ပြည်ထောင်စုငြိမ်းချမ်းသာယာရေးတွင် ပူးပေါင်းပါဝင်ကြမည်

Type

 

မောင်သောမန

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးသည်မှာ ၇၃ နှစ်ကျော်ပြီ။ ကာလအားဖြင့် လူ့သက်တမ်းတစ်ခုခန့်ရှိပြီ။ လွတ်လပ်ရေးရပြီး မွေးဖွားလာသော တိုင်းရင်းသား ပြည်သူအချို့မှာ လွတ်လပ်သော တိုင်းပြည်တွင် နေထိုင်ခဲ့ကြသော်လည်း လွတ်လပ်ရေး၏ အသီးအပွင့်၊ လွတ်လပ်ရေး၏ ခံစားခွင့်တို့ကို တင်းပြည့်ကျပ်ပြည့် မရခဲ့ကြပါဟု ဆိုရမည်။ အဘယ်ကြောင့် မရခဲ့ကြပါသနည်း။ လက်နက်ကိုင်ပဋိပက္ခများကြား မငြိမ်းချမ်းသောဘဝများတွင် နစ်မွမ်းနေကြရသောကြောင့် ဖြစ်သည်။


သို့ပါ၍ ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွက် အထူးလိုအပ်နေသည်မှာ ငြိမ်းချမ်းရေးပင်ဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခများသည် လွတ်လပ်ရေးနှင့် အတူ   ပေါ်ပေါက်လာသည်။   သဘောထားအမြင်၊ ယုံကြည်ချက်၊ ခံယူချက် မတူကွဲပြားမှုများကြောင့် ပဋိပက္ခများမှာ ယနေ့ထက်တိုင် အဆုံးမသတ်နိုင် သေးပေ။ နှစ်ပေါင်း ၇၀ ကျော်ကြာ မငြိမ်းချမ်းသော ဘဝများမှာ ကြေကွဲစရာ၊ စိတ်မကောင်းစရာများပင် ဖြစ်သည်။ ရလဒ်မှာ မငြိမ်းချမ်းသော အရပ်ဒေသ များမှ တိုင်းရင်းသားပြည်သူများ ဒုက္ခသုက္ခများနှင့် နိမ့်ကျသောဘဝများတွင်   ရှင်သန်နေကြရသည်။ ယင်းတို့ကို   အားလုံးက     နားလည်ကြပါသည်။ ကာယကံရှင်များက ပို၍ပင်သိကြပါသည်။ ပို၍ပင် ခံစားကြရပါသည်။ ငြိမ်းချမ်းရေးကို လိုလားကြပါ သည်။ သို့သော် ငြိမ်းချမ်းရေးနှင့် အလှမ်းမနီးသေးပါ။  


သူ့စည်းကိုယ့်စည်း


ဤပြည်ထောင်စုကြီးတွင်      ရှေးနှစ်ပေါင်း ထောင်ချီကတည်းက   တိုင်းရင်းသားလူမျိုးများ အားလုံး   အတူတကွလက်တွဲနေထိုင်ခဲ့ကြသည်။ တစ်မိုးအောက်၌ တစ်အိမ်တည်းအတူနေ မိသားစု အချင်းချင်းဖြစ်ကြသည်။ သဘောထားမတူကွဲပြားမှု များကြောင့် ညီအစ်ကိုမောင်နှမအချင်းချင်း စိတ်ဝမ်း ကွဲသလိုဖြစ်ခဲ့ကြသည်။ ဤပြည်ထောင်စုအိမ်ကြီးမှ ခွဲခွာလျှင် “အမိမဲ့သား ရေနည်းငါး” ကဲ့သို့ ဖြစ်ကြ မည်ကိုလည်း   နားလည်ကြသည်။  သဘောထား မတိုက်ဆိုင်သော်လည်း အကြောင်းရှိသော် သွေးက မနေသည်ကိုလည်း   သိနေကြသည်။  ပေါင်းစပ်ညှိ သော် ခွင့်လွှတ်သည်းခံနိုင်သည်ကိုလည်း နားလည်  ကြသည်။    ရေမြေသဘာဝ၊    လူမျိုးကွဲပြားမှုနှင့် ယုံကြည်ချက်၊   ခံယူချက်မတူညီမှုတို့ကြောင့်သာ နီးလျက်နှင့်ဝေးနေကြသည်။ ထို့ကြောင့် ငြိမ်းချမ်း ရေးကို မရမနေ ကြိုးပမ်းနေရသည်။ ငြိမ်းချမ်းရေးကို  စိတ်ရှည်သည်းခံ စောင့်မျှော်နေကြသည်။ နားလည် လက်ခံ ရပ်တည်နေနိုင်ကြသည်။ သူ့စည်းကိုယ့်စည်း အကန့်အသတ်နှင့် နေနေကြသည်။


တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ နှင့် ငြိမ်းချမ်းရေးရရှိရေးကို အစိုးရအဆက်ဆက် တို့က ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ပဏာမခြေလှမ်း အဖြစ်   NCA  တွင်   လက်မှတ်ရေးထိုးကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များလည်း ရှိသည်။ လက်မှတ်မထိုးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များလည်း ရှိသည်။ ငြိမ်းချမ်းရေးကို လိုလား သော်လည်း    ရံဖန်ရံခါ     ထိတွေ့မှုအချို့ရှိသည်။ တပ်မတော်အနေဖြင့်   တိုင်းရင်းသားပြည်သူများ အားလုံး၏ အကျိုးစီးပွားကိုရှေးရှု၍ ငြိမ်းချမ်းရေးကို  အလေးထား    ဦးစားပေးသည်။     တိုင်းရင်းသား ညီအစ်ကိုမောင်နှမအချင်းချင်းဖြစ်၍ စိတ်ဝမ်းမကွဲ လိုပေ။ ခိုက်ရန်ဖြစ်ပွားခြင်းကို   အထူးရှောင်ရှား လိုသည်။    ထာဝရငြိမ်းချမ်းရေးကို   မဖြစ်မနေ ဆောင်ရွက်ရမည့်လုပ်ငန်းအဖြစ် အပြည့်အဝခံယူ ထားသည်။ ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းများ ချောမွေ့ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်  စစ်ရေးလှုပ်ရှားမှု များကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ယနေ့ ထိတိုင် ရပ်ဆိုင်းပေးထားသည်။ စစ်ပွဲ၏ အနိဋ္ဌာရုံ များ၊ ဆိုးကျိုးများ၊ စစ်ပွဲမရှိ၍ နေထိုင်ရသော ဘဝ အခြေအနေများကို အားလုံးက နားလည်ကြသည်။


သမိုင်းကို နားမလည်သူ 


တိုင်းရင်းသား          လက်နက်ကိုင်အဖွဲ့များမှာ များသောအားဖြင့်   ကိုယ့်နယ်မြေ၊   ကိုယ့်ဒေသ တွင်သာ ရပ်တည်နေကြသည်ကို တွေ့ရမည်ဖြစ် သည်။   အပစ်အခတ်ရပ်ဆိုင်းထားသည့်    အကျိုး တရားကို     နားလည်ကြသည်။    ရံဖန်ရံခါတွင် ဖောက်ဖျက်  ထိတွေ့မှုများရှိခဲ့သည်။  မည်သို့ပင် ဖြစ်စေ လက်နက်ကိုင် ပဋိပက္ခများသည် ကာလ ရှည်ကြာလာပြီဖြစ်ရာ       စစ်ရေးအတွေ့အကြုံ၊ နိုင်ငံရေးအတွေ့အကြုံ၊ ဒုက္ခဆင်းရဲ အတွေ့အကြုံ များ ရရှိနေကြပြီ။ ငြိမ်းချမ်းခြင်း၏ အကျိုး၊ မငြိမ်း ချမ်းခြင်း၏ ရလဒ်တို့ကို သိနေကြသည်။ တပ်မတော် နှင့်အတူ     တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လည်း ငြိမ်းချမ်းရေးကို လိုလားကြမည်မှာ မလွဲပေ။  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ခံယူချက် မှာ ၎င်းတို့ တိုင်းရင်းသား အခွင့်အရေးအတွက် ဖြစ်သည်။ တိုင်းပြည်အာဏာရယူရေးအတွက် မဟုတ် ပေ။  ယခုအခါ   တိုင်းပြည်အာဏာရရှိရေးအတွက်  လက်နက်ကိုင်လိုသည့် လူတန်းစားများ ပေါ်ပေါက် လာသည်။ လက်နက်ကိုင်သံသရာအတွင်း၌ နစ်မွမ်း နေသော တိုင်းပြည်တွင်   လက်နက်ကိုင်နည်းလမ်းကို ရွေးချယ်ခြင်းသည် နိုင်ငံ၏သမိုင်းကို နားမလည် ကြသည့် မိုက်မဲသူများဟု ဆိုရမည်ဖြစ်သည်။


တည်ဆဲဥပဒေများကို လိုက်နာခြင်းမရှိဘဲ နိုင်ငံ တော်အစိုးရကို နိုင်ငံပြင်ပမှ ဆန့်ကျင်တော်လှန်ရန်  ကြိုးစားခြင်းသည် မျက်ကန်းတစ္ဆေခြောက်နေခြင်း သာဖြစ်သည်။ ၎င်းတို့၏ မရိုးသားမှုကြောင့် အာဏာ လက်လွှတ်လိုက်ရသည်ကို   မကျေမချမ်းဖြစ်ပြီး  လက်နက်ကိုင်နည်းလမ်းဖြင့် အာဏာရရှိရေးကို  ကြံစည်ကြသူများမှာ CRPH  နှင့် NUG တို့ဖြစ် သည်။ ၎င်းတို့က သွေးထိုးမြှောက်ပင့်သွေးထိုးပေး နေသော အကြမ်းဖက်  အဖျက်သမားများသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် တစိုက်မတ်မတ်လုပ်ဆောင်လျက်ရှိသည်။ အကြမ်း ဖက်အဖွဲ့ NUG သည် စက်တင်ဘာလ ၇ ရက်နေ့က ပြည်သူလူထု၏    လူမှုစီးပွားဘဝနှင့်    နိုင်ငံတော်  တည်ငြိမ်အေးချမ်းရေးကို ပျက်စီးစေရန် အရေးပေါ် အခြေအနေဟု ကြေညာခဲ့သည်။ ငြိမ်းတော့မည့်မီး  ထတောက်သကဲ့သို့ဖြစ်သည်။ မထူးဇာတ်လမ်းခင်း သည့်  သဘောဖြစ်သည်။  ကုလသမဂ္ဂအထွေထွေ ညီလာခံအတွက် ပရိုမိုးရှင်းလုပ်ခြင်းသာဖြစ်သည်။  ၎င်းတို့၏လက်အောက်ခံ PDF ဟုဆိုသူ လူမိုက် များက ကျောက်ကျွဲခတ်သလို အပြစ်မဲ့ ပြည်သူများ အား သတ်ဖြတ်ကြသည်။   အများပြည်သူဆိုင်ရာ အဆောက်အအုံများကို အလစ်အငိုက်  တိုက်ခိုက် ဖျက်ဆီးမှုများ ပြုလုပ်ကြသည်။ နိုင်ငံတော်အစိုးရက အကြမ်းဖက်အဖျက်သမားများကို ဥပဒေကြောင်း အရ ထိထိရောက်ရောက် အရေးယူလျက်ရှိသည်။


အကြမ်းဖက်ကိုလက်မခံ


အစောပိုင်းကာလများတွင် NLD အစွန်းရောက် များက ပြည်တွင်းမှ အသိမဲ့ အစွန်းရောက်လူငယ် အချို့အား   တိုင်းရင်းသားလက်နက်ကိုင်အချို့နှင့် ချိတ်ဆက်ပေး၍   (EAO) တို့၏   နေရာအချို့တွင် စစ်ရေးဆိုင်ရာ၊ အဖျက်လုပ် ရပ်ဆိုင်ရာသင်တန်းများ တက်ရောက်စေခဲ့သည်။ သင်တန်းတက်ပြီး မြို့ပေါ် သို့ပြန်လာကာ လူသတ်အဖျက်လုပ်ရပ်များ လုပ်ကိုင် ခဲ့ကြသည်။ NUG အကြမ်းဖက်အဖွဲ့သည် စက်တင် ဘာလ ၇ ရက်နေ့တွင်   အရေးပေါ်အခြေအနေဟု ကြေညာကာ ပြည်တွင်း၌ လက်နက်ကိုင်အကြမ်း ဖက်တိုက်ခိုက်မှုများပြုလုပ်ရန်    တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား     ၎င်းတို့နှင့်လက်တွဲ ပါရန် စည်းရုံးခဲ့ကြသည်။ 


အဆိုပါလုပ်ရပ်သည် နိုင်ငံတော်အစိုးရကို အတိ အလင်း ထိပါးစော်ကားလာခြင်းဖြစ်သည်။ ထိုသို့ ပြုလုပ်သည့်အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ (EAO) များအား ၎င်းတို့၏နယ်မြေအတွင်း၌ NUG အကြမ်းဖက်အဖွဲ့များကို လက်ခံထားခြင်း  ရှိ/မရှိ   နိုင်ငံတော်အစိုးရက   တရားဝင်မေးမြန်းခဲ့ သည်။  EAO အဖွဲ့အများစုက ၎င်းတို့နှင့် သက်ဆိုင်  သည့်နယ်မြေများတွင် NUG အကြမ်းဖက်သမား များမရှိကြောင်း တရားဝင်ပြန်ကြားခဲ့သည်။ ထို့အပြင်  EAO အဖွဲ့အများစုသည် NUG အကြမ်းဖက်အဖွဲ့နှင့် လက်တွဲခြင်းမရှိဘဲ အကြမ်းဖက်သမား PDF များ တိုင်းပြည်အတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြား အောင် ပြုလုပ်နေသည့် အကြမ်းဖက်လုပ်ရပ်များကို မထောက်ခံကြောင်း အသီးသီးထုတ်ဖော်ပြောကြား ကြသည်။


ယခုအခါ အကြမ်းဖက်အဖျက်သမားများသည် နိုင်ငံအတွင်းရှိ မြို့ရွာတောတောင်များ၌ ပုန်းခို၍ အလစ်အငိုက်    ချောင်းမြောင်းတိုက်ခိုက်ဖျက်ဆီး လျက်ရှိသည်။ အုပ်ချုပ်ရေး၊ လုံခြုံရေးတပ်ဖွဲ့များနှင့် အလှမ်းဝေးသည့် ကျေးလက်များတွင်   အဖျက် လုပ်ရပ်များ၊ အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်မှု များ၊ လုံခြုံရေးတပ်ဖွဲ့များကို ချောင်းမြောင်းတိုက် ခိုက်မှုများ    ပြုလုပ်လျက်ရှိသည်။   ရွာခံများမှာ ဓားစာခံများသဖွယ်ဖြစ်ကြရသည်။ PDF များနှင့် အတူ မြို့ရွာများကို စွန့်ခွာလိုက်ပါ ရှောင်ပြေးကြ ရသည်။ လုံခြုံရေးတပ်ဖွဲ့များက နယ်မြေတည်ငြိမ်  အေးချမ်းရေးကို   ရှင်းလင်းဆောင်ရွက်သောအခါ အပြစ်မဲ့ပြည်သူများအား အနိုင်ကျင့်ဖိနှိပ်ရက်စက် နေသည်ဟု အနောက်နိုင်ငံများနှင့်   ကုလသမဂ္ဂ ကြားသိရအောင် ပြည်ဖျက်မီဒီယာများက သတင်း လွှင့်ကြသည်။ 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အကြမ်းဖက်မှုများ     အပြီးတိုင်ချုပ်ငြိမ်းရေးကို ထိထိရောက်ရောက်   ဆောင်ရွက်လျက်ရှိသည်။ ရပ်ရွာပြည်သူလူထု နေထိုင်ရာဒေသများ ငြိမ်းချမ်း သာယာဝပြောရေးလုပ်ငန်းများကို အလေးထား လုပ်ဆောင်လျက်ရှိသည်။ NUG အကြမ်းဖက်အဖွဲ့မှာ  ပြည်ပနိုင်ငံအချို့နှင့်    လွတ်မြောက်ရာဒေသမှ တိုင်းပြည်    တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် သွေးထိုးလှုံ့ဆော်လျက်ရှိသည်။ PDF အကြမ်းဖက် တို့က အဖျက်လုပ်ရပ်များကို  လုပ်ဆောင်လျက်ရှိ သော်လည်း တဖြည်းဖြည်း ချုပ်ငြိမ်းလျက်ရှိသည်။ အကြမ်းဖက်သမားများ၏ လုပ်ရပ်များကို အားလုံး  က သိရှိလာကြသည်။ နိုင်ငံအများစုနှင့် အဖွဲ့အစည်း များ၏ အသိအမှတ်ပြုမှုများ လျော့ကျလာသည်။


ကမ်းကုန်အောင်ပြုလုပ်


မြန်မာနိုင်ငံတွင် လက်နက်ကိုင်လှုပ်ရှားနေကြ သော  EAO အဖွဲ့များနှင့် NUG အကြမ်းဖက်အဖွဲ့မှာ ရည်ရွယ်ချက်မတူ ကွဲပြားခြားနားသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများသည်   ၎င်းတို့၏ လူမျိုးရေး၊ ဝါဒရေး၊ ဒေသအရေးအတွက် လက်နက်  ကိုင် ရပ်တည်နေခြင်းဖြစ်သည်။ အပေးအယူမျှတ မှုဖြင့် ငြိမ်းချမ်းရေးကို လိုလားလျက်ရှိသည်။ NUG အကြမ်းဖက်အဖွဲ့မှာ တိုင်းပြည်အာဏာကို  ၎င်းတို့ ရရှိရေးအတွက်       မအောင်မြင်သောသမိုင်းကို ဆက်လက်ရေးထိုးနေကြသူများဖြစ်သည်။  ပြန်လမ်း မရှိသောလမ်းကို လျှောက်မိသောအခါ တိုင်းပြည်  အလုံးစုံပျက်စီးရေးကို ပြည်တွင်းရှိ အကြမ်းဖက်  အဖျက်သမားများအား မြှောက်ပင့်ပေးပြီး လူသတ် အဖျက်လုပ်ရပ်များကို ကြံစည်အားထုတ်လုပ်ကိုင် နေကြသူများဖြစ်သည်။ နိုင်ငံနှင့်   ပြည်သူအကျိုး စီးပွားအတွက် ပူးပေါင်းလက်တွဲဆောင်ရွက်ရေး၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ငြိမ်းချမ်းမှုအဖြေရှာဖွေ ရေးကို  ဆောင်ရွက်သူများမဟုတ်ပေ။  တစ်ပါတီ အာဏာပြန်လည်ရရှိရေးအတွက်   တိုင်းပြည်နှင့် လူထုအကျိုးစီးပွားပျက်ပြားရေးကို ကမ်းကုန်အောင် ပြုလုပ်နေကြသော အစွန်းရောက် အဖျက်သမားများ သာ ဖြစ်သည်။


NUG အကြမ်းဖက်အဖွဲ့နှင့် ၎င်းတို့၏လက်ဝေခံ  အကြမ်းဖက်အဖျက်သမားများ၏ တည်ငြိမ်အေးချမ်း ရေး ပျက်ပြားအောင်၊ အများပြည်သူ ဒုက္ခဆင်းရဲ ရောက်အောင် လုပ်ဆောင်နေမှုများကို ပြည်တွင်းမှ  တိုင်းရင်းသားပြည်သူများသာမက နိုင်ငံတကာကပါ သိရှိလာကြပြီဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏  နိုင်ငံတော်  တည်ငြိမ်အေးချမ်းရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက် ပေးနေမှုများကို သိရှိနားလည်လာကြပြီ ဖြစ်သည်။ ထို့ကြောင့်   ပြည်ထောင်စုကြီး   ငြိမ်းချမ်းသာယာ ဝပြောရေးအတွက် နိုင်ငံတော်နှင့်အတူ တိုင်းရင်း  သားပြည်သူများ ပူးပေါင်းလက်တွဲ ဆောင်ရွက်  နိုင်ကြတော့မည်ဟု    အကြွင်းမဲ့    ယုံကြည်ထား ပါကြောင်း။        ။