ပရီမီယာလိဂ်ပွဲစဉ် (၁၄) တွင် မန်စီးတီး၊ ကာဆယ်၊ စပါး၊ ဘရိုက်တန်အသင်းတို့ နိုင်ပွဲရရှိခဲ့ပြီး ချယ်ဆီးရှုံးနိမ့်

 

ပရီမီယာလိဂ်      ပွဲစဉ် (၁၄) မှ အောက်တိုဘာ ၂၉ ရက်  ညပိုင်း ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲစဉ်များတွင်  မန်စီးတီး၊   နယူးကာဆယ်၊ စပါး၊    ဘရိုက်တန်အသင်းတို့  နိုင်ပွဲရရှိခဲ့ပြီး      ချယ်ဆီးရှုံးနိမ့်ခဲ့ သည်။ 

 


လက်စတာနှင့်      မန်စီးတီး အသင်းတို့ပွဲစဉ်တွင်      မန်စီးတီး အသင်းက   ဒီဘရိုင်း၏  သေသပ် လှပသည့်     အလွတ်တည်ကန် ဘောမှတစ်ဆင့်   တစ်ဂိုး - ဂိုးမရှိ ဖြင့် နိုင်ပွဲရရှိပြီး အမှတ်ပေးဇယား ကို ရမှတ် ၂၉ မှတ်ဖြင့် ဦးဆောင် ထားနိုင်ခဲ့သည်။  

 

ယခုပွဲစဉ်တွင်   မန်စီးတီးအသင်းအတွက်  တစ်လုံး တည်းသော အနိုင်ဂိုးကို  ပွဲချိန် ၄၉ မိနစ်တွင်      သွင်းယူနိုင်ခဲ့သည့်  ဒီဘရိုင်းသည်      ပရီမီယာလိဂ်   ဂိုး  ၆၀  တွင် ၂၅ ဂိုးမှာ    ဂိုးဧရိယာ အပြင်ဘက်မှ      သွင်းယူရရှိခဲ့ခြင်း ဖြစ်သည်။

 


ဘရိုက်တန်နှင့်      ချယ်ဆီး အသင်းတို့ပွဲစဉ်တွင်  ဘရိုက်တန် က လေးဂိုး - တစ်ဂိုးဖြင့် အနိုင်ရရှိ ခဲ့သည်။   ဘရိုက်တန်သည်  ယခု နိုင်ပွဲကြောင့်   ရမှတ်  ၁၈  မှတ် ရရှိထားသည်။ ဘုန်းမောက်  နှင့်  စပါးအသင်းတို့   ပွဲစဉ်တွင်  စပါး အသင်းက      ဘန်တန်ကူ၏  နောက်ကျသွင်းဂိုးကြောင့်  သုံးဂိုး - နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ 

 


အခြားသော   ပွဲစဉ်ရလဒ်များ တွင်  ပဲလေ့စ်က ဆောက်သမ်တန် ကို တစ်ဂိုး - ဂိုးမရှိ ၊ နယူးကာဆယ် က   ဗီလာကို   လေးဂိုးပြတ်ဖြင့် နိုင်ပွဲရရှိပြီး   ဘရန့်ဖို့ဒ်နှင့်   ဝုဖ် အသင်းတို့ပွဲစဉ်တွင်     တစ်ဖက် တစ်ဂိုးစီဖြင့် ပွဲပြီးဆုံးခဲ့သည်။ 

အောင်ဇော်