
ကမ္ဘာ့နံပါတ်တစ် တင်းနစ်ကစားသမား နိုဗက် ဒီဂျိုကိုဗစ်သည် အမေရိကန်နိုင်ငံသို့ ပြည်ဝင်ခွင့် ငြင်းပယ်ခံရပြီးနောက် လာမည့် သီတင်းပတ်တွင်ကျင်းပမည့် မိုင်ယာမီအိုးပင်းပြိုင်ပွဲကို ယှဉ်ပြိုင် နိုင်တော့မည် မဟုတ်ကြောင်း သိရသည်။
ဂရင်းဆလမ်းချန်ပီယံဆု ၂၂ ကြိမ်ရ ဂျိုကိုဗစ်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုမရှိသောကြောင့် အမေရိကန်နိုင်ငံသို့ အထူးခွင့်ပြုချက်ဖြင့် ဝင်ခွင့်ရရှိရန် တောင်းဆိုထားခြင်းဖြစ်သည်။ အမေရိကန်သို့ လာမည့်သူများသည် ကာကွယ်ဆေးထိုးနှံမှုလိုအပ် ကြောင်း သိရသည်။
လင်းလက်ကြယ် - စုစည်းသည်