ပရီမီယာလိဂ်အဖွင့်ပွဲစဉ် လီဗာပူးနှင့် မန်ယူအသင်းတို့ အနိုင်ရ

 

ပရီမီယာလိဂ်ပွဲစဉ် (၁) မှ ဩဂုတ် ၁၇   ရက်   ညနေ ၆ နာရီက တန်းတက်   အစ်ဆွစ်အသင်းနှင့်   လီဗာပူးအသင်းတို့ ယှဉ်ပြိုင်ကစား ခဲ့ရာ လီဗာပူးအသင်းက   နှစ်ဂိုး ပြတ်အနိုင်ရရှိခဲ့သည်။   လီဗာပူး အသင်းအတွက်  သွင်းဂိုးများကို ဂျိုတာနှင့် ဆာလာတို့က သွင်းယူ ပေးခဲ့သည်။ လီဗာပူးအသင်းသည်  အစ်ဆွစ်အသင်းကို  ဂိုးကန်သွင်းမှု အသာ၊        ခြေစွမ်းအသာဖြင့်  ပွဲချိန်အများစု   ဖိအားပေးကစား နိုင်ခဲ့သည်။    အစ်ဆွစ်အသင်းက  လီဗာပူးအသင်းဘက်သို့ ထိုးဖောက် ကစားနိုင်ခဲ့သည်။
ဩဂုတ် ၁၇ ရက် နံနက် ၁ နာရီ ခွဲက    ယှဉ်ပြိုင်ကစားခဲ့သည့် မန်ယူနှင့် ဖူလ်ဟမ်အသင်းပွဲစဉ် တွင် မန်ယူအသင်းက အကြိတ် အနယ်ကစားပြီး တစ်ဂိုး-ဂိုးမရှိ ဖြင့်    နိုင်ပွဲရရှိခဲ့သည့်အတွက်  ပရီမီယာလိဂ်အဖွင့် မျက်နှာပန်း လှခဲ့သည်။
အဆိုပါ ပွဲစဉ်ကို မန်ယူအသင်း အိမ်ကွင်းဖြစ်သည့် အိုးထရက်ဖို့ဒ် ၌ ယှဉ်ပြိုင်ကစားပြီး  ပရိသတ် ၇၃၀၀၀ ကျော် လာရောက်ကြည့်ရှု ခဲ့သည်။     မန်ယူအသင်းသည် ပထမပိုင်းပွဲချိန်တွင်  ဖူလ်ဟမ် အသင်းကို   ခြေစွမ်းအသာဖြင့် ဖိအားပေး   ကစားနိုင်ခဲ့သည်။ ဂိုးရရှိရန် နီးစပ်သည့်အခွင့်အရေး များကို ကက်စမီရို၊ ဖာနန်ဒက်စ်တို့ ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်း   မရှိ သည့်အတွက်   နစ်နာခဲ့ရသည်။ ထို့ပြင် ဖူလ်ဟမ်အသင်း၏ ဂိုးရရှိ ရန် နီးစပ်သည့်အခွင့်အရေးအချို့ ကိုလည်း မန်ယူအသင်းခံစစ်နှင့် ဂိုးသမား အိုနာနာတို့ အကောင်း ဆုံး    ဟန့်တားကာကွယ်နိုင်ခဲ့ သည်။  
မန်ယူအသင်းသည် ဒုတိယ ပိုင်းတွင် ကစားအားကျဆင်းလာ သည့် အာမက်နှင့် မေဆင်မောင့် တို့ကို အနားပေးကာ ဂါနာချိုနှင့် ဇာဇီးတို့ကို   ထည့်သွင်းအသုံးပြုခဲ့ သည်။ သို့သော်လည်း ပြိုင်ဘက် အသင်း၏ ခုခံကစားပုံ ကောင်းမွန် မှုကြောင့် မိနစ် ၈၀ ကျော်သည် အထိ မန်ယူအသင်း သွင်းဂိုးရရှိ ရေး ရုန်းကန်ခဲ့ရသည်။ ပွဲချိန် ၈၇ မိနစ်တွင် မန်ယူအသင်းအတွက် အရေးပါသည့် တစ်လုံးတည်းသော အနိုင်ဂိုးကို  လူစားဝင်တိုက်စစ် ကစားသမား ဇာဇီးက ဂါနာချို၏ ဖန်တီးမှုမှတစ်ဆင့် အဆုံးသတ် သွင်းယူပေးနိုင်ခဲ့သည်။
ထို့ပြင် ပွဲချိန်ပြည့်ခါနီးတွင် မန်ယူအသင်း  ဒုတိယဂိုးရရှိရန် အကောင်းဆုံးအခွင့်အရေးရရှိခဲ့သော်လည်း   ဂါနာချို၏   အဆုံး သတ်သွင်းယူမှု လွဲချော်ခဲ့သည်။ မန်ယူအသင်းသည်      ပွဲချိန် တစ်လျှောက်    ဖူလ်ဟမ်အသင်း ဘက်သို့ ဂိုးရရှိနိုင်သည့် အပိုင် အခွင့်အရေး    လေးကြိမ်ထက် မနည်းရရှိခဲ့သော်လည်း လေးကြိမ် စလုံး လွဲချော်ခဲ့သည်။
လာမည့်ပွဲစဉ်တွင်    မန်ယူ အသင်းက  ဘရိုက်တန်အသင်း အိမ်ကွင်း၌  သွားရောက်ကစား ရမည်ဖြစ်ပြီး ဖူလ်ဟမ်အသင်းက လက်စတာအသင်းကို  အိမ်ကွင်း ၌   ဧည့်ခံယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။        အောင်ဇော်