
ပါရီအိုလံပစ် ၂၀၂၄ အမျိုးသား ယူ - ၂၃ ဘောလုံးပြိုင်ပွဲ အုပ်စု (က) ပွဲစဉ် (၃) မှ နယူးဇီလန် ယူ- ၂၃ အသင်းနှင့် ပြင်သစ် ယူ - ၂၃ အသင်းပွဲစဉ်ကို ဇူလိုင် ၃၀ ရက် ည ၁၁ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့ ရာ ပြင်သစ်အသင်း ယူ -၂၃အသင်း က သုံးဂိုးပြတ် အနိုင်ရရှိခဲ့သည်။
ထို့ကြောင့် ပြင်သစ်အသင်း သည် အုပ်စု (က) တွင် သုံးပွဲကစား သုံးပွဲနိုင် ရမှတ်ကိုးမှတ်နှင့်အတူ အုပ်စုပထမဖြင့် ပါရီအိုလံပစ် ၂၀၂၄ အမျိုးသား ယူ - ၂၃ ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ် သို့ တက်လှမ်းနိုင်ခဲ့သည်။ နည်းပြ သီယာရီ အွန်နရီ ကိုင်တွယ်နေ သည့် ပြင်သစ် ယူ - ၂၃ အသင်း သည် ပွဲစဉ် (၁)တွင် အမေရိကန် အသင်းကို သုံးဂိုး - ဂိုး မရှိ၊ ပွဲစဉ် (၂) တွင် ဂီနီအသင်းကို တစ်ဂိုး- ဂိုးမရှိဖြင့် နိုင်ပွဲရရှိခဲ့သလို ယခု အုပ်စု နောက်ဆုံးပွဲစဉ်တွင်လည်း ပြိုင်ဘက် နယူးဇီလန်ကို သုံးဂိုး- ဂိုးမရှိဖြင့် နိုင်ပွဲရရှိခဲ့ခြင်း ဖြစ် သည်။
ပေးဂိုးခွင့်ပြုခြင်းမရှိ
ပြင်သစ် ယူ -၂၃ အသင်းသည် အဆိုပါ ပွဲစဉ် သုံးပွဲတွင် ရဂိုး ခုနစ် ဂိုးအထိရှိပြီး ပေးဂိုးခွင့်ပြုထားရ ခြင်း မရှိသေးပေ။ နယူးဇီလန် ယူ -၂၃ အသင်းသည် ပြင်သစ် ယူ-၂၃ အသင်းဘက်သို့ ရံဖန်ရံခါမှ သာ ထိုးဖောက်တိုက်စစ်ဆင် ကစားနိုင်ပြီး ပြိုင်ဘက်အသင်း၏ ဖိအားပေး တိုက်စစ်ဆင်မှုများကို သာ ပွဲချိန်တစ်လျှောက် ခုခံ ကာကွယ်ခဲ့ရသည်။
အမျိုးသား ယူ - ၂၃ ဘောလုံး ပြိုင်ပွဲမှ အခြားသောပွဲစဉ်ရလဒ် များတွင် အမေရိကန်က ဂီနီ အသင်းကို သုံးဂိုး- ဂိုးမရှိ၊ အာဂျင် တီးနားက ယူကရိန်းကို နှစ်ဂိုး-ဂိုးမရှိ၊ မော်ရိုကိုက အီရတ်ကို သုံးဂိုး - ဂိုးမရှိ၊ အီဂျစ်က စပိန်ကို နှစ်ဂိုး - တစ်ဂိုး၊ ပါရာဂွေးက မာလီကို တစ်ဂိုး - ဂိုးမရှိ၊ ဂျပန်က အစ္စရေးကို တစ်ဂိုး - ဂိုးမရှိဖြင့် နိုင်ပွဲအသီးသီးရရှိခဲ့ပြီး ဒိုမီနီကန် နှင့် ဥဇဘက်ကစ္စတန်အသင်း ပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီ သရေ ကျခဲ့သည်။
ယှဉ်ပြိုင်ကစားမည်
ပါရီအိုလံပစ် ၂၀၂၄ အမျိုးသား ယူ - ၂၃ ဘောလုံးပြိုင်ပွဲ ကွာတား ဖိုင်နယ်တွင် ပြင်သစ်နှင့် နာမည် ကြီး အာဂျင်တီးနားအသင်း၊ မော်ရိုကိုနှင့် အမေရိကန်၊ ဂျပန်နှင့် စပိန်၊ အီဂျစ်နှင့် ပါရာဂွေးအသင်း တို့ ယှဉ်ပြိုင်ကစားသွားရမည် ဖြစ်သည်။
အောင်ဇော်