ပုသိမ်ကြီးမြို့နယ် ဖယောင်းတောင်ရွာကို စစ်တပ်က လေကြောင်းဖြင့်  ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ခုနစ်ဦး သေဆုံးဟု မဟုတ်မမှန်ရေးသား ဖြန့်ဝေ

နေပြည်တော်   ဩဂုတ်   ၈
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ဖယောင်းတောင်ရွာကို    ဩဂုတ် ၆ ရက်  ညပိုင်းတွင် စစ်တပ်က  လေကြောင်းဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့မှုကြောင့်    ပြည်သူ ခုနစ်ဦး  သေဆုံးခဲ့သည်ဟု   တရားမဝင် ပြည်ဖျက်မီဒီယာများက    မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို    တွေ့ရှိရ သည်။
တပ်မတော်အနေဖြင့်  အကြမ်းဖက်မှု ချေမှုန်းရေး စစ်ဆင်ရေး      (Counter- Terrorism Operation) ကို ဆောင်ရွက်နေ  သည့် ကာလတွင် ဒေသခံပြည်သူလူထု၏ သတင်းပေးပို့မှုများဖြင့်     အကြမ်းဖက် သောင်းကျန်းသူများ    ခိုအောင်းနေထိုင် သည့် နေရာကိုသာ တိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊    အကြမ်းဖက် သောင်းကျန်းသူများသည် စစ်ရေးပစ်မှတ် မဟုတ်သည့်    အရပ်ဘက်ပစ်မှတ်များ အား Drop Bomb များ၊ ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် လျက်ရှိသည်ကို   ပြည်သူများ   အသိပင် ဖြစ်ပြီး ယခုဖြစ်စဉ်တွင်လည်း   အကြမ်း ဖက်သမားများ၏   လက်နက်ကြီးများ၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့မှုကြောင့် ဒေသခံပြည်သူများ သေဆုံးခဲ့ ရသည်ကို အကြမ်းဖက်အားပေး ပြည်ဖျက် မီဒီယာများက  နိုင်ငံတကာမှ တပ်မတော် အပေါ်        အထင်အမြင်လွဲမှားစေရန် နှင့်  အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ်များကို ဖုံးကွယ်ရန်အတွက် လူမှု ကွန်ရက်မှတစ်ဆင့်    သတင်းမှားများကို ဖြန့်ဝေခြင်းဖြစ်ကြောင်း       သတင်းရရှိ သည်။                   
သတင်းစဉ်