ပုသိမ်ကြီးမြို့နယ်၌ ငွေကျပ် ၂၄ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော်   ဇန်နဝါရီ   ၁၄

 


ပုသိမ်ကြီးမြို့နယ်၌  ငွေကျပ်  ၂၄ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 


ဖြစ်စဉ်မှာ  လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၀ ရက် နံနက် ၁ နာရီ ခန့်တွင် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ထုံးဘို-မြစ်ငယ်သွားကားလမ်း မိုင်တိုင်အမှတ်(၈/၅)အနီးတွင်   ရပ်တန့်ထားသည့်   FUSO   ၁၂  ဘီး မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ၎င်းယာဉ် နှင့်အတူ တိုင်းကျော်ကို တွေ့ရှိပြီး ယာဉ်ပေါ်တွင် ကျောက်မီးသွေးများဖြင့် ဖုံးအုပ်ထားသည့် ဆာလာ အိတ်များအတွင်းမှ ဒေသကာလ တန်ဖိုးငွေကျပ် ၂၄ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက် တမင်း) ကီလို  ၁၀၀၀၊  စိတ်ကြွရူးသွပ်ဆေးပြား သုံးသန်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက် အရ     သိမ်းဆည်းရမိ    မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ရန်ကုန်တိုင်းဒေသကြီး သို့   သယ်ဆောင်ခြင်းဖြစ်ကြောင်း   သိရှိရသဖြင့် ၎င်းအားဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား     ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။  

 

သတင်းစဉ်