ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ (၂၂)ကြိမ်မြောက် အာဆီယံနိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း အကြီးအကဲများအစည်းအဝေးနှင့် (၇)ကြိမ်မြောက် အစည်းအဝေးများ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ

 

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ  ဦးအောင်သော် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့
(၂၂)ကြိမ်မြောက် အာဆီယံနိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း အကြီးအကဲများအစည်းအဝေးနှင့် (၇)ကြိမ်မြောက် အာဆီယံအပေါင်းသုံးနိုင်ငံနိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းအကြီးအကဲများ အစည်းအဝေးများ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ

 

နေပြည်တော်   ဩဂုတ်    ၉


ပြည်ထောင်စု   ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော် ဦးဆောင် သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ သည် ဘရူနိုင်းဒါရုဆလမ်နိုင်ငံ ဝန်ကြီးချုပ်ရုံး၊ အမြဲတမ်းအတွင်း ဝန်H.E.  Mr. Ajman Bin Haji Meludin ၏  ဖိတ်ကြားချက်အရ ဘရူနိုင်းဒါရုဆလမ်နိုင်ငံ ဘန်ဒါ ဆရီဘီဂါဝမ်မြို့တွင်  ဩဂုတ် ၅ ရက်မှ ၇ ရက်အထိ ကျင်းပခဲ့သည့် (၂၂)ကြိမ်မြောက်    အာဆီယံ နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းအကြီး အကဲများအစည်းအဝေး၊ (၇)ကြိမ် မြောက်   အာဆီယံအပေါင်းသုံး နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း အကြီး အကဲများ       အစည်းအဝေးနှင့် ကောင်းမွန်သော အုပ်ချုပ်မှုဆိုင်ရာဖိုရမ်တို့သို့ တက်ရောက်ခဲ့ပြီး ယမန်နေ့မွန်းလွဲပိုင်းတွင် ဘရူနိုင်း ဒါရုဆလမ်နိုင်ငံမှ မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့်    ပြန်လည် ရောက်ရှိသည်။
ခရီးစဉ်အတွင်း ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌသည် ဩဂုတ် ၅ ရက်နှင့် ၇ ရက်တို့တွင် ကျင်းပ သည့်  “အနာဂတ်တွင် အာဆီယံ နိုင်ငံ့ဝန်ထမ်းကဏ္ဍ       ခိုင်မာ အားကောင်းရေးနှင့် အံဝင်ခွင်ကျ ဖြစ်စေရေး    “Strengthening ASEAN Public Sector :  Fit  for the Future’’ အစည်းအဝေးများကို လည်းကောင်း၊  ဩဂုတ် ၆ ရက် တွင်ကျင်းပသည့်   ကောင်းမွန် သော    အုပ်ချုပ်မှုဆိုင်ရာဖိုရမ် “Revolutionizing  the  Public Sector: Artificial Intelligence for  Good Governance”  ကို လည်းကောင်း   တက်ရောက်ခဲ့ သည်။
ယင်းအစည်းအဝေး   များ၌ အာဆီယံ   နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပူးပေါင်း   ဆောင်ရွက်ရေးကဏ္ဍ လုပ်ငန်းစီမံချက်  (၂၀၂၁-၂၀၂၅) နှင့် အာဆီယံအပေါင်းသုံး  နိုင်ငံ့ ဝန်ထမ်းဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးကဏ္ဍ လုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၅) အတွက် အာဆီယံ အဖွဲ့ဝင်နိုင်ငံအလိုက် အကောင် အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးအတည်ပြုခြင်း၊ အခြား ဆက်စပ် အစည်းအဝေးများတွင် ACCSM ကဏ္ဍအတွက် အတည်ပြု ချက်နှင့် ဆုံးဖြတ်ချက်များအပေါ် လေ့လာသုံးသပ်ခြင်း၊  ဘရူနိုင်း ဒါရုဆလမ်နိုင်ငံမှ   အဆိုပြုထား သည့်   နိုင်ငံ့ဝန်ထမ်းကဏ္ဍတွင် အလုပ်နှင့်ဘဝ ဟန်ချက်ညီမှုရှိစေ ရေး၊ ဝန်ထမ်းများ၏ ကိုယ်စိတ် ကျန်းမာရေးအပေါ် အစိုးရ၏မဟာ ဗျူဟာများ  ခိုင်မာအားကောင်း ရေးဆိုင်ရာ   အာဆီယံထုတ်ပြန် ချက်အပေါ် ဆွေးနွေးအတည်ပြု ခြင်း၊   အာဆီယံနိုင်ငံ့ဝန်ထမ်း ဆိုင်ရာ  ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍ  လုပ်ငန်းစီမံချက် (၂၀၂၆-၂၀၃၀)       ရေးဆွဲရေးအတွက် လုပ်ငန်းစဉ်များတင်ပြခြင်း၊ ဘရူ နိုင်းဒါရုဆလမ်နိုင်ငံမှ   ကမ္ဘော ဒီးယားနိုင်ငံသို့ (၂၃) ကြိမ်မြောက် အာဆီယံ  နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး    ကဏ္ဍ အတွက် အလှည့်ကျဥက္ကဋ္ဌ တာဝန် လွှဲပြောင်းပေးအပ်သည့် အခမ်း အနားနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံ့ဝန်ထမ်း    အကြီးအကဲက (၂၀၂၄-၂၀၂၆)    ကာလအတွင်း ၎င်းတို့ တာဝန်ယူဆောင်ရွက်မည့် နိုင်ငံ့ဝန်ထမ်းဆိုင်ရာ အစည်းအဝေး များနှင့် ဆက်စပ်လုပ်ငန်းစဉ်များ အတွက် ကြိုတင်ပြင်ဆင်ထားရှိမှု များကို      တင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။     

သတင်းစဉ်