၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေ၊ နည်းဥပဒေများအရ ပုံနှိပ်သူ၊ ထုတ်ဝေသူ များသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၆ အုပ် သို့မဟုတ် ၆ စောင်ကို ပြန်ကြားရေးဝန်ကြီး ဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါစာအုပ် စာစောင်များကို အမျိုးသားစာကြည့်တိုက်၊ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန နှင့် အမျိုးသားစာပေဆုရွေးချယ်ရေး ကော်မတီ များသို့ ခွဲဝေပေးပို့လျက်ရှိပါသည်။ ထို့အပြင် ပေးပို့ လာသော ထုတ်ဝေစာများကို ပြက္ခဒိန်နှစ်အလိုက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း ထုတ်ဝေသော စာအုပ်စာတမ်းများ စာရင်းတွင် လည်း ရေးသွင်းထားပြီး နှစ်စဉ်ထုတ်ပြန်လျက် ရှိပါသည်။
သို့ပါ၍ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေ ၁၅၊ နည်းဥပဒေခွဲ(က)ပါ ပြဋ္ဌာန်းချက် များအရ ထုတ်ဝေသူသည် မိမိထုတ်ဝေသော ထုတ်ဝေစာ ၆ အုပ် သို့မဟုတ် ၆ စောင်ကို ဖြန့်ချိ သည့်နေ့မှစ၍ ၇ ရက်အတွင်း ပုံနှိပ်သူထံပေးအပ်ပြီး ပုံနှိပ်သူသည် ၁၄ ရက်အတွင်း ပုံစံ ၁၁ ဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနခွဲသို့ မပျက်မကွက် ပေးအပ်ကြပါရန် အသိပေး ကြေညာအပ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာန