ပြည်တွင်းစားသုံးဆီဖူလုံရေး ဆီထွက်သီးနှံများ တိုးမြှင့်ထုတ်လုပ် ပြည်ပသို့ တင်ပို့မှုများချင့်ချိန်

မြန်မာတို့၏ နေ့စဉ် အဓိကစားသုံးမှုတွင် ဆန်က ပထမ၊ ဆီက ဒုတိယဖြစ်သည်။ အဓိကစားသုံးသီးနှံ ဆန်နှင့်ဆီတို့ကို ပြည်တွင်း ၌  စိုက်ပျိုးထုတ်လုပ်နိုင်သော်လည်း   ဆန်သာလျှင်   ဖူလုံပြီး ဆီမဖူလုံမှုကြောင့် လိုအပ်သမျှကို ပြည်ပမှ ဝယ်ယူတင်သွင်းရ သည်။ ပြည်တွင်းဆီထုတ်လုပ်မှုမပါ နှစ်စဉ် ပြည်ပမှ ဆီတန်ချိန် ရှစ်သိန်းမှ ကိုးသိန်းအထိ တင်သွင်းနေရခြင်းဖြစ်ရာ  ပြည်တွင်း ဆီထွက်သီးနှံ တိုးမြှင့်စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် ပြည်တွင်းဆီ ဖူလုံရေးအတွက် နိုင်ငံတော်က တွန်းအားပေးဆောင်ရွက်လျက် ရှိသည်။
“ဆီထွက်သီးနှံနှင့်ပတ်သက်၍ မိမိတို့နိုင်ငံအနေဖြင့် နှစ်စဉ် ပြည်ပမှ စားသုံးဆီများ တင်သွင်းနေရကြောင်း၊ ပြည်တွင်းမှ ထွက်ရှိသည့် ဆီထွက်သီးနှံထွက်ကုန်များကို ပြည်ပသို့ တင်ပို့ နေခြင်းများလည်းရှိကြောင်း၊  ဆီထွက်သီးနှံများ  အထွက်နှုန်း ပြည့်ဝစွာဖြင့် ထုတ်လုပ်နိုင်ရေးနှင့် အချက်အလက်များ မှန်ကန် စွာ ရယူနိုင်ရေး တာဝန်ရှိသူအဆင့်ဆင့်အနေဖြင့် စနစ်တကျ ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် အချက် (၄) ချက် သည်   အဓိကအရေးကြီးသဖြင့်   စနစ်တကျဖြင့်   အသုံးချရန် လိုကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၄/၂၀၂၄) တွင် အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင်   ဆီထွက်သီးနှံများအဖြစ်  မြေပဲ၊ နှမ်း၊ ပန်းနှမ်း၊ နေကြာ၊ ပဲပုပ် စသည့်သီးနှံများကို စိုက်ပျိုးထုတ်လုပ် လျက်ရှိပြီး လက်ရှိအထွက်နှုန်းအတိုင်း ဆီထုတ်လုပ်မည်ဆိုလျှင် စားသုံးဆီဖူလုံမှု ၁၂၆ ဒသမ ၂ ရာခိုင်နှုန်းရှိသည်။ ဆီထွက်သီးနှံ များ စိုက်ဧကမှာ (စားအုန်းဆီမပါ) စိုက်ဧက ရှစ်သိန်းရှိပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ဆောင်ရွက်နိုင်မည် ဆိုပါက  နိုင်ငံ၏စားသုံးဆီဖူလုံမှုမှာ ၂၄၉ ဒသမ ၅  ရာခိုင်နှုန်း ရှိမည်ဖြစ်ရာ လိုအပ်ချက်၏ နှစ်ဆခွဲခန့် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ပြည်ပမှဆီတင်သွင်းရမှု လျော့ကျသွားမည်ဖြစ်သည်။ သို့ရာတွင် လက်ရှိစိုက်ပျိုးထုတ်လုပ်မှုမှ ထွက်ရှိလာသည့် မြေပဲ၊ နှမ်းတို့ကို ပြည်ပသို့ တင်ပို့ခြင်း၊ အခြားနည်းဖြင့်  စားသုံးခြင်းတို့ကြောင့် ပြည်တွင်းဆီဖူလုံမှုကို လျော့နည်းသွားစေသည်။
ပြည်တွင်းဆီစက်လုပ်ငန်းရှင်များအနေဖြင့်      ဆီသီးနှံ လှိုင်လှိုင်ပေါ်ချိန်တွင် ပြည်ပတင်ပို့သူ (exporter)များ၊ ပြည်ပ ဝယ်လက်များနှင့်   ယှဉ်ပြိုင်ဝယ်ယူနိုင်စွမ်းမရှိခြင်း၊  ဆီစက် လုပ်ငန်းကြီးများအနေဖြင့်လည်း ထုတ်လုပ်နိုင်စွမ်းရှိသလောက် ပြည်တွင်းဝယ်လိုအား မရှိခြင်း စသည့်အခက်အခဲများရှိကြောင်း၊ ပြည်တွင်းမှ မြေပဲ၊ နှမ်း စသည့်ဆီထွက်သီးနှံများ  ပြည်ပတင်ပို့ မှုနှင့်  စားအုန်းဆီ  ပြည်တွင်းတင်သွင်းမှုတို့အပေါ်  ပြည်တွင်း စားသုံးဆီဖူလုံမှုနှင့်   ချင့်ချင့်ချိန်ချိန်  ဆောင်ရွက်သင့်ကြောင်း ဆီစက်လုပ်ငန်းရှင်အသိုင်းအဝိုင်းမှ      ပြောကြားမှုများရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ကလည်း “ဆီထွက်သီးနှံများဖြစ်သည့်  မြေပဲနှင့်  နှမ်းများကို ပြည်ပသို့ တင်ပို့ခြင်းထက် ပြည်တွင်း၌ ဆီထုတ်လုပ်ခြင်းလုပ်ငန်း များကို ဆောင်ရွက်မည်ဆိုပါက ဆီစက်များလည်ပတ်ရခြင်း၊ တိရစ္ဆာန်အစာအတွက် လိုအပ်သည့် နှမ်းဖတ်၊ ပဲဖတ်များ ရရှိခြင်း၊  အလုပ်အကိုင်များ ရရှိခြင်းများ ဖြစ်ပေါ်ပြီး ပြည်တွင်းဆီဖူလုံမှု ကို များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း” ယမန်နှစ် ကုန်သည်/စက်မှုအသင်းချုပ် ညီနောင်အသင်းအဖွဲ့များမှ တာဝန် ရှိသူများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
ဆီထွက်သီးနှံများ တိုးမြှင့်စိုက်ပျိုးထုတ်လုပ်ရေး၊ ဆီစက် လုပ်ငန်းများ   ဖွံ့ဖြိုးတိုးတက်ရေးသည်    ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက်သာမက အခြားသော အကျိုးစီးပွားဖြစ်ထွန်းမှု များလည်း ရှိနေသည်။ ပဲ၊ နှမ်း ကုန်ကြမ်းများ ပြည်ပသို့ တင်ပို့ နေမည့်အစား အရည်အသွေးမြင့်စားသုံးဆီနှင့် အခြားစားသောက် ကုန်ချောများ   ထုတ်လုပ်ကာ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပ တင်ပို့နိုင်ရန်  ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့်   နိုင်ငံ့စီးပွားမြင့်မား ရေးတွင် အထောက်အကူပြုနိုင်ပါမည့်အကြောင်း။         ။