
ရန်ကုန် ဇန်နဝါရီ ၁၂
၂၀၂၄ ပါရီအိုလံပစ် အမျိုးသမီးဘောလုံး အာရှဇုန်ခြေစစ်ပွဲ ပထမအဆင့်အုပ်စုမဲခွဲပွဲကို ဇန်နဝါရီ ၁၂ ရက်က မလေးရှားနိုင်ငံတွင် ကျင်းပရာ မြန်မာအသင်းသည် အုပ်စု (ခ) ၌ အီရန်၊ ဘင်္ဂလားဒေ့ရှ်၊ မော်လ်ဒိုက်တို့နှင့် ကျရောက်ခဲ့သည်။
ပထမအဆင့်အုပ်စုပွဲများကို ၂၀၂၃ ခုနှစ် ဧပြီ ၃ ရက်မှ ၁၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အုပ်စုမဲခွဲမှုအရ အုပ်စု (က) တွင် ဥဇဘက် ကစ္စတန်၊ ဂျော်ဒန်၊ တီမော၊ ဘူတန်၊ အုပ်စု (ခ) တွင် မြန်မာ၊ အီရန်၊ ဘင်္ဂလားဒေ့ရှ်၊ မော်လ်ဒိုက်၊ အုပ်စု (ဂ) တွင် ဗီယက်နမ်၊ နီပေါ၊ ပါလက် စတိုင်း၊ အာဖဂန်နစ္စတန်၊ အုပ်စု (ဃ) တွင် ထိုင်း၊ မွန်ဂိုလီးယား၊ စင်ကာပူ၊ သီရိလင်္ကာ၊ အုပ်စု (င) တွင် ဖိလစ်ပိုင်၊ ဟောင်ကောင်၊ တာဂျစ် ကစ္စတန်၊ ပါကစ္စတန်၊ အုပ်စု (စ) တွင် တရုတ် (တိုင်ပေ)၊ အင်ဒိုနီးရှား၊ လက်ဘနွန်၊ အုပ်စု(ဆ) တွင် အိန္ဒိယ၊ ကာဂျစ္စတန်နှင့် တာ့ခ်မင်နစ္စတန် အသင်းတို့ ပါဝင်နေသည်။ ပထမအဆင့်ခြေစစ် ပွဲကို အုပ်စု ခုနစ်ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အသင်း ၂၆ သင်းကို လေးသင်း ငါးအုပ်စုနှင့် သုံးသင်း နှစ်အုပ်စုခွဲ၍ ကျင်းပမည်ဖြစ်သည်။ ခြေစစ်ပွဲကျင်းပမည့်ပုံစံအရ အုပ်စုခုနစ်ခုမှ ထိပ်ဆုံးအသင်းများသာ ဒုတိယအဆင့်ခြေစစ် ပွဲသို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။ အာရှ အင်အားကြီး အသင်းများဖြစ်သည့် ဂျပန်၊ မြောက်ကိုရီးယား၊ သြစတြေးလျ၊ တရုတ်နှင့် တောင်ကိုရီးယားအသင်းတို့မှာ ဒုတိယအဆင့် ခြေစစ်ပွဲမှ စတင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပထမ အဆင့်မှ တက်ရောက်လာသည့် ခုနစ်သင်းနှင့် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ဒုတိယ အဆင့်ခြေစစ်ပွဲကို လေးသင်း သုံးအုပ်စုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စုသုံးခုမှ ထိပ်ဆုံး တစ်သင်းစီနှင့် ဒုတိယနေရာ သုံးသင်းအနက် အကောင်းဆုံးအသင်း စုစုပေါင်းလေးသင်းသာ တတိယအဆင့် ခြေစစ်ပွဲ တက်ရောက်ခွင့် ရမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း သည် ပါရီအိုလံပစ်ခြေစစ်ပွဲအပါအဝင် ၂၀၂၃ ခုနှစ်အတွင်း ယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲ များအတွက် ဒီဇင်ဘာလကတည်းက စခန်းဝင် လေ့ကျင့်လျက်ရှိပြီး နည်းပြချုပ်အဖြစ် ဒေါ်သက် သက်ဝင်းက ကိုင်တွယ်နေသည်။ မြန်မာအမျိုး သမီးအသင်းအတွက် ပါရီအိုလံပစ်ပထမအဆင့် ခြေစစ်ပွဲမှာ ယခုနှစ်အတွင်း ပထမဆုံးယှဉ်ပြိုင် ရမည့် နိုင်ငံတကာ ပြိုင်ပွဲလည်းဖြစ်သည်။ မြန်မာအသင်းသည် အီရန်၊ ဘင်္ဂလားဒေ့ရှ်၊ မော်လ်ဒိုက်အသင်းတို့နှင့် ကျရောက်နေသော် လည်း အီရန်နှင့် ဘင်္ဂလားဒေ့ရှ်အသင်းတို့မှာ ကစားပုံ မာကျောသဖြင့် အမှားခံ၍မရသည့် အနေအထားဖြစ်နေသည်။ ရဲရင့်လွင်
ဓာတ်ပုံ-သော်လေး