
ရန်ကုန် ဩဂုတ် ၂၀
WBC နှင့် WBO ပြိုင်ပွဲများ၌ ဝင်ရောက်ယဉ်ပြိုင်နိုင်ရန် မြန်မာ နိုင်ငံလက်ဝှေ့အဖွဲ့ချုပ်၊ ဂျပန် လက်ဝှေ့ကော်မရှင်နှင့် MBC ကုမ္ပဏီတို့ပူးပေါင်းပြီး မြန်မာနိုင်ငံ ၏ပထမဆုံး PROFESSIONAL BOXING လက်ရည်စစ်ပြိုင်ပွဲများ ကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ် လေ့ကျင့်ရေး စခန်း (သု၀ဏ္ဏ) ၌ ကျင်းပသည်။
အဆိုပါပြိုင်ပွဲ၌ အမျိုးသား လေးချီ ၆၃ ဒသမ ၅၀ ကီလိုတန်း တွင် ရှိန်းထက်ကိုကိုနှင့် ထွန်းထွန်းဝင်း၊ ၅၅ ဒသမ ၃၄ ကီလိုတန်းတွင် လင်းထွဋ်ပိုင်နှင့်ဇော်မြင့်မိုး၊ ၆၁ ဒသမ ၂၃ကီလို တန်းတွင် နိုင်လတ်နှင့် လွှမ်းမိုး အောင်၊ ၇၂ ဒသမ ၅၇ ကီလိုတန်း တွင် ထက်ဝေလင်းနှင့် စောဝီ လျံထက်၊ ၅၀ ဒသမ ၈၀ ကီလို တန်းတွင် နော်ဖုန်းနှင့် ဖြိုးကိုကို၊
၅၇ ဒသမ ၁၅ ကီလိုတန်းတွင် နေထက်အောင်နှင့် စောလင်း အောင်၊ ရန်ထက်အောင်နှင့်စောခိုင် ရဲလင်း၊ ၆၃ ဒသမ ၅၀ ကီလိုတန်း တွင် ဝင်းလှိုင်ထွန်းနှင့် ကျော်မျိုး ထွေး၊ ၇၉ ဒသမ ၃၈ကီလိုတန်းတွင် နေအောင်လင်းနှင့် ဇော်ဆိုင်းနော်၊ အမျိုးသမီးလေးချီ၌ ၆၁ ဒသမ ၂၃ ကီလိုတန်းတွင် နော်ဥမ္မာစိုးနှင့် အိအိထွေးတို့ ယှဉ်ပြိုင်ထိုးသတ် ကြပြီး အနိုင်ရရှိသူများကို Myanmar Boxing Commission မှ တာဝန်ရှိ သူများကWorld Boxing Council ဆုတံဆိပ်များ ချီးမြှင့်ကြသည်။
“ကျွန်တော်တို့နိုင်ငံက ပရော် ဖက်ရှင်နယ် ဘောက်ဆင်နဲ့ နှစ်ပေါင်းများစွာ ကင်းကွာနေတယ်။ ကင်းကွာနေတဲ့ ဘောင်ဆင်ကို ပရော်ဖက်ရှင်နယ် ဆုကြေးစား သမားတွေကို မွေးထုတ်နေတဲ့ အခြေအနေဖြစ်ပါတယ်။ ဂျပန်မှာ တစ်နှစ်ကို လက်ဝှေ့ပွဲ ၂၀၀ လောက်လုပ်တာ၊ အဲဒီအတွက် လူလိုတယ်၊ လူလိုတော့ အရင်တုန်း ကတော့ သူတို့က ထိုင်းတွေကို ခေါ်တယ်၊ တစ်ချီလောက်ထိုးပြီး ရင် သူတို့ဆင်းပြီးသွားတော့ သူတို့ကမကြိုက်ကြဘူး။ တကယ့် ဇွဲနဲ့ထိုးမယ့်သူတွေ လိုက်ရှာ ရင်း မြန်မာကို သွားတွေ့တာ။ ကျွန်တော်တို့က ဒါနဲ့ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်း အခုမှစတာ။ သူတို့က လာကြီးကြပ်တာ၊ အခု ဒီပွဲမှာ ဂျပန်ဘောက်ဆင်ကော်မရှင် က အတွင်းရေးမှူး လာပြီးကြည့်ရှု ပါတယ်”ဟု မြန်မာဘောက်ဆင် ကော်မရှင် ဒါရိုက်တာအဖွဲ့ဝင် ဦးဝဏ္ဏက ပြောသည်။
ယင်းပြိုင်ပွဲသို့ မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ် ဥက္ကဋ္ဌ (၁)ဦးကျော်ကျော်စိုး၊ ဥက္ကဋ္ဌ (၂)ဦးကိုကိုအောင်နှင့် အမှုဆောင် များ၊ Myanmar Boxing Commi-ssion မှ တာဝန်ရှိသူများ၊ မြန်မာ့ ရိုးရာ လက်ဝှေ့ကစားသမားများ၊ လက်ဝှေ့ဝါသနာရှင်များ ကြည့်ရှု အားပေးကြသည်။ အာကာစိုး