ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်(UNDP)နှင့် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် ကိုယ်စားလှယ်အဖွဲ့(UNOPS) တို့ကို သီးခြားစီလက်ခံတွေ့ဆုံ

 

နေပြည်တော်   ဩဂုတ်   ၇


ရင်းနှီးမြှုပ်နှံမှုနှင့်    နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် သည်    ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်    (United Nations Development Programme - UNDP) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်  Mr. Titon Mitra နှင့်    ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (United Nations Office for Project Services-UNOPS) ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် ဌာနေကိုယ်စားလှယ် Ms. Sara Austin Netzer နှင့် အဖွဲ့တို့ကို    ယနေ့နံနက်ပိုင်းတွင်   နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်     နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ သီးခြားစီ လက်ခံတွေ့ဆုံ သည်။


ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (United Nations Development Programme -UNDP) ၏ မြန်မာနိုင်ငံ ဆိုင်ရာဌာနေကိုယ်စားလှယ်နှင့်တွေ့ဆုံစဉ်  မြန်မာ နိုင်ငံတွင် UNDP မှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်း စီမံချက်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့်     စပ်လျဉ်း၍    အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။


အမြင်ချင်းဖလှယ်ဆွေးနွေး


ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး   (United Nations Office for Project Services- UNOPS)၏ မြန်မာနိုင်ငံဆိုင်ရာ        ညွှန်ကြားရေးမှူးနှင့်     ဌာနေ ကိုယ်စားလှယ်အဖွဲ့နှင့်   တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် UNOPS က ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့်    ကိစ္စရပ်များ နှင့်   စပ်လျဉ်း၍   အမြင်ချင်းဖလှယ်   ဆွေးနွေးခဲ့ ကြသည်။                                            

သတင်းစဉ်