ပြည်တွင်းလေယာဉ်စီး ခရီးသည်များအတွက် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲစစ်ဆေးပေးမည့်အစီအစဉ် အသိပေးကြေညာခြင်း

 

ကိုဗစ်-၁၉  ရောဂါ  ကာကွယ်၊  ထိန်းချုပ်၊  ကုသရေးလုပ်ငန်းများအား  အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်မှုကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတတိယလှိုင်းအား အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်လာနိုင်ပြီဖြစ်၍ ရောဂါထိန်းချုပ်ရေး ဆိုင်ရာ ကန့်သတ်ချက်များအား တစ်ဆင့်ချင်းဖြေလျှော့ပေးလျက်ရှိရာ ပြည်တွင်းလေယာဉ်စီးခရီးသည်များ အဆင်ပြေ ချောမွေ့စေရေးအတွက် ခရီးစဉ်မတိုင်မီ ၄၈ နာရီအတွင်း RDT ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးမရှိကြောင်း ဓာတ်ခွဲစမ်းသပ်ချက်ကို Check-in ဝင်သည့်အချိန်၌ တင်ပြနိုင်ရန်အတွက် - 

 

(က)    ခရီးစဉ်မတိုင်မီ ၄၈ နာရီထက် နောက်မကျစေဘဲ ကိုဗစ်-၁၉ ရောဂါကို လေယာဉ်ကွင်းတည်ရှိရာ သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးများတွင် နေ့စဉ်နံနက် ၀၉:၀၀ နာရီမှ ၁၁:၀၀ နာရီနှင့် နေ့လယ် ၁၃:၀၀ နာရီမှ ၁၅:၀၀ နာရီ အချိန်အထိ ပိတ်ရက်မရှိ အခမဲ့စစ်ဆေးဆောင်ရွက်ပေးပါမည်၊

 


(ခ)    ၎င်းအပြင်  ကျန်းမာရေးဝန်ကြီးဌာနမှ  လုပ်ထုံးလုပ်နည်းနှင့်အညီ  စစ်ဆေး၍  ရောဂါရှာဖွေရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုထားသော ပုဂ္ဂလိကဆေးရုံများ၊ ဆေးခန်းများ၊ ဓာတ်ခွဲခန်းများတွင် သတ်မှတ်နှုန်းထားပေး၍ ဓာတ်ခွဲစစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။


ကျန်းမာရေးဝန်ကြီးဌာန
                                    

( ၁၀-၁၁-၂၀၂၁ )