
နေပြည်တော် ဇန်နဝါရီ ၃
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)၌ ဆေးရုံအုပ် ကြီး၊ ဒုတိယဆေးရုံအုပ်ကြီး၊ ဆေးရုံအုပ်များ၊ သူနာပြုအုပ် ကြီး၊ သူနာပြုဆရာမကြီး၊ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ညှိနှိုင်းဆွေးနွေး
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေ ဖြင့် ၂၀၂၀ ပြည့်နှစ်တွင် လုပ်ငန်းအစီအစဉ်သစ်များကို အစ ပျိုးစတင်ဆောင်ရွက်ခြင်းနှင့် ယခင်ရှိပြီးသားလုပ်ငန်းများ ကို အစမှထပ်ကျော့ဆောင်ရွက်ခြင်းတို့ကို အဓိကထား ပြုလုပ်မည်မဟုတ်ဘဲ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်း များနှင့် အစီအစဉ်များကိုသာ လိုအပ်သလို အနည်းငယ် ပြုပြင်မွမ်းမံပြီး ပိုမိုအကျိုးရှိထိရောက်အောင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ဆေးရုံများ သို့ကွင်းဆင်း၍ လက်တွေ့လုပ်ငန်းခွင် လိုအပ်ချက်များကို ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်သွားမည့်နည်းတူ ဆေးရုံရှိ ဆေးရုံ အုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ သူနာပြု များ၊ ကုသမှုအထောက်အကူပြုပညာရှင်များ၊ ဝန်ထမ်းများ သည် အချင်းချင်းအလွတ်သဘော ပုံမှန်တွေ့ဆုံကာ ဆေးရုံ လုပ်ငန်းများနှင့် ဝန်ထမ်းများသက်သာချောင်ချိရေး ကိစ္စရပ် များကို ညှိနှိုင်းဆွေးနွေးဆောင်ရွက်ကြရန် လိုအပ်ကြောင်း။
နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင် - ၁၀၀၀)၏ ဆေးရုံနှင့် ဆေးရုံပတ်ဝန်းကျင်သန့်ရှင်းရေးများကို အလေး ပေးဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီးကို နေပြည်တော်အနီးတစ်ဝိုက် အပါ အဝင် အနယ်နယ်အရပ်ရပ်မှ ပြည်သူများက အားကိုးအား ထားပြု၍ ကုသမှုခံယူလျက်ရှိခြင်းကြောင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးနှင့် မန္တလေးပြည်သူ့ဆေးရုံကြီးများနည်းတူ အဓိကဆေးရုံကြီးဖြစ်လာရန် ဝန်ကြီးဌာနမှ အလေးပေး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆေးရုံပိုမိုဖွံ့ဖြိုး တိုးတက်ရေးကို ဆေးရုံအထောက်အကူပြုအဖွဲ့နှင့် ညှိနှိုင်း ဆွေးနွေးတိုင်ပင်ကာ ဆက်လက်ဆောင်ရွက်သွားရန် လိုအပ် ကြောင်း ပြောကြားသည်။
ထို့နောက် ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက ဆေးရုံတွင် သံလိုက်လွန်လိုင်းဖြင့် ပုံရိပ်ဖော်ရောဂါရှာဖွေစက် အသစ်တစ်လုံး အမြန်ဆုံးတပ်ဆင်ရန်လိုအပ်မှု၊ ဝန်ထမ်း အိမ်ရာများ ဆောက်လုပ်ထားရှိမှု၊ နှလုံးပိုက်သွင်းစမ်းသပ် ကုသစက်ဖြင့် ကုသပေးနေမှု၊ နိုင်ငံတကာဆေးရုံများ၊ တက္ကသိုလ်များ၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက် နေမှု၊ အထူးကြပ်မတ်ကုသဆောင်အတွက် လိုအပ်သည့် ပစ္စည်းကိရိယာများ၊ ဝန်ထမ်းရေးရာများနှင့် အခြားလိုအပ် သည်များကိုတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဖြည့်ဆည်းစီစဉ်ဆောင်ရွက်ပေးသည်။
တွေ့ဆုံ
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံ တော်မှ ထုတ်ပြန်ထားသော ဒေသစရိတ်ခံစားခွင့်ရရှိသည့် သွားလာရေးနှင့် လူမှုရေးခက်ခဲသော ဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခြောက်ခု (နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ဝ) တို့မှ ၂၀၁၂ ခုနှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ခဲ့ပြီး ဆေးတက္ကသိုလ်တက်ရောက်ခွင့် ရရှိသူများအနက် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် အလုပ် သင်ဆရာဝန် တာဝန်ထမ်းဆောင်ခဲ့ပြီး သက်ဆိုင်ရာနေရာ ဒေသများတွင် တာဝန်ချထားမည့်သူ ၂၂ ဦးကို နေပြည်တော် ရှိ ပြည်ထောင်စုဝန်ကြီးရုံး၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ယခုအလုပ် သင်ဆရာဝန် တာဝန်ထမ်းဆောင်ပြီးသူများအနေဖြင့် မိမိ တို့၏ နေရာဒေသများတွင် သွားရောက်၍ ဝန်ကြီးဌာန၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတာဝန်များ ထမ်းဆောင် ရာတွင် စေတနာထား၍ လူနာများကို မိမိတို့၏ မိဘ၊ ဆွေမျိုးများသဖွယ် သဘောထားကာ ကျန်းမာရေးစောင့် ရှောက်မှုပေးရန်လိုအပ်ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် ဆေးပညာကျင့်ဝတ်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ က အမှာစကားပြောကြားကြသည်။
သတင်းစဉ်