ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ထာဝရငြိမ်းချမ်းရေးစေတီတော်ဘက်စုံအချောသပ်မွမ်းမံတည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ထာဝရငြိမ်းချမ်းရေးစေတီတော်ဘက်စုံအချောသပ်မွမ်းမံတည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

================================================================================

 

နေပြည်တော် အောက်တိုဘာ ၈

 

နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်း ကံ့ကော်ပန်းအဝိုင်း အနီးတွင် တည်ထားကိုးကွယ်လျက် ရှိသော ထာဝရငြိမ်းချမ်းရေး စေတီတော် တည်ဆောက်ရေး ဦးစီး ကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုသည် ယနေ့ နံနက် ၉ နာရီခွဲတွင် ထာဝရငြိမ်းချမ်းရေး စေတီတော်သို့ သွားရောက်ကာ သာသနာ့ဗိမာန်တော် ပါကေးခင်း ခြင်းလုပ်ငန်းပြီးစီးမှု၊ အပြင်လျှောက် လမ်း တာရာဇိုခင်းခြင်းလုပ်ငန်းဆောင် ရွက်ထားမှု၊ အရှေ့တောင်ဘက်ရှိ ပရိဝုဏ် အုတ်တံတိုင်း နှစ်ပေ မြှင့်တင် ခြင်းလုပ်ငန်းများနှင့် ဂန္ဓကုဋိတိုက် အရှေ့ဘက်မုခ်ဦး၊ တောင်ဘက်မုခ်ဦး၊ အနောက်ဘက်မုခ်ဦး၊ မြောက်ဘက် မုခ်ဦးနှင့် တံခွန်တိုင်လုပ်ငန်း ဆောင် ရွက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေး၍ စေတီတော်ကြီးအား လက်ဝဲရစ် လှည့်လည် ဖူးမြော်ကြည်ညိုသည်။

 

ကြည့်ရှုစစ်ဆေး

 

ယင်းနောက် ဂန္ဓကုဋိတိုက်အတွင်း ရှိ စကျင်ဗုဒ္ဓရုပ်ပွားတော်များ အချော သပ်လုပ်ငန်း၊ နံရံဆေးရေးပန်းချီ လုပ်ငန်းများ၊ လိုဏ်ဂူတော်အတွင်း တာရာဇိုခင်းခြင်းလုပ်ငန်း၊ Ground Tank ‌ရေကန်ပေါ်တွင် ရေစင်ဆောက် လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု များနှင့် စေတီတော်ပရိဝုဏ်အတွင်း ဆောင်ရွက်လျက်ရှိသည့် အချောသပ် လုပ်ငန်းများအား လှည့်လည်ကြည့်ရှု စစ်ဆေးရာ ထာဝရငြိမ်းချမ်းရေး စေတီတော် တည်ဆောက်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ သာသနာရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်က တည် ဆောက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း ၍ ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက စေတီတော် ဘက်စုံအချောသပ် မွမ်းမံ တည်ဆောက်ရေး လုပ်ငန်းများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ တားဆီး၊ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ စနစ် တကျ ကောင်းမွန်အောင်ဆောင်ရွက် သွားရန်၊ စေတီတော် ပတ်လမ်းခင်း ခြင်းလုပ်ငန်းနှင့် ရင်ပြင်တော် စကျင် ကျောက်ပြားခင်းခြင်း လုပ်ငန်းများ စီစဉ် ဆောင်ရွက်သွားရန်တို့ကို

မှာကြားခဲ့ကြောင်း သိရသည်။

 

 

သတင်းစဉ်