ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲ အခမ်းအနားကျင်းပ

 

နေပြည်တော်    ဩဂုတ်   ၂၄
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မှတ်ပုံတင်ခွင့်ပြုပြီးသော  နိုင်ငံရေးပါတီများ  တွေ့ဆုံပွဲအခမ်းအနားကို  ယနေ့နံနက်  ၉  နာရီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အခမ်းအနားတွင်    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ      ဦးကိုကိုက       ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်    ရွေးကောက်ပွဲအတွက်     ဆောင်ရွက်ရမည့်လုပ်ငန်းများကို     ကြိုတင် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊   နိုင်ငံရေးပါတီများအနေဖြင့် လည်း   မိမိတို့ဆောင်ရွက်ရမည့်လုပ်ငန်းများကို  ဆောင်ရွက်နိုင်ရေး အတွက်  ဆွေးနွေးရန် တွေ့ဆုံရခြင်းဖြစ်ပါကြောင်း။
နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်များကို  ဥပဒေနှင့် အညီ  ကျယ်ကျယ်ပြန့်ပြန့်  စိစစ်ခွင့်ပြုပေးလျက်ရှိပြီး    ယနေ့အထိ လျှောက်ထားသည့် ပါတီ  ၆၇  ပါတီရှိပါကြောင်း၊   ယင်းပါတီများအနက် မှတ်ပုံတင်ခွင့်ပြုပြီးသည့်ပါတီ ၅၁ ပါတီရှိပြီး အဆိုပါ ပါတီများထဲမှ နိုင်ငံရေးပါတီ ၂ ပါတီကို မှတ်ပုံတင် ခွင့် ပယ်ဖျက်ပေးခဲ့ရသည့်အတွက် လက်ရှိတည်ဆဲ နိုင်ငံရေးပါတီ ၄၉ ပါတီရှိပါကြောင်း၊ နိုင်ငံရေးပါတီ ၄၉     ပါတီအနက်   တစ်နိုင်ငံလုံးစည်းရုံးမည့်ပါတီ ၉ ပါတီနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခု အတွင်း    စည်းရုံးမည့်ပါတီ  ၄၀   ပါတီရှိပါကြောင်း၊ တစ်နိုင်ငံလုံးစည်းရုံးမည့်ပါတီများနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့်ပါတီ များသည်  နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၅ (စ)နှင့် ပုဒ်မ ၅(ဇ)တို့နှင့်အညီ     ပါတီဝင် အင်အားနှင့်    ပါတီရုံးခန်းများကို    ပြည့်မီအောင် ကြိုးစားဆောင်ရွက်ကြရန် အလေးအနက် တိုက်တွန်း လိုပါကြောင်း။
ကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများကိုပြဋ္ဌာန်း ထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဖြစ်စေ ရန်  ဆောင်ရွက်ရမည်ဖြစ်သလို နိုင်ငံရေးပါတီများ၏ လိုအပ်ချက်များကိုလည်း      ဥပဒေနှင့်အညီ    ကူညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများ အနေဖြင့် မိမိပါတီကို ခိုင်မာအားကောင်းသော ပါတီ၊ မဲဆန္ဒရှင်ပြည်သူက     ယုံကြည်အားကိုးသော    ပါတီ ဖြစ်အောင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြား သည်။
ရှင်းလင်းပြောကြား
ဆက်လက်၍        ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက    ရွေးကောက်ပွဲစနစ်ဆိုင်ရာ         ကိစ္စရပ်များ၊    နိုင်ငံတော်က    အခြေခံမဲစာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ပံ့ပိုးဆောင်ရွက်ပေးနေ သည့်အခြေအနေများ၊ ကော်မရှင်က အခြေခံမဲစာရင်း များ   ပြည့်စုံမှန်ကန်ရေးအတွက်    စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ အခြေခံမဲစာရင်းများနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်      အခြေအနေများနှင့် ရွေးကောက်ပွဲတွင် မဲလက်မှတ်ဖြင့်သာမက မြန်မာ အီလက်ထရောနစ်မဲပေးစက်ဖြင့်        မဲပေးနိုင်ရေး ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။
ဆွေးနွေးတင်ပြ
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာ သည့်    နိုင်ငံရေးပါတီများက   ဆွေးနွေးတင်ပြကြပြီး ကျင်းပပြုလုပ်မည့်       ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍        ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပြင်ဆင်ဆောင်ရွက် လျက်ရှိသည့်အခြေအနေများကို    ကော်မရှင်ရုံးမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြသည်။
ထို့နောက် နိုင်ငံရေးပါတီများ၏ ဆွေးနွေးတင်ပြ ချက်များအပေါ်     ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။
အခမ်းအနားသို့   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊     ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်      လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊         ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီ ၄၉ ပါတီမှ ဥက္ကဋ္ဌများ၊ ခေါင်းဆောင်များနှင့် တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်းစဉ်