ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေကာ အကျိုးအမြတ်ရယူသူများကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ် ချမှတ်

နေပြည်တော် ဒီဇင်ဘာ ၁၆


အမျိုးသမီးနှစ်ဦးကို    ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေကာ အကျိုးအမြတ်ရယူသူများ ကို လူကုန်ကူးမှုဖြင့်    အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။


ရန်ကုန်တိုင်းဒေသကြီး   ရွှေပြည်သာ မြို့နယ်        အမှတ်(၁၉)ရပ်ကွက်နေ မသန်းသန်းခိုင်နှင့်      မနွေးနွေးတို့က   ရွှေပြည်သာမြို့နယ်နေ မ xxx    ၃၁ နှစ်နှင့်   လိပ်စာတူ   မ xxx  ၃၁ နှစ်တို့ကို   မြိတ်မြို့ရှိ  KTV အနှိပ်ခန်းတွင် အလုပ်ရမည်ဟု        စည်းရုံးပြောဆို၍ ပြည့်တန်ဆာအဖြစ်    အဓမ္မခိုင်းစေကာ အကျိုးအမြတ်ရယူခဲ့သဖြင့်  ရွှေပြည်သာ မြို့မရဲစခန်း(ပ)၂၃၆၄/၂၀၂၀၊ လူကုန်ကူးမှု     တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့်        အမှုဖွင့်ခဲ့ပြီး    
မြောက်ပိုင်းခရိုင်တရားရုံးသို့     တရားစွဲ တင်ပို့ခဲ့ရာ   ဒီဇင်ဘာ ၁၃ ရက်တွင် တရားခံ  သန်းသန်းခိုင်နှင့် နွေးနွေးတို့ကို လူကုန်ကူးမှု   တားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၂၄  အရ   အလုပ်နှင့်ထောင်ဒဏ်   ၁၀ နှစ်စီ ချမှတ် ခဲ့ကြောင်း သိရသည်။


သတင်းစဉ်