
နေပြည်တော် ဖေဖော်ဝါရီ ၆
စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့ရှိ ပုလဲမြို့မရဲစခန်းအား PDF အမည်ခံ အကြမ်းဖက်သမားများက ဖေဖော် ဝါရီ ၅ ရက် ည ၈ နာရီခွဲခန့်တွင် ရဲစခန်း၏အရှေ့ဘက် လယ်ကွင်း များအတွင်းမှနေ၍ လက်လုပ် စိန်ပြောင်း၊ လက်နက်ငယ်များဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ ည ၁၀ နာရီခွဲခန့်တွင် အကြမ်းဖက်သမား များသည် ရဲစခန်း၏ အနောက် ဘက် မြကုန်းကျေးရွာဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။
ထိုသို့ ဆုတ်ခွာထွက်ပြေးစဉ် အကြမ်းဖက်သမားများသည် ည ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ပုလဲမြို့ တောင်ပိုင်းရပ်ကွက်ရှိ ယင်းမာပင် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဦးမြလေး(၆၃)နှစ်၏ နေအိမ်အား မီးရှို့ဖျက်ဆီးခဲ့သဖြင့် ဦးမြလေး နေအိမ်နှင့် ပတ်ဝန်းကျင်နေအိမ် များ မီးကူးစက်လောင်ကျွမ်းလျက် ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း ၍ မီးသတ်ယာဉ် နှစ်စီးဖြင့် သွား ရောက်မီးငြှိမ်းသတ်ခဲ့ရာ ည ၁၁ နာရီခွဲခန့်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ဦးမြလေး နေအိမ်ပါ အပြစ်မဲ့ပြည်သူနေအိမ် ၁၀ လုံးတို့ မီးလောင်ပျက်စီးဆုံးရှုံး ခဲ့ကြောင်း သိရှိရသည်။
ထိုကဲ့သို့ ရဲတပ်ဖွဲ့စခန်းများ အား တိုက်ခိုက်ပြီး အပြစ်မဲ့ပြည်သူ များ၏ နေအိမ်များအား မီးရှို့ ဖျက်ဆီးမှုများ ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများကို လုံခြုံ ရေးတပ်ဖွဲ့ဝင်များက နယ်မြေခံ တပ်မတော် စစ်ကြောင်းများနှင့် ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ် များနှင့်အညီ ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်