးအချင်းချင်း စည်းလုံး ညီညွတ်ရေးနှင့် ပြည်သူတစ်ရပ်လုံး အေးချမ်းသာယာရေးတို့အတွက် ကြိုးပမ်းအားထုတ်ဆောင်ရွက်ရန် တာဝန်ရှိသည်ဟုလည်းကောင်း၊  ပုဒ်မ ၃၈၈ တွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးပေါ်ထွန်း စေရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်ဟုလည်းကောင်း၊ ပုဒ်မ  ၃၈၉  တွင်  နိုင်ငံသားတိုင်းသည်  ဥပဒေအရ   ပေးဆောင်ရ မည့်  အခွန်အကောက်များကို   ပေးဆောင်ရန် တာဝန်ရှိသည်ဟု လည်းကောင်း၊  ပုဒ်မ  ၃၉၀ တွင်  နိုင်ငံသားတိုင်းသည် အမျိုးသား ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး  မြင့်မားလာစေရန်ကြိုးပမ်းခြင်း၊   အများပြည်သူ ပိုင်ပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းတို့တွင် နိုင်ငံတော်အား ကူညီရန် တာဝန်ရှိသည်ဟုလည်းကောင်း ပါရှိပါသည်။ 
  
နိဂုံး
    ပြည်သူ့အားသည် ပြည်တွင်းမှာသာရှိသည်။
    ပြည်သူ၏ စွမ်းအားသည် အကြီးမားဆုံးဖြစ်သည်။
    ပြည်သူသည်သာ အဓိကကျကြောင်း အမျိုးသားလွတ်လပ်ရေး၊ 
    နယ်ချဲ့ဆန့်ကျင်ရေးသမိုင်းများက  အထင်အရှားသက်သေပြ 
    ခဲ့သည်။ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲအောင် နှစ်ပေါင်း
    ၇၀ ကျော်     အခက်အခဲအမျိုးမျိုးကြားက     တာဝန်ကျေစွာ
     လက်ဆင့်ကမ်းခဲ့ကြသည်မှာ      စိန်ရတုတိုင်တော့မည်။ ပြည်သူ
    များ နိုးကြားတက်ကြွသည်နှင့် အမျှ        ပန်းတိုင်ဦးတည်ချက်များ 
    အောင်မြင်ကြလိမ့်မည်။