ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ကြေညာထားသည့် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ထောက်ပံ့နေသူများနှင့် လက်နက်/ခဲယမ်းများကို လက်ဝယ်ထားရှိခဲ့သူများကို ပြစ်ဒဏ်ချမှတ်

 

နေပြည်တော်   ဖေဖော်ဝါရီ    ၂၆


ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၁၁)ရပ်ကွက်နေ မိုးသီဟ(ဘ)ဦးဇော် မိုးနှင့် စည်သူအောင်(ခ)ငမိုး(ဘ)ဦးမောင်မိုးတို့သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍  ဆူပူဆန္ဒပြမှုဖြစ်စဉ် များတွင်  တက်ကြွစွာပါဝင်လှုပ်ရှားခြင်း၊ အကြမ်းဖက် မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏    အမိန့်ကြော်ငြာစာ အမှတ် (၂/၂၀၂၁)ဖြင့် အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ကြေညာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ ငွေကြေးထောက်ပံ့ခြင်းများ ပြုလုပ် ခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံ ရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) အရ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်တွင်  ၎င်းတို့အား “ထောင်ဒဏ် တစ်သက် ” ပြစ်ဒဏ်ကို အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။

 


ထို့ပြင်  ရန်ကုန်တိုင်းဒေသကြီး    ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် အမှတ်(၅၀)ရပ်ကွက် ငုဝါမြိုင် လမ်းနေ ပိုင်ပိုင်(ခ)ညီညီပိုင်(ဘ)ဦးကြည်ဝင်းသည် အကြမ်းဖက် သမားများဖြစ်သည့် အောင်မျိုးလွင်(ဘ)ဦးမြ၊ ညိုမင်းထွန်း(ခ)ညိုကြီး(ဘ) ဦးအေးဟန်နှင့် ကျော်စည်သူ(ဘ)ဦးစံထွန်းအောင်တို့မှ လာရောက် အပ်နှံထားသော အကြမ်းဖက်မှုများလုပ်ဆောင်ရာတွင်အသုံးပြုသည့် လက်နက်/ခဲယမ်းများဖြစ်သည့် အီနာဂါ ရှစ်လုံး၊ လက်လုပ်သေနတ် တစ်လက်၊ ၉ မမ ကျည် ၁၄ တောင့်၊ လက်လုပ်မိုင်း နှစ်လုံး၊ လက်ပစ်ဗုံး တစ်လုံး၊ ဆက်စပ်ပစ္စည်းများအား လက်ဝယ်ထားရှိခဲ့ သည့်အတွက် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံး ဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၁(ဂ) အရ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်တွင်  ၎င်းအား “ထောင်ဒဏ် ၁၀ နှစ်” ပြစ်ဒဏ်ကို အမိန့်ချမှတ်လိုက်ကြောင်း သိရှိ ရသည်။

 


အဆိုပါ     ပြစ်ဒဏ်ချမှတ်ခံရသူများအနက်မှ ထွက်ပြေးလွတ်မြောက်နေသူများအား    ၎င်းနှင့် စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ-၈၇၊ ၈၈ အရ ဖမ်းဝရမ်းထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

 


စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာထား သည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့် ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထား ကြောင်းနှင့်  အဆိုပါပြစ်မှုများကို  ဖောက်ဖျက် ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက် ကာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


သတင်းစဉ်