
နေပြည်တော် ဧပြီ ၂၀
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီး မြို့နယ် မြကန်သာကျေးရွာ၌ လုံခြုံရေး တာဝန်ထမ်းဆောင်လျက်ရှိသော လုံခြုံ ရေးတပ်ဖွဲ့ဝင်များကို ယနေ့နံနက်ပိုင်းတွင် သင်္ကန်းများ ဝတ်ဆင်၍ ရဟန်းသံဃာ အယောင်ဆောင်ထားသည့် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ် များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ယနေ့နံနက် ၇ နာရီခွဲခန့် တွင် ပုသိမ်ကြီးမြို့နယ် မြကန်သာ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးအနီး၌ လုံခြုံ ရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံ ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိစဉ် PDF အမည်ခံအကြမ်းဖက်သမားများက သင်္ကန်းများ ဝတ်ဆင်၍ ရဟန်းသံဃာများ အယောင်ဆောင်ကာ Mazda Titan Truck အမျိုးအစား မော်တော်ယာဉ်ဖြင့် ရောက်ရှိလာပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ အား လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်၍ မောင်းနှင်ထွက်ပြေးသွား ခဲ့သည်။
အဆိုပါ PDF အမည်ခံအကြမ်းဖက် သမားများ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် ယခုကဲ့သို့ သာသနာကို ခုတုံးလုပ်ပြီး မြင့်မြတ်သော ရဟန်းသံဃာ များ ဝတ်ဆင်သည့် သင်္ကန်းများကို ဝတ်ဆင်၍ ရဟန်းသံဃာ အယောင် ဆောင်ကာ အောက်တန်းကျသော စိတ်ယုတ် စိတ်ဓာတ်များဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက် သမားများအား အမြန်ဆုံးဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်