ပျဉ်းမနား၊ ဟုမ္မလင်း၊ ပြင်ဦးလွင်နှင့် ရမည်းသင်းမြို့နယ်တို့၌ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

နေပြည်တော်   ဒီဇင်ဘာ  ၂၆ 


နေပြည်တော်ရဲတပ်ဖွဲ့မှ  တပ်ဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၅ ရက် မွန်းတည့် ၁၂ နာရီခွဲတွင်  ပျဉ်းမနားမြို့နယ် ရွာသစ်ကျေးရွာအုပ်စု ကျွန်းကုန်းကျေးရွာအနီး တွင် ဇော်ဝင်း(ခ) ဇော်ဝင်းထွန်း  မောင်းနှင်လာ သည့် မော်တော်ဆိုင်ကယ်ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၅၀ ကိုလည်းကောင်း၊  ထို့အတူ ယင်းနေ့ညနေ ၆ နာရီတွင် မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေး    ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော  ပူးပေါင်းအဖွဲ့သည် ဟုမ္မလင်းမြို့ နယ်  ခေါင်ခမ်းကျေးရွာ  ဟုမ္မလင်းလေဆိပ်အနီး တွင် အောင်ဆန်းဝင်း(ခ)အောင်ဆန်း၊ ဖိုးကြီး၊ စောမင်းတင်(ခ)အိုက်ပါး၊     သန်းဇော်တို့ကို ဆိုင်ကယ်နှစ်စီးနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိ သဖြင့်   စစ်ဆေးရှာဖွေရာ  စိတ်ကြွရူးသွပ် ဆေးပြား ၃၃၆၃ ပြား၊ ဘိန်းဖြူ သုည ဒသမ ၁၄၀၃ ကီလိုကိုလည်းကောင်း။


အလားတူ ယင်းနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဝင်များပါဝင်သော         ပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင်မြို့နယ် လားရှိုး-မန္တလေးသွား ကား လမ်း   ဝက်ဝံကျေးရွာအုပ်စု  ဝက်ဝံကျေးရွာ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကျော်မင်းထက် (ခ) ကောက်ကွေး(ခ) ကျော်မျိုး  မောင်းနှင်လာ သည့် မော်တော်ဆိုင်ကယ်ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား    ၁၉၂၉၀ ကိုလည်း ကောင်း၊  ထို့အတူ ဒီဇင်ဘာ ၂၄ ရက် ညနေ   ၅ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော  ပူးပေါင်းအဖွဲ့သည် ရမည်းသင်းမြို့နယ်         ရွာတန်းကျေးရွာမှ အမြန်လမ်းမကြီးသွားကားလမ်း   မိုင်တိုင် အမှတ် (၁၂/၂)နှင့်(၁၂/၃)ကြားတွင် အောင်နိုင်ဌေး မောင်းနှင်လာသည့်   မော်တော်ဆိုင်ကယ်ကို စစ်ဆေးရှာဖွေရာ   စိတ်ကြွရူးသွပ်ဆေးပြား ၁၄၀၀ ကိုလည်းကောင်း၊  အလားတူ ယင်းနေ့ ည ၇ နာရီတွင် ပူးပေါင်းအဖွဲ့သည် ရမည်းသင်း မြို့နယ် ရန်ကုန်- မန္တလေးအမြန်လမ်း မိုင်တိုင် အမှတ် (၂၅၀/၇)အနီးတွင် စိုးထီကို ဆိုင်ကယ် နှင့်အတူ  မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၀၀ ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ အား မူးယစ်ဆေးဝါးနှင့်  စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။            

  ရဲပြန်ကြား