ပရီမီယာလိဂ်ပွဲစဉ် (၁၉)တွင် လီဗာပူးကို ဂိုးပြတ်အနိုင်ရရှိခဲ့သည့် ဘရန့်ဖို့ဒ်

 

ဇန်နဝါရီ ၃ ရက်    နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် ပရီမီယာ လိဂ်ပွဲစဉ် (၁၉) မှ   ဘရန့်ဖို့ဒ်နှင့် လီဗာပူးအသင်းတို့     ပွဲစဉ်တွင် ဘရန့်ဖို့ဒ်အသင်းက    သုံးဂိုး-တစ်ဂိုးဖြင့်      အနိုင်ရရှိခဲ့သည်။ ဘရန့်ဖို့ဒ်အသင်း၏    အဆိုပါ နိုင်ပွဲသည် ၁၉၃၈ ခုနှစ်နောက်ပိုင်း လီဗာပူးအသင်းကို    ပထမဆုံး အကြိမ်    နိုင်ပွဲရရှိခဲ့ခြင်းလည်း ဖြစ်သည်။ 

 


ဘရန့်ဖို့ဒ်အသင်း၌    အဓိက တိုက်စစ်ကစားသမား အီဗန်တိုနေ ဒဏ်ရာကြောင့် ပါဝင်လာနိုင်ခြင်း မရှိသော်လည်း   အဝင်အထွက် မှန်ကန်မှု၊ ပြိုင်ဘက်အသင်းပေါ် ချဉ်းကပ်ပုံ   မှန်ကန်မှုနှင့်   အဆုံး သတ်သေချာမှုတို့ကြောင့် နာမည် ကြီး   လီဗာပူးအသင်းကို   ဂိုးပြတ် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ လီဗာပူး အသင်းက အဲလစ်ဆင်၊ နူနက်ဇ်၊ ဆာလာစသည့်    အဓိက   ကစား သမားအစုံအလင်ဖြင့်    ပွဲထွက် လာခဲ့သော်လည်း     ပုံမှန်ခြေစွမ်း အောက် ရောက်နေခဲ့သည့်အပြင် ရရှိလာသည့် အခွင့်အရေးများကို လည်း ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိသောကြောင့်  ဂိုးပြတ်ရှုံးပွဲနှင့် ကြုံတွေ့ခဲ့ရသည်။ 

 


ပွဲချိန် ၁၉ မိနစ်တွင် လီဗာပူး အသင်းမှ     ခံစစ်ကစားသမား ကိုနာတေး ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့ ၍ ဘရန့်ဖို့ဒ်အသင်း ဦးဆောင်ဂိုး ရရှိခဲ့သည်။    ထို့နောက်    ပွဲချိန် ၄၂  မိနစ်တွင်   ဘရန့်ဖို့ဒ်အသင်း ဒုတိယဂိုးရရှိခဲ့ပြီး      ဝစ်ဆာက သွင်းယူပေးခဲ့သည်။  ပွဲချိန် မိနစ် ၅၀ တွင်  ချန်ဘာလိန်က လီဗာပူး အသင်းအတွက် ချေပဂိုး သွင်းယူ ပေးခဲ့သည်။  ကစားကွက်အသာ၊ ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ပွဲကို လီဗာပူးအသင်း ထိန်းချုပ်ကစား ထားနိုင်သော်လည်း နိုင်ပွဲရသည် အထိ လုံလောက်သော စွမ်းဆောင် မှုမျိုး    ပြသနိုင်ခဲ့ခြင်း   မရှိချေ။ ဘရန့်ဖို့ဒ်အသင်းအတွက် အနိုင် သေချာစေမည့်    တတိယဂိုးကို ပွဲချိန်  ၈၄  မိနစ်တွင်     ရရှိခဲ့ပြီး အမ်ဗျူမိုက သွင်းယူပေးခဲ့သည်။ 

 


ယခုအနိုင်ပွဲကြောင့် ဘရန့်ဖို့ဒ် အသင်းက ၁၈ ပွဲကစား ရမှတ် ၂၆ မှတ်    ရရှိပြီဖြစ်ပြီး    ပြိုင်ဘက် လီဗာပူးအသင်းက  ၁၇ ပွဲကစား  ရမှတ် ၂၈ မှတ် ရရှိထားသည်။                                                    
   

အောင်ဇော်