
ယခုတစ်ပတ်မှာတော့ ပရီမီယာလိဂ်ပွဲစဉ် (၂၁) ကို ဆက်လက်ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။ အသင်းကြီးအချင်းချင်းတွေ့ဆုံနေတဲ့ ပွဲစဉ်ပါဝင်သလို တန်းဆင်းဇုန်အသင်းအချင်းအချင်းတွေ့နေတဲ့ပွဲစဉ်လည်း ပါဝင်နေတာကြောင့် စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
လီဗာပူးနှင့် ချယ်ဆီး
နှစ်သင်းကြား ရမှတ်ကွာဟမှုမရှိဘဲ ချယ်ဆီးက တစ်ပွဲ ပို ကစားထားတယ်။ လီဗာပူးရော ချယ်ဆီးပါ ခြေစွမ်းအကျဘက် ရောက်နေတယ်ဆိုပေမယ့် တိုက်စစ်ပိုင်း ထက်မြက်မှုရှိတဲ့ လီဗာပူးအသင်း အသာရဖွယ်ရှိတယ်။
ဘုန်းမောက်နှင့် နော်တင်ဟမ်
နော်တင်ဟမ်က ရုန်းအားကောင်းပြီး ရလဒ် ကောင်း တွေ ပိုင်ဆိုင်ထားတယ်။ နောက်ဆုံး ငါးပွဲ ဆက် ဂိုးပြတ်ရှုံးပွဲကြုံတွေ့ထားတဲ့ ဘုန်းမောက်က ဒီရာသီမှာ ခံစစ်အဆိုးရွားဆုံးအသင်း အဖြစ်ရှိနေတာ ကြောင့် နော်တင်ဟမ်ကို အနိုင်ယူဖို့ ခက်မယ်။
မန်စီးတီးနှင့် ဝုဖ်
မန်စီးတီးက နောက်ဆုံးသုံးပွဲမှာ နှစ်ပွဲရှုံးနိမ့်ထား တာ ကြောင့် နိုင်ပွဲရရှိရေး အာရုံစိုက်ကစားလာမှာပါ။ ဝုဖ်အသင်းရဲ့ ခြေစွမ်း က မာကျောမှုရှိတယ်ဆိုပေမယ့် ဘက်စုံသာလွန်တဲ့ မန်စီးတီးကို အမြင့်ဆုံး သရေ သာရမယ်။
ဝက်စ်ဟမ်းနှင့် အဲဗာတန်
တန်းဆင်းဇုန် အသင်းအချင်းချင်း တွေ့ဆုံနေ တာကြောင့် ပြိုင်ဆိုင်မှုပြင်းထန်လာမှာ သေချာတယ်။ နှစ်သင်းစလုံးက တိုက်စစ်၊ ခံစစ်ပိုင်း ခြားနားမှု သိပ်မရှိဘူး။ ဝက်စ်ဟမ်းထက် အဲဗာတန်အသင်း မဖြစ်မနေနိုင်ပွဲရရှိဖို့ လိုအပ်တယ်။
လိဒ်စ်နှင့် ဘရန့်ဖို့ဒ်
လိဒ်စ်က အိမ်ကွင်းကောင်းမွန်မှုရှိပေမယ့် စုဖွဲ့မှု ပိုင်း ကျစ်လျစ်တဲ့ ဘရန့်ဖို့ဒ်ကို အနိုင်ယူဖို့ မလွယ် ဘူး။ ပရီမီယာလိဂ်မှာ နိုင်ပွဲပြန်လည်ရှာတွေ့ဖို့ကြိုးစားလာမယ့် လိဒ်စ်ကို အီဗန်တိုနေ ခြေစွမ်းပြမှုနဲ့အတူ ဘရန့်ဖို့ဒ် အနိုင်ရဖွယ်ရှိတယ်။
အာဆင်နယ်နှင့် မန်ယူ
အာဆင်နယ်အနေနဲ့ ပထမအကျော့က ရှုံးကြွေးပြန်ဆပ်ဖို့ ကြိုးစားလာမှာပါ။ သို့သော်လည်း သာမန် လုပ်အားနှုန်းနဲ့ မန်ယူကို အနိုင်ရဖို့ ခက်ပါ လိမ့်မယ်။ အဆုံးသတ်သေချာခဲ့ရင် မန်ယူရလဒ် ကောင်း ရရှိမယ်။
မိုးဇက်