ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲအုပ်လောင်း သင်တန်းအမှတ်စဉ် (၉၇) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား

Image not available
 
 
 
နေပြည်တော် ဇန်နဝါရီ ၂၄
 
 
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယ ရဲအုပ်လောင်း သင်တန်းအမှတ်စဉ် (၉၇) ရဲသူရတပ်ခွဲသင်တန်း ဆင်းပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၄ ရက် နံနက် ၇ နာရီခွဲတွင် မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့နယ် ရဲအရာရှိ လေ့ကျင့်ရေးကျောင်း စစ်ရေးပြကွင်း၌ ကျင်းပရာ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ တက်ရောက် မိန့်ခွန်း ပြောကြားသည်။
 
 
ဆုများချီးမြှင့်
 
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး က ဒုတိယရဲအုပ်လောင်းများ၏ အလေးပြုခြင်းကိုခံယူကာ သင်တန်း ဆင်း တပ်ခွဲအား စစ်ဆေးခဲ့ပြီး ဒုတိယ ရဲအုပ်လောင်းများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြု သည်။ ယင်းနောက် ပြည်ထောင်စု ဝန်ကြီးက အကောင်းဆုံး ကျောင်းသားဆုရ ဒုတိယရဲအုပ် လောင်း ကောင်းမြတ်ဝင်း၊ လေ့ကျင့် ရေး ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း နေမျိုးဟိန်း၊ ဥပဒေဘာသာရပ် ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ဝေဖြိုးအောင် (၁)၊ ကွန်ပျူတာ ဘာသာရပ်ထူးချွန်ဆုရ ဒုတိယ ရဲအုပ်လောင်း ဉာဏ်လင်းအောင်၊ အင်္ဂလိပ်စာဘာသာရပ် ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ငြိမ်းချမ်း တို့အား ဆုများချီးမြှင့်သည်။
 
 
ထို့နောက် ပြည်ထောင်စုဝန်ကြီး က တပ်ဖွဲ့နှင့် ဌာနအတွက် ယုံကြည် အားကိုးရသည့် အရာရှိကောင်းများ အဖြစ် ခေါင်းဆောင်မှုအရည်အသွေး ကို ကောင်းစွာသိရှိနားလည်ပြီး တပ်ဖွဲ့ဝင်များအပေါ် စံနမူနာပြ ဖြစ်နေရုံသာမက အသိပညာ၊ အတတ် ပညာများနှင့်ပြည့်စုံ၍ ကောင်းမွန် သော အတွေးအခေါ်၊ မှန်ကန်သည့် ခေါင်းဆောင်မှု၊ ဥပဒေနှင့်ညီညွတ် သောအမိန့်၊ မျှတသော ဆုံးဖြတ် ချက်များဖြင့် မိမိကွပ်ကဲရသည့် တပ်ဖွဲ့ကို တိုးတက်မှုရရှိအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပေးအပ်သည့် လုပ်ငန်းတာဝန်များကိုအောင်မြင်အောင် အကောင်အထည် ဖော် ဆောင်ရွက်ရာတွင် စိတ်ရင်း စေတနာကောင်းမွန်ခြင်း၊ ဗဟုသုတ ပြည့်စုံကာ တိကျသေချာခြင်း၊ လက်အောက် ငယ်သားများထက် ပိုမိုအနစ်နာခံခြင်း၊ ကိုယ်ချင်းစာ စိတ်ရှိခြင်း၊ ဆင်ခြင်တုံတရားနှင့် အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်ခြင်း၊ ဥပဒေလုပ်ထုံးလုပ်နည်းများ နှံ့စပ် ကျွမ်းကျင်ခြင်း၊ လူ့သဘောသဘာဝကို သိရှိနားလည်ခြင်းစသည့် အရည် အချင်းများဖြင့် တော်တည့်မှန်ကန်စွာ ဦးဆောင်မှုများ ပေးသွားရမည့်အပြင် အရေးပေါ်အခြေအနေများတွင် ဇွဲ၊ လုံ့လ၊ ဝီရိယရှိရှိဖြင့် ခေါင်းဆောင် ကောင်းပီသစွာ ကွပ်ကဲနိုင်စွမ်းရှိရ မည် ဖြစ်ကြောင်း။
 
 
နယ်စပ်လုံခြုံရေး အထူးဂရုပြု
 
လေ့ကျင့် သင်ကြားပေးလိုက် သည့် သင်ခန်းစာဘာသာရပ်များကို အခြေခံ၍ လက်တွေ့လုပ်ငန်း နယ်ပယ်တွင် ကြုံတွေ့လာမည့် အတွေ့အကြုံများအား မိမိကိုယ်ပိုင် အရည်အချင်း ထိုးထွင်းဉာဏ်တို့ဖြင့် ပေါင်းစပ်ကာ ဥပဒေလုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ တိုးတက်ပြောင်းလဲ နေသည့် မျက်မှောက်ခေတ်ကာလတွင် ပြည်သူတို့ဘဝ အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြည်သူ က အားကိုးသည့် ခေတ်မီရဲတပ်ဖွဲ့ကြီး ဖြစ်အောင် ရည်မှန်းချက်တာဝန် (၄)ရပ် ချမှတ်ကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ အခက်အခဲ၊ စိန်ခေါ်မှုအသစ်များကို အမြဲမပြတ် ထိတွေ့နေရမည်ဖြစ်သဖြင့် အစဉ် သတိပြု၍ အသင့်ဖြစ်နေအောင် စီမံဆောင်ရွက်ထားရန် လိုအပ် ကြောင်း၊ ပြည်တွင်းလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် အစိုးရ၏ မူဝါဒများနှင့်အညီ ပြည်သူ နှင့်အတူ လက်တွဲပြီး ထိရောက် အောင်မြင်အောင် ကြိုးစား ဆောင်ရွက်ရမည့်အပြင် နယ်စပ် လုံခြုံရေးကိုလည်း အထူးဂရုပြု ဆောင်ရွက်သွားကြရမည် ဖြစ် ကြောင်း။
 
 
ဂုဏ်သိက္ခာကို မြှင့်တင်
 
အကောင်းအဆိုးများကို ဝေဖန် ပိုင်းခြား အထောက်အကူပြုပေးနိုင် သည့် သုတ၊ ရသ စာပေများကို ဖတ်ရှု လေ့လာ၍ ရရှိသည့် အသိအမြင်၊ အတွေးအခေါ်များဖြင့် စိတ်ဓာတ်၊ ခံယူချက်၊ စည်းကမ်းများမြင့်တက် လာစေကာ မိမိတပ်ဖွဲ့အား တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်ရာ တွင် ခေတ်ကာလနှင့် လျော်ညီသည့် အမြင်မျိုး ရရှိလာမည်ဖြစ်ကြောင်း၊ အကျင့်စာရိတ္တနှင့်တကွ ကိုယ်ကျင့် တရား ကောင်းမွန်အောင် ထိန်းသိမ်း ပြီး မိမိတို့ ဦးထိပ်ပန်ဆင်ထားသည့် “သစ္စာ၊ သမာဓိ၊ သတ္တိ” ဆောင်ပုဒ်နှင့် အညီ ပေးအပ်ထားသောတာဝန် များကို ကျေပွန်အောင်ထမ်းဆောင် ရင်း မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ပြည်သူ့အကျိုးကို ရဲရင့် တည်ကြည် ဖြောင့်မတ်မှန်ကန်စွာ ကာကွယ်စောင့်ရှောက်ရင်း တပ်ဖွဲ့၏ ဂုဏ်သိက္ခာကို မြှင့်တင်နိုင်အောင် ကြိုးပမ်း နေထိုင်သွားရမည်ဖြစ် ကြောင်း ပြောကြားသည်။
 
 
သင်တန်းဆင်းပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး၏ ဇနီး၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၊ ဒုတိယ ရဲဗိုလ်ချုပ် ကြီး အောင်ဝင်းဦး၊ ပြည်ထဲရေးဝန်ကြီး ဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခ ချုပ် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၊ ရဲအရာရှိကြီး များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ရဲတပ်ဖွဲ့မှူးများ၊ ရဲလေ့ကျင့်ရေး ကျောင်း ကျောင်းအုပ်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဗဟိုမီးသတ် သင်တန်းကျောင်း ကျောင်းအုပ်ကြီး နှင့် သင်တန်းဆင်းအရာရှိလောင်း များ၏ မိဘဆွေမျိုးများ တက်ရောက် ခဲ့ကြပြီး အဆိုပါ ဒုတိယရဲအုပ်လောင်း သင်တန်းအမှတ်စဉ် (၉၇) ရဲသူရ တပ်ခွဲတွင် တပ်တွင်းဘွဲ့ရ အမျိုးသား ၃၀၁ ဦး၊ အကျဉ်းဦးစီးဌာနမှ လက်ထောက် ကြီးကြပ်ရေးမှူး အဆင့် (၁) အမျိုးသား ရှစ်ဦး၊ စုစုပေါင်း ၃၀၉ ဦးတို့ တက်ရောက် သင်တန်းဆင်းခဲ့ကြောင်း သတင်း ရရှိသည်။
 
သတင်းစဉ်