
ရန်ကုန် မေ ၃
၂၀၂၃ ခုနှစ် မေ ၅ ရက်မှ ၁၇ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၂) ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဖိတ်ကြားခံ ပုဂ္ဂိုလ်အဖြစ် တက်ရောက်မည့် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံနှင့်အတူ မြန်မာ အားကစားအဖွဲ့ ခေါင်းဆောင် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် မြန်မာ အားကစားအဖွဲ့သည် ယနေ့ မွန်းလွဲ ၁ နာရီတွင် မြန်မာ အမျိုးသား လေကြောင်းလိုင်း (စင်းလုံးငှားလေယာဉ်) အမှတ် UB-7017 ဖြင့် ရန်ကုန်မြို့မှ ထွက်ခွာကြရာ ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့် ကာယပညာဦးစီး ဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မိဘ ပြည်သူများက ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်၌ လိုက်လံ ပို့ဆောင်နှုတ်ဆက်ကြသည်။
ထိုသို့မထွက်ခွာမီ ပြည် ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်တို့က မြန်မာအားကစား အဖွဲ့အား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ ကျန်းမာရေးကို အထူးဂရုစိုက်ရန်၊ အောင်မြင်မှုများရရှိပြီး နိုင်ငံ့ ဂုဏ်ဆောင်နိုင်အောင် အစွမ်းကုန် ကြိုးစားကြရန် အားပေးစကား ပြောကြားကြသည်။
အဆိုပါ အားကစားအဖွဲ့များ တွင် ဖိတ်ကြားခံပုဂ္ဂိုလ် တစ်ဦး၊ အုပ်ချုပ်မှုအဖွဲ့ ၁၃ ဦး၊ ဗိုဗီနမ် အားကစားနည်းမှ အုပ်ချုပ်/နည်းပြ ခြောက်ဦး၊ အမျိုးသားအားကစား သမား ၁၅ ဦး၊ အမျိုးသမီး အားကစားသမား ၁၁ ဦး၊ ပီတန်း အားကစားနည်းမှ အုပ်ချုပ်/နည်းပြ နှစ် ဦး၊ အမျိုးသားအားကစား သမား နှစ်ဦး၊ အမျိုးသမီးအားကစား သမား ခုနစ်ဦး၊ လက်ဝှေ့အားကစား နည်းမှ အုပ်ချုပ်/နည်းပြ လေးဦး၊ အမျိုးသား အားကစားသမား ခြောက်ဦး၊ အမျိုးသမီးအားကစား သမား သုံးဦး၊ တင်းနစ်အားကစား နည်းမှ အုပ်ချုပ်/နည်းပြ နှစ်ဦး၊ အမျိုးသား အားကစားသမား လေးဦး၊ အမျိုးသမီးအားကစား သမား သုံးဦး၊ ပြေးခုန်ပစ်(မာရသွန်) အားကစားနည်းမှ အုပ်ချုပ် /နည်းပြ လေးဦး၊ အမျိုးသား အားကစားသမား နှစ်ဦး၊ အမျိုး သမီး အားကစားသမား လေးဦး၊ ရိုးရာလက်ဝှေ့အားကစားနည်းမှ အုပ်ချုပ်/နည်းပြ ခြောက်ဦး၊ အမျိုး သား အားကစားသမား ကိုးဦး၊ အမျိုးသမီး အားကစားသမား သုံးဦး၊ ခြင်းလုံးအားကစားနည်းမှ အုပ်ချုပ်/နည်းပြ ခြောက်ဦး၊ အမျိုး သား အားကစားသမား ၁၄ ဦး၊ အမျိုးသမီး အားကစားသမား ၁၄ ဦးနှင့် အပြည်ပြည်ဆိုင်ရာ ဒိုင်လူ ကြီး ရှစ်ဦးတို့ လိုက်ပါသွား ကြောင်း သိရသည်။ သတင်းစဉ်