
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး အခြေခံပညာကျောင်းသား
အားကစားပွဲတော် ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်
=====================================================
နေပြည်တော် ဇန်နဝါရီ ၁
၂၀၁၉-၂၀၂၀ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော် ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ ညနေ ၆ နာရီတွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ကျင်းပ ရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ပညာရေး ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီး ပြည်နယ်အသီးသီးမှ အုပ်ချုပ်သူနည်းပြ များ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ပေးအပ်ချီးမြှင့်
ဆုချီးမြှင့်ပွဲတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီးများဖြစ်ကြ သည့် ဦးဝင်းမော်ထွန်း၊ ဒေါက်တာမြလေးစိန်နှင့် ညွှန်ကြားရေးမှူးချုပ်များက ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော် ဘောလုံး ပြိုင်ပွဲ(အမျိုးသား၊ အမျိုးသမီး)၊ ဘော်လီဘောပြိုင်ပွဲ (အမျိုးသား၊ အမျိုးသမီး)နှင့် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ များတွင် အနိုင်ရဗိုလ်စွဲခဲ့ကြသည့် အသင်းများအား ဆုများ ပေးအပ်ချီးမြှင့်ကြသည်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ် အခြေခံပညာကျောင်းသား အားကစားပွဲတော်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်မှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂ ရက်အထိ အားကစားနည်း လေးမျိုး (ဘောလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ ပိုက်ကျော် ခြင်း)ဖြင့် ယှဉ်ပြိုင်ကစားကြရာ တနင်္သာရီတိုင်းဒေသကြီး က ရွှေ ၁၅ ခု၊ ငွေ နှစ်ခု၊ ကြေး လေးခု၊ ရှမ်းပြည်နယ်က ရွှေ သုံးခု၊ ငွေ နှစ်ခု၊ ကြေး တစ်ခု၊ မကွေးတိုင်းဒေသကြီးက ရွှေ နှစ်ခု၊ ငွေ လေးခု၊ ကြေး ခြောက်ခု၊ ပဲခူးတိုင်းဒေသကြီးက ရွှေ နှစ်ခု၊ ငွေ သုံးခု၊ ကြေး လေးခု၊ ကချင်ပြည်နယ်က ရွှေ နှစ်ခု၊ ငွေ သုံးခု၊ ကြေး သုံးခု၊ ဧရာဝတီတိုင်းဒေသကြီးက ရွှေ နှစ်ခု၊ ငွေ သုံးခု၊ ကြေး တစ်ခု၊ ရန်ကုန်တိုင်းဒေသကြီးက ရွှေ နှစ်ခု၊ ငွေ နှစ်ခု၊ ကြေး သုံးခု၊ မွန်ပြည်နယ်က ရွှေ တစ်ခု၊ ငွေ ငါးခု၊ ကြေး နှစ်ခု၊ မန္တလေးတိုင်းဒေသကြီးက ရွေ တစ်ခု၊ ငွေ နှစ်ခု၊ ကြေး သုံးခု၊ စစ်ကိုင်းတိုင်းဒေသကြီးက ရွှေ တစ်ခု၊ ငွေ တစ်ခု၊ ကြေး သုံးခု၊ နေပြည်တော်က ရွှေ တစ်ခု၊ ငွေ နှစ်ခု၊ ကြေး တစ်ခု၊ ကယားပြည်နယ်က ရွှေ တစ်ခု၊ ငွေ နှစ်ခု၊ ကရင်ပြည်နယ်က ငွေ တစ်ခု၊ ကြေး သုံးခု၊ ချင်း ပြည်နယ်က ငွေ တစ်ခု၊ ကြေး တစ်ခု၊ ရခိုင်ပြည်နယ်က ကြေး နှစ်ခုရရှိခဲ့ကြောင်း သိရသည်။
ပညာရေး