
စွမ်းပြည့်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပပေးမယ်လို့ ကမ္ဘာသိ၊ မြန်မာသိအကြိမ်ကြိမ် ကတိကဝတ်ပြုထားချက် ကို အလေးအနက်ထားပြီး ကျွန်တော်တို့ပြည်သူ တစ်ရပ်လုံးက ကြိုဆိုလျက်ရှိပါတယ်။ ဒီမိုကရေစီနဲ့ သွားမယ်ဆိုရင် ရွေးကောက်ပွဲတွေဟာ အလွန် အရေးကြီးပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ နိုင်ငံတော်တာဝန်တစ်ရပ်အနေနဲ့ ခေတ္တထိန်းသိမ်း ထားတဲ့ နိုင်ငံတော်အာဏာဆိုတာ သင့်လျော် မှန်ကန်တဲ့အချိန်တစ်ခုမှာ ပြည်သူ့လက်ထဲ ပြန်လည် လွှဲပြောင်းရောက်ရှိမည်သာဖြစ်ပါတယ်။
အနာဂတ်ဒီမိုကရေစီအတွက် အခြေခံကျကျတည်ဆောက်နေမှုများ
ဒီမိုကရေစီစနစ်နဲ့သွားခဲ့တဲ့ နိုင်ငံတော်ကို ဒီမိုကရေစီစံနှုန်းတွေနဲ့အညီ စစ်မှန်ပြီး စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီဖြစ်ဖို့ အားထုတ်ကြိုးပမ်းနေရ တဲ့ တပ်မတော်နဲ့ပါတီတွေ၊ အဖွဲ့အစည်းတွေ၊ နိုင်ငံချစ်စိတ်ရှိတဲ့ ပြည်သူတွေရှိနေသမျှ ရွေးကောက် ပွဲကြီးဟာ အမှန်တကယ် ဖြစ်မြောက်လာမှာပါ။
ဖောက်ပြန်တဲ့ဒီမိုကရေစီနေရာမှာ စစ်မှန် စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစံနှုန်းတွေ နေရာယူ နိုင်မှသာ အနာဂတ်ဒီမိုကရေစီဟာ စိတ်ချရမှာဖြစ်ပါ တယ်။ ဒီမိုကရေစီစစ်စစ်ဆိုတာ အနည်းစု၊ အများစု ဆိုပြီး လစ်ဟာမှုမရှိ၊ အားလုံးကို ကိုယ်စားပြုနိုင်မှ သာ စစ်မှန်တဲ့ဒီမိုကရေစီဖြစ်ပါမယ်။ နိုင်ငံမှာလက်ရှိ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်ဖြစ်စဉ်တွေကြောင့်သာ ဒီမိုကရေစီဟာ ဆုတ်ယုတ်နေခြင်းဖြစ်တယ်ဆိုတာ ပြည်သူအများစုကြီးက သိနေကြပါပြီ။
တပ်မတော်က မတူညီမှုများအကြား ငြိမ်းချမ်း စွာအတူယှဉ်တွဲနေထိုင်နိုင်အောင် ဆောင်ရွက်ပေး နေပါတယ်။ မိမိနိုင်ငံရဲ့အခြေအနေတွေနဲ့ ကိုက်ညီ တဲ့ ဒီမိုကရေစီပုံစံဖြစ်ဖို့လည်း လိုအပ်တဲ့အပြင် ဒီမိုကရေစီကို အသက်ဝင်စေမယ့် မဲစာရင်းမှန်ကန် ရေးလို တန်းတူညီမျှပြီး ယုံကြည်စိတ်ချရတဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်ဖို့ အခြေခံကောင်းတွေကို လည်း တည်ဆောက်ပေးနေရပါတယ်။ လူနည်းစု အမြင်တွေကို ပိုမိုထင်ဟပ်နိုင်ပြီး မဏ္ဍိုင်အားလုံးမှာ တိုင်းရင်းသားတွေကို ပိုမိုကိုယ်စားပြုလာနိုင်မယ့် ဖက်ဒရယ်အခွင့်အလမ်းများကိုလည်း စတင်ဖန်တီး ပေးနေပါတယ် (ယခင်က ဖက်ဒရယ်အခွင့်အလမ်းများ ရှိခဲ့ရဲ့လားဆိုတာကို လုပ်ရပ်တွေနဲ့တကွ ပြန်လည် ဆန်းစစ်စေလို)။ အနာဂတ်နိုင်ငံအရေးမှာ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် တာဝန်ယူနေပြီလည်းဖြစ်နေ တယ်။ တစ်နည်းအားဖြင့် ရွေးကောက်ပွဲမှတစ်ဆင့် စွန့်စားရနိုင်ခြေနည်းပြီး သီအိုရီထက် ပိုပြီး လက်တွေ့ကျတဲ့ နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ် ဖြစ်ထွန်းဖို့ အခြေခံကောင်းတွေကို အချိန်တစ်ခုယူ တည်ဆောက်နေရခြင်းသာ ဖြစ်ပါတယ်။
တည်ငြိမ်အေးချမ်းရေးကသာ အဓိကဖြစ်
အရေးကြီးဆုံးအချက်က လုံခြုံရေးနဲ့ တရား ဥပဒေစိုးမိုးမှုပါပဲ။ နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်း ရေးကို နှောင့်ယှက်ဖျက်ဆီးနေမှုများဟာ ရွေးကောက်ပွဲအတွက် အဓိကအဟန့်အတားတစ်ခု ဖြစ်နေသလို အနာဂတ်မြန်မာ့နိုင်ငံရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးများအတွက်လည်း ကြီးမားတဲ့စိန်ခေါ်ချက်ကြီးဖြစ်နေပါတယ်။
လုံးဝ အတွက်မှားလို့မရတဲ့ အခြေအနေမှာ တပ်မတော်ကတော့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးကို လုပ်နိုင်မယ့်ဒေသ၊ လုပ်နိုင်မယ့် အခြေအနေတွေအောက်မှာ လုပ်ပေးဖို့ တိကျသေချာ တဲ့ တာဝန်ယူ၊ တာဝန်ခံမှုပါတဲ့ ကတိစကားကို ပေးခဲ့ပြီးပါပြီ။ ယခင်ကအကြားအလပ်မရှိ၊ ယခု အခြေအနေမှာတော့ လုပ်နိုင်မယ့် ဒေသအခြေအနေ ပေါ်မူတည်ပြီး အပိုင်းလိုက်ခွဲပြီး လုပ်သွားမယ့် သဘောဖြစ်ပါတယ်။ အခြေအနေချင်းက မတူတဲ့ အတွက် လုပ်နိုင်တာကို စလုပ်မယ့်သဘောပါ။ ရွေးကောက်ပွဲဝင်မယ့်ပါတီတွေ၊ ကိုယ်စားလှယ်တွေ၊ ဝန်ထမ်းတွေ၊ မဲပေးမယ့်ပြည်သူတွေ ခြိမ်းခြောက်မှု ကင်းကင်း၊ ဖိအားကင်းကင်းနဲ့ လုပ်နိုင်မယ့်အခြေ အနေအောက်မှာပဲ လုပ်ပေးသွားမယ့် စေတနာ အရင်းခံသာဖြစ်ပါတယ်။
ခရီးရှည်ကြီးတစ်ခုသွားဖို့ ရည်မှန်းချက်တစ်ခု ရောက်ဖို့ ပထမခြေလှမ်းတစ်လှမ်း စတင်လှမ်းလိုက် ခြင်းပါပဲ။ ဘယ်အရာမဆို တစ်ဆင့်ပြီးတစ်ဆင့်သွားဖို့ ရန် ပထမတစ်ဆင့်ဟာ အရေးကြီးဆုံးဖြစ်ပါတယ်။ လုံခြုံရေးအရ လူထုနဲ့တိုက်ရိုက်ထိတွေ့ခွင့် ကင်ပိန်း နေရာမှာ လူထုကို အွန်လိုင်းကတစ်ဆင့် ထိတွေ့ရ တာမျိုး၊ မီဒီယာပလက်ဖောင်းကနေ ဆက်ဆံရခြင်း မျိုးတွေကို ထိထိရောက်ရောက်လုပ်နိုင်အောင် ကြိုတင်စဉ်းစားထားရမှာဖြစ်ပါတယ်။ ဒါကလည်း ရွေးကောက်ပွဲကိုမလိုလား၊ ဒီမိုကရေစီကိုကျောခိုင်း နေကြတဲ့ အကြမ်းဖက်သမားတွေကြောင့်ပဲဖြစ်ပါတယ်။
ရွေးကောက်ပွဲ ထိုမှတစ်ဆင့်
လွှတ်တော်နဲ့အစိုးရ
စိုးရိမ်မှုမလွန်ကဲဖို့လည်း လိုပါတယ်။ စိုးရိမ် တိုင်းသာ ရွေးကောက်ပွဲမလုပ်ကြေးဆိုရင် ယခင် ကိုဗစ် - ၁၉ ကို ခက်ခက်ခဲခဲထိန်းချုပ်နေရတဲ့ကာလ အတွင်း ၂၀၂၀ ရွေးကောက်ပွဲပင် ဖြစ်လာစရာ အကြောင်း ရှိမှာမဟုတ်ပါဘူး။ ရွေးကောက်ပွဲ လုပ်ပေးပြီး နိုင်ငံတော်တာဝန် ပြန်လည်လွှဲပြောင်း ပေးဖို့ကို တပ်မတော်က လမ်းပြမြေပုံနဲ့တကွ အစကတည်းက သွားနေတာဖြစ်ပါတယ်။
ခေတ်အဆက်ဆက် တစ်ပါတီတည်းကပဲ လွှမ်းမိုးအုပ်ချုပ်တဲ့ ပုံစံကနေသွေဖည်ပြီး PR စနစ် ကျင့်သုံးဖို့လည်း အများသဘောတူ ဆုံးဖြတ်ပြီးဖြစ် ပါတယ်။ ဆက်လက်အသက်ဝင်နေဆဲ ဖွဲ့စည်းပုံ အခြေခံဥပဒေအရလည်းဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ကလည်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ဖို့ အရည်အချင်းရှိတဲ့ပါတီတွေ၊ ကိုယ်စားလှယ်တွေ ထွက်ပေါ်လာဖို့ အစဉ်မပြတ်ဆောင်ရွက်လျက်ရှိပါ တယ်။ ဥပဒေအရ လွှတ်တော်အစည်းအဝေး အထမြောက်စေမယ့် အခြေအနေကောင်းတွေကို လည်း ခန့်မှန်းလို့ ရနိုင်လောက်ပါတယ်။
ရွေးကောက်ပွဲရှိမှ ရွေးကောက်ပွဲရလဒ်နဲ့အတူ ဥပဒေပြုလွှတ်တော်ဆိုတာဖြစ်လာမယ်၊ ထိုမှ တစ်ဆင့် အစိုးရတစ်ရပ်ဆိုတာ ဖြစ်လာမှာကိုး.. လွှတ်တော်ရှိမှသာ ပြင်စရာရှိတာ ပြင်နိုင်မယ်၊ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ စီးပွားရေး၊ လူမှုရေး၊ ပညာရေးစတဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ပိုပြီးဖြည့်ဆည်းလာနိုင်မှာ ဖြစ်သလို အားလုံးနဲ့ဆိုင်တဲ့ မျှော်လင့်ချက်တွေဟာ လည်း ပြည့်ဝလာမှာဖြစ်ပါတယ်။ ပြည်သူတွေခံစား နေရတဲ့ ဒုက္ခ၊ အနိဋ္ဌာရုံတွေဟာလည်း ရွေးကောက်ပွဲ နဲ့အတူ လျော့ပါးသွားမှာဖြစ်ပါတယ်။
တပ်မတော်အတွက် ထွက်ပေါက်မဟုတ်ပါ
တပ်မတော်ဟာ ပြည်တွင်းလက်နက်ကိုင် အဖျက်သမားများစွာရဲ့ စစ်ရေးထိုးနှက်ချက်တွေကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း တစ်ဖက်ကပြည်သူတွေ တိုင်းရင်း သားတွေလိုချင်တဲ့ ရွေးကောက်ပွဲ၊ ဖက်ဒရယ်ဒီမို ကရေစီစနစ်နဲ့ လူမှုစီးပွားဘဝလိုလားချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ အပြင်းအထန်ကြိုးစားနေရပါ တယ်။ တစ်နည်းအားဖြင့် တည်ငြိမ်အေးချမ်းရေးနဲ့ ရွေးကောက်ပွဲကို သဟဇာတဖြစ်နေအောင် စွန့်စား ထမ်းရွက်နေခြင်းပါပဲ။ မူလအန္တိမရည်မှန်းချက်က ပြည်သူများအကြားအလပ်မရှိ မဲပေးနိုင်ရေး ဖြစ်ခဲ့ ပေမယ့် အကြမ်းဖက်စစ်ရေးထိုးနှက်ချက်တွေ ကြောင့်နဲ့ အချုပ်အခြာအာဏာအပေါ် ဆိုးကျိုး သက်ရောက်မှုတွေကြောင့် မဲပေးနိုင်မယ့် ဧရိယာ ဟာ ထိခိုက်လျော့နည်းလာတဲ့အခြေအနေတွေ ဖြစ်လာရပါတယ်။
ဒီမိုကရေစီကို ကြောက်လန့်ပြီး ရွေးကောက်ပွဲ မလိုလားတဲ့ လက်နက်ကိုင်တွေရဲ့ ရည်ရွယ်ချက်ဟာ စစ်ရေးအရ အကြမ်းဖက်တိုက်ခိုက်ပြီး ရွေးကောက်ပွဲ များ ဖြစ်ပေါ်မလာရေးပါပဲ။ နိုင်ငံရေးနည်းအရ ရေရှည် သွားနိုင်မယ့်နည်းလမ်းကို စစ်ရေးနည်းလမ်းသာ အားပြုတတ်တဲ့ ပညာမဲ့တွေထက် တပ်မတော်က ပိုသိပါတယ်။ ရန်သူဖြစ်စေချင်တဲ့အတိုင်း မဖြစ် အောင် တတ်နိုင်သမျှထိန်းချုပ်ပြီး တပ်မတော်အနေ နဲ့က အခြေခံဥပဒေမူဘောင်၊ NCA မူဘောင်အတွင်း ကပဲ တည်ငြိမ်အေးချမ်းတဲ့ဒေသတွေ တိုးသည်ထက် တိုးလာအောင်နဲ့ လုံခြုံစိတ်ချရတဲ့ဝန်းကျင်တွေ တိုးတက်ဖြစ်ပေါ်လာအောင် ကြိုးစားထမ်းဆောင် နေရတဲ့ အခြေအနေအားလုံးကို လက်ရှိတွေ့မြင်ရမှာ ဖြစ်ပါတယ်။
နောက်တစ်ချက်က တချို့သူတွေ စွပ်စွဲသလို ရွေးကောက်ပွဲဟာ တပ်မတော်အတွက် ထွက်ပေါက် မဟုတ်ဘူးဆိုတဲ့ အချက်ပါပဲ။ လုံးဝမဖြစ်နိုင်တဲ့ ယူဆချက်ပါ။ တပ်မတော်က ရွေးကောက်ပွဲလုပ်ပေး မယ်ဆိုတဲ့ ကတိကဝတ် ပိုမိုခိုင်မာလာတာနဲ့အမျှ ပြည်သူလူထုရဲ့မျှော်လင့်ချက်နဲ့လည်း တစ်စထက် တစ်စ ပိုမိုနီးစပ်လာတာတွေ့ရပါတယ်။ ပြည်သူဘက် က တပ်မတော်ရဲ့တာဝန်ယူမှုအပေါ် ပိုပြီးယုံကြည် လာကြတယ်။ နိုင်ငံအတွက်၊ ပြည်သူအားလုံးအတွက် နိုင်ငံရေးထွက်ပေါက်ကို တပ်မတော်က ဖန်တီးပေး နေခြင်းသာဖြစ်တယ်။ ပြယုဂ်ကောင်းရုံမဟုတ် အနှစ်သာရရှိသော ရွေးကောက်ပွဲသာဖြစ်လိုတယ်။
ရွေးကောက်ပွဲဖြစ်မလာရင်သာ နိုင်ငံအခြေ အနေဟာ ယခုထက်ပိုမိုဆိုးရွားသွားနိုင် ခြေရှိတာကို ပညာရှိသူတိုင်း မြင်နိုင်ပါတယ်။ ပြည်သူတွေဘက်က သာ အဖျက်သမားတွေရဲ့ အပြောနဲ့လုပ်ရပ်အပေါ်မှာ တွေဝေမသွားဘဲ ရွေးကောက်ပွဲကသာ ငါတို့ မျှော်လင့်ချက်၊ ငါတို့မျိုးဆက်တွေရဲ့အနာဂတ်၊ နိုင်ငံ အတွက် ထွက်ပေါက်တစ်ခုအဖြစ် ယုံကြည်ကြစေလို ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲကြီးဖြစ်မြောက်ဖို့ တပ်မတော်နဲ့ပူးပေါင်းပါ၊ စိန်ခေါ်မှုတွေ အခက်အခဲ တွေလည်း မရှိမဟုတ် ရှိပါတယ်။ ရှိသော်လည်း စေတနာမှန်မှန်နဲ့ ပူးပေါင်းဆောင်ရွက်မှု အားကောင်း မယ်ဆိုရင် အားလုံးအတွက် သင့်လျော်မှန်ကန်တဲ့ ရွေးကောက်ပွဲနေ့ရက်တွေက မလွဲဧကန် ပြည်သူ့ထံ ရောက်ရှိလာမှာပဲဖြစ်ပါတယ်။
သို့ပေမယ့် လက်ရှိအချိန်ထိတော့ တည်ငြိမ် အေးချမ်းပြီး လုံခြုံစိတ်ချရတဲ့ဝန်းကျင်ဖြစ်ဖို့ အာမခံ ချက်တွေဟာ စိန်ခေါ်မှုတွေအပြည့်နဲ့ ရှိနေဆဲပါ။ ကြိုးစားရင်ဆိုင်ရင်းနဲ့ပဲ တစ်ခုပြီးတစ်ခု တစ်ဆင့်ပြီး တစ်ဆင့် ဖြေရှင်းသွားမှာဖြစ်တယ်လို့ ကတိပေးပါ တယ်။ ဘယ်လိုအသွင်ကူးပြောင်းမှုမျိုးမှာမဆို ဒရောသောပါးမလုပ်ဘဲ တစ်ဆင့်ပြီးတစ်ဆင့် စနစ် တကျသွားတာက ပိုခိုင်မြဲတယ်။ ပိုပြီးရင့်ကျက်မှု လည်းရှိမယ်ဆိုတာ ကျွန်တော်တို့ ပြည်သူတွေ လည်း သင်ခန်းစာရသင့်သလောက် ရပြီးပါပြီ။
တစ်ခုပါပဲ။ လိုအပ်တာက ပြည်သူအားလုံး ဝိုင်းဝန်းပူးပေါင်းပါဝင်ပေးဖို့ပါပဲ။ နိုင်ငံရေးဆိုတာ ထက် မိမိတို့ရဲ့ စားဝတ်နေရေး မနည်းလုံးပန်းနေရတဲ့ ပြည်သူလူထုအတွင်းမှာ ဒီမိုကရေစီအမြစ်တွယ် အောင် လုပ်ပေးနိုင်မယ့် အခွင့်အလမ်းကို မနားတမ်း ဖမ်းယူဆုပ်ကိုင်ကြပါလို့ မေတ္တာရပ်ခံပါတယ်။ ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့စိတ်ရင်းဆန္ဒအမှန်ကို ဖော်ထုတ်နိုင်ခွင့် အခွင့်အရေးဟာ ရွေးကောက်ပွဲက လွဲ၍ အခြားမရှိပါဘူး။
ဘာပဲဖြစ်ဖြစ် မချောမွေ့လှတဲ့ မြန်မာ့နိုင်ငံရေး ခရီးလမ်းကို အမြန်ချောမွေ့စေလိုတယ်။ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်စေချင်တယ်၊ ငြိမ်းချမ်းသာယာဝပြော စေလိုတယ်၊ စည်းလုံးညီညွတ်စေချင်တယ်ဆိုရင် ယခု တပ်မတော်က ခင်းပေးထားတဲ့ အခင်းအကျင်း မှာ အတူပူးပေါင်းပါဝင်ကြဖို့လိုပါတယ်။ ပါတီတွေ၊ အဖွဲ့အစည်းတွေကလည်း အများအတွက်၊ ပြည်သူ အတွက်၊ နိုင်ငံအတွက်ဆိုတဲ့ ခံယူချက်နဲ့အတူ အန္တရာယ်ကို အတူရင်ဆိုင်ကျော်လွှားကြရပါမယ်။ ပြည်သူအတွက် တာဝန်ထမ်းရမယ်။ ပါတီနိုင်ငံရေး ထက် နိုင်ငံ့အရေးအတွက်ဆိုတဲ့ ခံယူချက်နဲ့ အန္တရာယ် ကိုရင်ဆိုင်ခြင်း၊ စွန့်စားမှုပြုခြင်းက အရည်အချင်းနဲ့ သတ္တိရှိသူများအတွက်သာလျှင် ဖြစ်ပါတယ်။ ။
- Log in to post comments