ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း စာဆိုဗိမာန်တည်ဆောက်မည့်မြေနေရာရှိ အဆောက်အဦများ ရှင်းလင်းဖျက်သိမ်းပြီးစီးမှု ကြည့်ရှုစစ်ဆေး

ရန်ကုန်    ဩဂုတ်   ၂၄
ပြန်ကြား‌ရေး    ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး  ဦးမောင် မောင်အုန်းသည်  ယနေ့   မွန်းလွဲ ပိုင်းတွင်   ရန်ကုန်မြို့   မင်္ဂလာ တောင်ညွန့်မြို့နယ်ရှိ စာဆိုဗိမာန် အဆောက်အဦ    သုံးထပ် (RC)  တည်ဆောက်မည့်       မြေနေရာ ၌  အဆောက်အအုံဟောင်းများ ရှင်းလင်းဖျက်သိမ်း   ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။ (ယာပုံ)
ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်
ပြည်ထောင်စု    ဝန်ကြီးက   စာဆိုဗိမာန်    အ‌ဆောက်အဦ  သုံးထပ် (RC)  တည်ဆောက်မည့် မြေနေရာရှိ   သစ်ပင်ကြီးများ   ရှင်သန်ပေါက်ရောက်နေမှုအပေါ် မလွတ်ကင်းသည့်    အပင်များ  ဖယ်ရှားရှင်းလင်းနိုင်ရေး သက်ဆိုင် ရာဌာနများနှင့်   ချိတ်ဆက်ညှိနှိုင်း ဆောင်ရွက်ရန်    မှာကြားပြီး   စာပေဗိမာန်စာကြည့်တိုက်အဖြစ် ပြန်လည်မွမ်းမံပြင်ဆင်ဆောင်ရွက် မည့် သုံးထပ်အဆောက်အအုံကို   ကြည့်ရှုစစ်ဆေးကာ  အဆောက် အအုံ  ဥပဓိရုပ်ကောင်းမွန်စေရေး နှင့်    ကြံ့ခိုင်မှုရှိစေ‌ရေးတို့နှင့် စပ်လျဉ်း၍ မှာကြားသည်။
နိုင်ငံတော်   အကြီးအကဲက      မြန်မာနိုင်ငံ၌  ပေါ်ထွန်းခဲ့သော စာပေပညာရှင်များနှင့်   စာရေး ဆရာများကို အသိအမှတ်ပြုချီးမြှင့် ရာရောက်စေမည့်  စာဆိုဗိမာန် တစ်ခု   အောင်မြင်စွာပေါ်ပေါက် ဖြစ်ထွန်းလာစေရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ မှ စာပေအနုပညာဆိုင်ရာပုဂ္ဂိုလ် များနှင့်     ပေါင်းစပ်ညှိနှိုင်းပြီး   အကောင်အထည်ဖော်ဆောင်ရွက် ရန်  ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၄ ရက်တွင်   လမ်းညွှန်မှုပြုခဲ့သည့် အတွက်  စာဆိုဗိမာန်တည်ဆောက် ရေးစီမံကိန်းလုပ်ငန်းကို  ပြန်ကြား ရေးဝန်ကြီးဌာန    ကိုယ်စားပုံနှိပ် ရေးနှင့်    ထုတ်ဝေရေးဦးစီးဌာန က   တာဝန်ယူဆောင်ရွက်လျက်  အဆောက်အဦကို  ရန်ကုန်တိုင်း ဒေသကြီး   မင်္ဂလာတောင်ညွန့် မြို့နယ်      ဥယျာဉ်ရပ်ကွက်ရှိ မြေတိုင်းရပ်ကွက်   (၁၈-အေ)၊ မြေကွက်အမှတ် (၂၉ ၏ တစ်စိတ် တစ်ဒေသ) အခမဲ့မြေကွက်အမျိုး အစား ဖြစ်သော  မြေဧက  ၂ ဒသမ  ၁၈  ဧကပေါ်တွင်    တည်ဆောက် သွားမည်ဖြစ်သည်။
ဒီဇိုင်းပုံစံရေးဆွဲပေး
စာဆိုဗိမာန်   အဆောက်အဦ     ဒီဇိုင်းပုံစံကို    ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနက  ရေးဆွဲပေးပြီး    အဆောက်အဦ၏ ခန့်မှန်းတန်ဖိုး ကို     အဆောက်အဦဦးစီးဌာနက တာဝန်ယူတွက်ချက်ပေးခဲ့သည်။
အဆိုပါ      စာဆိုဗိမာန် တည်ဆောက်‌ရေး    စီမံကိန်းကို အိန္ဒိယနိုင်ငံအစိုးရ၏  အကူအညီ အ‌ထောက်အပံ့ဖြင့် ဆောင်ရွက်နိုင် ရန် ၁၈-၃-၂၀၂၄ ရက်တွင် ရန်ကုန် မြို့ရှိ Lotte Hotel ၌ စာဆိုဗိမာန် တည်ဆောက်ရေး စီမံကိန်းသဘော တူညီချက် (Project Agreement)ကို မြန်မာ - အိန္ဒိယ  နှစ်နိုင်ငံမှ တာဝန်ရှိသူတို့က    လက်မှတ် ရေးထိုးခဲ့ကြသည်။
စာဆိုဗိမာန်အဆောက်အဦ   သုံးထပ်  (RC)  အကျယ်အဝန်းမှာ အလျား ပေ ၁၆ဝ x အနံ ပေ ၁၄၀x အမြင့် ၅၇ ပေ ၈ လက်မ သုံးထပ် (RC)   အဆောက်အဦဖြစ်ပြီး  ၅၂၁၂၈ စတုရန်းပေ   ဖြစ်သည်။ စာဆိုဗိမာန်တည်ဆောက်ရေးစီမံ ကိန်းတိုးတက်ပြီးစီးမှုကို  စောင့် ကြည့်ရန် မြန်မာ - အိန္ဒိယနှစ်နိုင်ငံ မှ တာဝန်ရှိသူများ    ပါဝင်သည့် (Joint   Project     Mornitoring Committee - JPMC) ကို အဖွဲ့ဝင် ၁၁ ဦးဖြင့်  ဖွဲ့စည်းထားရှိပြီးဖြစ် သည်။  
လေလံတင်ရောင်းချ
စာဆိုဗိမာန် အဆောက်အဦ တည်ဆောက်မည့်  မြေနေရာနှင့် လွတ်ကင်းမှုမရှိသည့်  အ‌ဆောက် အအုံဟောင်းလေးလုံးကို  လေလံ တင်ရောင်းချခဲ့ပြီး      တင်ဒါ အောင်မြင်သည့်အဖွဲ့က သတ်မှတ် ရက်အတိုင်း ဖျက်သိမ်းရှင်းလင်းဆောင်ရွက်ခဲ့ပြီးဖြစ်သည်။
စာဆိုဗိမာန်အဆောက်အဦ ကို နှစ်နှစ်စီမံကိန်းအဖြစ် သတ် မှတ်ပြီး   စာဆိုဗိမာန်အဆောက် အဦ  သုံးထပ် (RC)   တည်ဆောက် ရေးအတွက် ဈေးနှုန်းအဆိုပြုလွှာ ဖိတ်ခေါ်၍    တင်သွင်းလာခဲ့ရာ   ယင်းတင်သွင်းလာသည့်   ဈေးနှုန်း အဆိုပြုလွှာများကို    လုပ်ထုံး လုပ်နည်းများနှင့်အညီ  ဆောင်ရွက် ပြီးစီးပြီဖြစ်သည်။ မကြာမီကာလ တွင်    အဆိုပါ    စာဆိုဗိမာန် အဆောက်အဦ  သုံးထပ်   (RC) ပန္နက်တင်မင်္ဂလာအခမ်းအနားကို    ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် အဆောက်အဦတည်ဆောက် နိုင်ရေး  ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း     သိရ သည်။
သတင်းစဉ်