ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးမင်းသူအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူ

နေပြည်တော်  ဇန်နဝါရီ  ၂၅ 


ပြည်ထောင်စုအစိုးရအဖွဲ့ရုံး    ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးမင်းသူ အပေါ်    အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့်အညီ         အရေးယူပေးပါရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က      စုံစမ်း စစ်ဆေးရေးအဖွဲ့      ဖွဲ့စည်းစစ်ဆေးခဲ့သည်။


စုံစမ်းစစ်ဆေးရေးအဖွဲ့၏    စစ်ဆေး တွေ့ရှိချက်အရ  ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီးဟောင်း ဦးမင်းသူသည်      နိုင်ငံရေးရာထူးလက်ရှိ ဖြစ်ခဲ့စဉ်   ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ အတွင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ကုမ္ပဏီပိုင်ရှင်တစ်ဦးထံ ဆက်သွယ်၍ NLD တံဆိပ်ပါသော တီရှပ်အင်္ကျီအထည် ၁၈၀၀၀ အတွက်   ငွေကျပ် ၃၁၅ သိန်းကိုလည်းကောင်း၊   NLD   တံဆိပ်ပါသော    လွယ်အိတ်များ ဝယ်ယူရန်အတွက်    ငွေကျပ်  သိန်း ၃၆၀ ကိုလည်းကောင်း      လက်ခံရယူခဲ့ခြင်းသည်   ရာထူးတာဝန်ကို  အလွဲသုံးစားပြု၍     အဂတိ လိုက်စားမှု     ကျူးလွန်ခြင်းဖြစ်ကြောင်း     စစ်ဆေးပေါ်ပေါက်သဖြင့်     ၎င်းအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရ နေပြည်တော်  ဥတ္တရသီရိမြို့နယ်ဘုရားကုန်းမြို့မရဲစခန်းတွင် ယနေ့ရက်စွဲဖြင့် ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍    တရားစွဲဆို    အရေးယူနိုင်ရေးဆောင်ရွက် လျက်ရှိကြောင်း        အဂတိလိုက်စားမှု    တိုက်ဖျက်ရေးကော်မရှင်မှ သိရသည်။ 


သတင်းစဉ်